လီဗာပူးက ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၁-၀ ဖြင့် အရေးနိမ့်ခဲ့ပြီး မန်နေဂျာကလော့ပ်က ပွဲအပြီးမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကိုကော ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုပါ မေးခွန်းထုတ်ခဲ့ပါတယ်။

လီဗာပူးက ဒီပွဲကို အကောင်းဆုံး မစတင်နိုင်ခဲ့ရာက ဒန်နီအင့်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်တယ်။ ခြေပဂိုး ပြန်ယူဖို့ ပွဲချိန် ၈၈ မိနစ်လောက် အချိန်ရပေမယ့်လည်း အသင်းက ပုံစံကောင်းတွေ မပြသနိုင်ခဲ့ဘူး။ ဒီပွဲမှာ ထရန့်ဟာ ဘောလုံးပေးမှု အမှားပေါင်း ၃၈ ကြိမ် လုပ်ခဲ့ပြီး ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ကလော့ပ်က ” ဘာကို စိတ်ပျက်ရလဲဆိုရင် ကျနေ်ာတို့ရဲ့ စတင်မှုကနေ စရမှာပါပဲ။ ဂိုးပေးရတာတင် မဟုတ်ပါဘူး ပွဲကို ချဉ်းကပ်မှုကောပါပဲ။ ဆောက်သမ်တန်ကိုလည်း ဂုဏ်ပြုပါတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ နိုင်ပွဲကို ရသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့နဲ့ ရင်ဆိုင်ကစားမယ်ဆိုရင် ဘာတွေကို ရင်ဆိုင်ရမယ်ဆိုတာကို ကျနေ်ာတို့ အတိအကျ သိပါတယ်။ အံ့သြစရာ မဟုတ်တာတွေကို ကျနေ်ာတို့က အံ့သြသင့်နေတာမျိး မြင်ခဲ့ရတယ်။ ပွဲအစမှာတည်းက ဘောလုံးတွေကို ဆုံးရံှူးနေတယ်။ ဒုံပျံတီထွင်နေတာ မဟုတ်ပါဘူး။ ကျနေ်ာတို့ ပိုကောင်းကောင်းလုပ်သင့်တာပါ။ အစကတည်းက ပွဲကို စိန့်လက်ထဲ ထည့်ပေးပြီး ကစားခဲ့ရတယ်။

စိန့်က အလုပ်တွေ အများကြီး လုပ်ခဲ့သလို ကျနေ်ာတို့ရဲ့ ဆုံးဖြတ်ချက် လုပ်ပုံတွေကလည်း မကောင်းပါဘူး။ ပုံစံကောင်းမှာ မရှိရင် ဒီလို မှားယွင်းမှုတွေ ဖြစ်မှာပါပဲ။ ကျနေ်ာတို့ အခွင့်အရေး ဖန်တီးမှုတွေကို ပိုလုပ်နိုင်သင့်ပါတယ်။

သူတို့က ကစားသမားကောင်းတွေပါ ဒါပေမယ့် ပွဲအစမှာ အဆင်သင့် ဖြစ်မနေဘူး။ သူတို့ ပိုကောင်းခဲ့သင့်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ ဒါကို ကျနော် ဒေါသထွက်နေတယ်ဆိုတာကိုလည်း သူတို့ သိပါတယ်။ ဒီညမှာ ဆာဒီယိုကို ဖျက်ထုတ်မှုကလည်း ပင်နယ်တီ ရသင့်ပါတယ်။ လက်ထိဘောလည်း ရှိခဲ့တယ် ဘာလို့ ပင်နယ်တီ မပေးလဲတော့ ကျနော် မသိပါဘူး။

ဒါက စွမ်းဆောင်ရည်အတွက် ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပင်နယ်တီ ပေးမယ်ဆိုရင် ကျနေ်ာတို့ သရေတစ်မှတ် ရခဲ့နိုင်ပါတယ်။ အခုချိန်မှာတော့ ကျနေ်ာတို့ တုန့်ပြန်မှုတွေ ပြန်လုပ်ပြဖို့ လိုပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ေဆာက္သမ္တန္ကို အေဝးကြင္းမွာ ၁-၀ ျဖင့္ အေရးနိမ့္ခဲ့ျပီး မန္ေနဂ်ာကေလာ့ပ္က ပြဲအျပီးမွာ အသင္းရဲ႕ စြမ္းေဆာင္ရည္ကိုေကာ ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကိုပါ ေမးခြန္းထုတ္ခဲ့ပါတယ္။

လီဗာပူးက ဒီပြဲကို အေကာင္းဆံုး မစတင္ႏုိင္ခဲ့ရာက ဒန္နီအင့္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္တယ္။ ေျခပဂိုး ျပန္ယူဖို႔ ပြဲခ်ိန္ ၈၈ မိနစ္ေလာက္ အခ်ိန္ရေပမယ့္လည္း အသင္းက ပံုစံေကာင္းေတြ မျပသႏုိင္ခဲ့ဘူး။ ဒီပြဲမွာ ထရန္႔ဟာ ေဘာလံုးေပးမႈ အမွားေပါင္း ၃၈ ၾကိမ္ လုပ္ခဲ့ျပီး ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ အမ်ားဆံုးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ကေလာ့ပ္က ” ဘာကို စိတ္ပ်က္ရလဲဆိုရင္ က်ေန္ာတို႔ရဲ႕ စတင္မႈကေန စရမွာပါပဲ။ ဂိုးေပးရတာတင္ မဟုတ္ပါဘူး ပြဲကို ခ်ဥ္းကပ္မႈေကာပါပဲ။ ေဆာက္သမ္တန္ကိုလည္း ဂုဏ္ျပဳပါတယ္။ သူတို႔နဲ႔ ထိုက္တန္တဲ့ ႏုိင္ပြဲကို ရသြားခဲ့တာ ျဖစ္ပါတယ္။

သူတို႔နဲ႔ ရင္ဆိုင္ကစားမယ္ဆိုရင္ ဘာေတြကို ရင္ဆိုင္ရမယ္ဆိုတာကို က်ေန္ာတို႔ အတိအက် သိပါတယ္။ အံ့ၾသစရာ မဟုတ္တာေတြကို က်ေန္ာတို႔က အံ့ၾသသင့္ေနတာမ်ိး ျမင္ခဲ့ရတယ္။ ပြဲအစမွာတည္းက ေဘာလံုးေတြကို ဆံုးရံွဴးေနတယ္။ ဒံုပ်ံတီထြင္ေနတာ မဟုတ္ပါဘူး။ က်ေန္ာတို႔ ပိုေကာင္းေကာင္းလုပ္သင့္တာပါ။ အစကတည္းက ပြဲကို စိန္႔လက္ထဲ ထည့္ေပးျပီး ကစားခဲ့ရတယ္။

စိန္႔က အလုပ္ေတြ အမ်ားၾကီး လုပ္ခဲ့သလို က်ေန္ာတို႔ရဲ႕ ဆံုးျဖတ္ခ်က္ လုပ္ပံုေတြကလည္း မေကာင္းပါဘူး။ ပံုစံေကာင္းမွာ မရွိရင္ ဒီလို မွားယြင္းမႈေတြ ျဖစ္မွာပါပဲ။ က်ေန္ာတို႔ အခြင့္အေရး ဖန္တီးမႈေတြကို ပိုလုပ္ႏိုင္သင့္ပါတယ္။

သူတို႔က ကစားသမားေကာင္းေတြပါ ဒါေပမယ့္ ပြဲအစမွာ အဆင္သင့္ ျဖစ္မေနဘူး။ သူတို႔ ပိုေကာင္းခဲ့သင့္ေပမယ့္ မလုပ္ႏုိင္ခဲ့ဘူး။ ဒါကို က်ေနာ္ ေဒါသထြက္ေနတယ္ဆိုတာကိုလည္း သူတို႔ သိပါတယ္။ ဒီညမွာ ဆာဒီယိုကို ဖ်က္ထုတ္မႈကလည္း ပင္နယ္တီ ရသင့္ပါတယ္။ လက္ထိေဘာလည္း ရွိခဲ့တယ္ ဘာလို႔ ပင္နယ္တီ မေပးလဲေတာ့ က်ေနာ္ မသိပါဘူး။

ဒါက စြမ္းေဆာင္ရည္အတြက္ ဆင္ေျခေပးတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ပင္နယ္တီ ေပးမယ္ဆိုရင္ က်ေန္ာတို႔ သေရတစ္မွတ္ ရခဲ့ႏုိင္ပါတယ္။ အခုခ်ိန္မွာေတာ့ က်ေန္ာတို႔ တုန္႔ျပန္မႈေတြ ျပန္လုပ္ျပဖို႔ လိုပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။