လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ကလပ်ရဲ့ ပရီးမီးယားလိဂ်ဖလားကို ကာကွယ်ဖို့ ရာသီကုန်အထိ အမှတ် ၈၀ ဝန်းကျင်ရဖို့ လိုလိမ့်မယ်လို့ အန်ဒီ ရောဘတ်ဆန်က ယုံကြည်နေပါတယ်။

လီဗာပူးဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ ၉၇ မှတ်ရရှိခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပေမယ့်လဲ တစ်မှတ်တည်းနဲ့ ဖလားလက်လွှတ်ခဲ့ရဖူးပါတယ်။ ကလပ်ရဲ့ နှစ် ၃၀ ကြာ စောင့်ခဲ့ရတဲ့ ပြည်တွင်းဖလားအောင်မြင်မှုကို နောက်ဆုံးမှာတော့ မနှစ်က ရာသီမှာ အရယူနိုင်ခဲ့ပြီး အသင်းဟာ ၉၉ မှတ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ အမှတ်ပေးဇယား ရပ်တည်မှုတွေအတွင်း ပြိုင်ဘက်တွေက ပိုနီးကပ်နေတာကြောင့် ဒီနှစ် ဖလားပြိုင်ပွဲက အရင်ကထက်ပိုပြီး ပြင်းထန်လိမ့်မယ်လို့ ရောဘတ်ဆန်က မျှော်လင့်ထားတာပါ။

နောက်ဆုံး ၂ ပွဲမှာ လီဗာပူးဟာ ဝက်စ်ဘရွန်း၊ နယူးကာဆယ်တို့နဲ့ သရေကျခဲ့တဲ့အပေါ် ရောဘတ်ဆန်က “အဲ့ဒီ့ကလပ်တွေအပေါ် လေးစားမှု မရှိတာမျိုး မဟုတ်ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်းက အနေအထားနဲ့ဆို ဒီပွဲကို ကျွန်တော်တို့ အနိုင်ရခဲ့မှာပါ။ အဲ့ဒီ့ ၂ ပွဲလုံးမှာ အမှတ်ပြည့်ရခဲ့ရင် အခုချိန် အမှတ်ပေးဇယားက အများကြီး ကွာခြားသွားမှာဖြစ်ပြီး ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဦးဆောင်နိုင်မှာပါ။

ဒါပေမယ့် ဒီရာသီက အရင်နဲ့ လုံးဝမတူတော့ဘူး။ ဖလားစိန်ခေါ်မယ့် အသင်းတွေက ၇ သင်း၊ ၈ သင်းလောက်ရှိတယ်။ တချို့အသင်းတွေရဲ့ ပွဲကျန်တွေကို ကစားလိုက်တာနဲ့ သူတို့က ကျွန်တော်တို့နဲ့ အမှတ်သိပ်ကွာတော့မှာ မဟုတ်ပဲ ကျွန်တော်ပြောခဲ့သလို အတော်များများက ဖလားစိန်ခေါ်ပွဲထဲ ဝင်လာကြမှာပါ။

ဒီရာသီမှာ ဖလားရဖို့ ၉၇ မှတ်၊ ၉၈ မှတ်လောက် လိုမှာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ အမှတ် ၈၀ ဝန်းကျင်ပဲ လိုမှာပါ။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲက ပြင်းထန်ပြီး အသင်းတိုင်းက တစ်သင်းနဲ့တစ်သင်းဆီကနေ အမှတ်တွေ ယူနေကြတယ်။ ကျွန်တော်တို့ပြိုင်ပွဲထဲမှာ ဆက်ရှိနေဖို့လိုပြီး အရင်ကလဲ ကျွန်တော်တို့ဒီလိုပဲ လုပ်နိုင်ခဲ့ပါတယ်။

နောက်ဆုံး ၂ ပွဲက စိတ်ပျက်စရာ ကောင်းခဲ့တယ်။ အထူးသဖြင့် နယူးကာဆယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲပေါ့။ ကျွန်တော်တို့မှာရှိခဲ့တဲ့ အခွင့်အရေးပမာဏကို တညလုံး ကစားရင်တောင် နယူးကာဆယ် ဂိုးသမားက ကျွန်တော်တို့ရဲ့ အခွင့်အရေး အားလုံးကို ကာကွယ်သွားလိမ့်မယ်။

တခါတလေ ဒီလိုပွဲမျိုး ကြုံရတတ်ပါတယ်။ ကံကောင်းစွာနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့တွေ အဲ့လိုပွဲမျိုး အများကြီး မကြုံခဲ့ရဘူး။ အဲ့ညကတော့ ကြုံခဲ့ရတယ်။ အခု ကျွန်တော်တို့တွေ ၂၀၂၁ မှာ အကောင်းဆုံးစတင်ဖို့ပဲ လိုပါတယ်။ ဆက်တိုက်နိုင်ပွဲတွေ ရယူမယ်။ အဝေးကွင်းမှာ အမှတ်တွေပိုရယူပြီး အိမ်ကွင်းမှာ အမှတ်ပြည့် ဆက်ယူနိုင်ဖို့လိုတယ်။

ကျွန်တော်တို့ ဘယ်လိုအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဒါက ကွဲပြားတဲ့ ရာသီတစ်ခုပါပဲ။ ကျွန်တော်တို့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ရာသီမွာ ကလပ္ရဲ႕ ပရီးမီးယားလိဂ္ဖလားကို ကာကြယ္ဖို႔ ရာသီကုန္အထိ အမွတ္ ၈၀ ဝန္းက်င္ရဖို႔ လိုလိမ့္မယ္လို႔ အန္ဒီ ေရာဘတ္ဆန္က ယုံၾကည္ေနပါတယ္။

လီဗာပူးဟာ ၂၀၁၈-၂၀၁၉ ရာသီမွာ ၉၇ မွတ္ရရွိခဲ့ၿပီး တစ္ပြဲသာ ရႈံးနိမ့္ခဲ့ေပမယ့္လဲ တစ္မွတ္တည္းနဲ႔ ဖလားလက္လႊတ္ခဲ့ရဖူးပါတယ္။ ကလပ္ရဲ႕ ႏွစ္ ၃၀ ၾကာ ေစာင့္ခဲ့ရတဲ့ ျပည္တြင္းဖလားေအာင္ျမင္မႈကို ေနာက္ဆုံးမွာေတာ့ မႏွစ္က ရာသီမွာ အရယူႏိုင္ခဲ့ၿပီး အသင္းဟာ ၉၉ မွတ္အထိ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ အမွတ္ေပးဇယား ရပ္တည္မႈေတြအတြင္း ၿပိဳင္ဘက္ေတြက ပိုနီးကပ္ေနတာေၾကာင့္ ဒီႏွစ္ ဖလားၿပိဳင္ပြဲက အရင္ကထက္ပိုၿပီး ျပင္းထန္လိမ့္မယ္လို႔ ေရာဘတ္ဆန္က ေမွ်ာ္လင့္ထားတာပါ။

ေနာက္ဆုံး ၂ ပြဲမွာ လီဗာပူးဟာ ဝက္စ္ဘ႐ြန္း၊ နယူးကာဆယ္တို႔နဲ႔ သေရက်ခဲ့တဲ့အေပၚ ေရာဘတ္ဆန္က “အဲ့ဒီ့ကလပ္ေတြအေပၚ ေလးစားမႈ မရွိတာမ်ိဳး မဟုတ္ေပမယ့္ လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၃ ႏွစ္အတြင္းက အေနအထားနဲ႔ဆို ဒီပြဲကို ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့မွာပါ။ အဲ့ဒီ့ ၂ ပြဲလုံးမွာ အမွတ္ျပည့္ရခဲ့ရင္ အခုခ်ိန္ အမွတ္ေပးဇယားက အမ်ားႀကီး ကြာျခားသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဦးေဆာင္ႏိုင္မွာပါ။

ဒါေပမယ့္ ဒီရာသီက အရင္နဲ႔ လုံးဝမတူေတာ့ဘူး။ ဖလားစိန္ေခၚမယ့္ အသင္းေတြက ၇ သင္း၊ ၈ သင္းေလာက္ရွိတယ္။ တခ်ိဳ႕အသင္းေတြရဲ႕ ပြဲက်န္ေတြကို ကစားလိုက္တာနဲ႔ သူတို႔က ကြၽန္ေတာ္တို႔နဲ႔ အမွတ္သိပ္ကြာေတာ့မွာ မဟုတ္ပဲ ကြၽန္ေတာ္ေျပာခဲ့သလို အေတာ္မ်ားမ်ားက ဖလားစိန္ေခၚပြဲထဲ ဝင္လာၾကမွာပါ။

ဒီရာသီမွာ ဖလားရဖို႔ ၉၇ မွတ္၊ ၉၈ မွတ္ေလာက္ လိုမွာမဟုတ္ဘူးလို႔ ေျပာႏိုင္ပါတယ္။ အမွတ္ ၈၀ ဝန္းက်င္ပဲ လိုမွာပါ။ ဘာလို႔လဲဆိုေတာ့ ၿပိဳင္ပြဲက ျပင္းထန္ၿပီး အသင္းတိုင္းက တစ္သင္းနဲ႔တစ္သင္းဆီကေန အမွတ္ေတြ ယူေနၾကတယ္။ ကြၽန္ေတာ္တို႔ၿပိဳင္ပြဲထဲမွာ ဆက္ရွိေနဖို႔လိုၿပီး အရင္ကလဲ ကြၽန္ေတာ္တို႔ဒီလိုပဲ လုပ္ႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံး ၂ ပြဲက စိတ္ပ်က္စရာ ေကာင္းခဲ့တယ္။ အထူးသျဖင့္ နယူးကာဆယ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲေပါ့။ ကြၽန္ေတာ္တို႔မွာရွိခဲ့တဲ့ အခြင့္အေရးပမာဏကို တညလုံး ကစားရင္ေတာင္ နယူးကာဆယ္ ဂိုးသမားက ကြၽန္ေတာ္တို႔ရဲ႕ အခြင့္အေရး အားလုံးကို ကာကြယ္သြားလိမ့္မယ္။

တခါတေလ ဒီလိုပြဲမ်ိဳး ႀကဳံရတတ္ပါတယ္။ ကံေကာင္းစြာနဲ႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ကြၽန္ေတာ္တို႔ေတြ အဲ့လိုပြဲမ်ိဳး အမ်ားႀကီး မႀကဳံခဲ့ရဘူး။ အဲ့ညကေတာ့ ႀကဳံခဲ့ရတယ္။ အခု ကြၽန္ေတာ္တို႔ေတြ ၂၀၂၁ မွာ အေကာင္းဆုံးစတင္ဖို႔ပဲ လိုပါတယ္။ ဆက္တိုက္ႏိုင္ပြဲေတြ ရယူမယ္။ အေဝးကြင္းမွာ အမွတ္ေတြပိုရယူၿပီး အိမ္ကြင္းမွာ အမွတ္ျပည့္ ဆက္ယူႏိုင္ဖို႔လိုတယ္။

ကြၽန္ေတာ္တို႔ ဘယ္လိုအဆုံးသတ္မလဲဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့။ ဒါက ကြဲျပားတဲ့ ရာသီတစ္ခုပါပဲ။ ကြၽန္ေတာ္တို႔ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။