ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပုံမှန်ခြေစွမ်း ပြန်မရသေးတဲ့ ညာအစွန်လူ ထရန့်ဟာ ဆောက်သမ်တန်ပွဲမှာတော့ စိတ်ပျက်ဖွယ် မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ထရန့်ဟာ ဘောလုံးပိုင်ဆိုင်မှု ၃၈ ကြိမ်ထိ ဆုံးရံှူးခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ အမြင့်ဆုံး ဘောလုံးဆုံးရံှူးတဲ့ အရေအတွက် ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ မီလ်နာနဲ့ လူစားလဲခံခဲ့ရတဲ့ ထရန့်ဟာ ပွဲချိန် ၂ မိနစ်တိုင်းမှာ တစ်ကြိမ် ဘောလုံး ဆုံးရံှူးနေခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။

ပွဲအစ ၂ မိနစ်မှာတင် ဒန်နီအင့်ရဲ့ အဆုံးသတ်သွားနိုင်မှုကလည်း ထရန့်ရဲ့ အမှား မကင်းပါဘူး။ ဘောလုံးကို ရှင်းထုတ်ဖို့ ထရန့်က ပျက်ကွက်ခဲ့သလို ဧရိယာထဲကို အင့်ကိုလည်း မကပ်နိုင်ခဲ့ရာက အင်္ဂလန်တိုက်စစ်သမားက အားပျော့တဲ့ သူ့ရဲ့ ဘယ်ခြေနဲ့ အဆုံးသတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က ‘ ဂိုးကို ကာကွယ်မှုက လုပ်နေပါပြီ အဲ့မှာ အသင်းသားတစ်ဦးက ဘောလုံးကို ရှင်းထုတ်ခဲ့ပြီး သူလွဲသွားခဲ့တယ်။ အဲ့လိုကိစ္စတွေက ဖြစ်သွားနိုင်ပါတယ်။ ကျနေ်ာတို့က လူသားတွေပါ အကောင်းဆုံး အခြေအနေ မရှိချိန်မှာ အမှားတွေ လုပ်မိနိုင်ပါတယ်။

တည်ကန်ဘောတွေမှာ သူတို့ ဒီလိုတွေ လုပ်မယ်ဆိုတာကို ကျနေ်ာတို့ သိတယ်။ ဒါကို ဟန့်တားဖို့ကို လွဲချော်ခဲ့တယ်။ ကျနေ်ာတို့ ခုခံနိုင်ခဲ့သင့်တာပါ ‘ ဆိုပြီး မှတ်ချက်ပေးခဲ့တယ်။

ကလော့ပ်က နာမည်တပ် မပြောပေမယ့် လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ကာရေဂါနဲ့ ပေါအင့်တို့က ထရန့်ရဲ့ အမှားဖြစ်တယ်လို့ ထုတ်ပြောခဲ့ကြတယ်။ ကာရေဂါက ထရန့်ရဲ့ နည်းစနစ်အမှားကို ထောက်ပြခဲ့ပြီး ပေါ့အင့်ကတော့ ထရန့်က ပိုကောင်းကောင်း ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။

မနှစ်ကရာသီမှာ ပရီးမီးယာလိဂ် ဂိုးထောက်ပံ့မှု ၁၃ ကြိမ်ထိ လုပ်နိုင်ခဲ့တဲ့ ထရန့်ဟာ ဒီရာသီမှာတော့ ၂ ကြိမ်ပဲ လုပ်ထားနိုင်ပြီး ခြေစွမ်းတည်ငြိမ်ဖို့ အတော်လေး ရုန်းကန်လာရတာ ဖြစ်ပါတယ်။

ZAWGYI

ဒဏ္ရာက ျပန္သက္သာလာျပီးေနာက္ ပံုမွန္ေျခစြမ္း ျပန္မရေသးတဲ့ ညာအစြန္လူ ထရန္႔ဟာ ေဆာက္သမ္တန္ပြဲမွာေတာ့ စိတ္ပ်က္ဖြယ္ မွတ္တမ္းတစ္ခုကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။

ထရန္႔ဟာ ေဘာလံုးပိုင္ဆိုင္မႈ ၃၈ ၾကိမ္ထိ ဆံုးရံွဴးခဲ့တာျဖစ္ျပီး ဒီရာသီ ပရီးမီးယားလိဂ္မွာေတာ့ အျမင့္ဆံုး ေဘာလံုးဆံုးရံွဴးတဲ့ အေရအတြက္ ျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၇၇ မိနစ္မွာ မီလ္နာနဲ႔ လူစားလဲခံခဲ့ရတဲ့ ထရန္႔ဟာ ပြဲခ်ိန္ ၂ မိနစ္တိုင္းမွာ တစ္ၾကိမ္ ေဘာလံုး ဆံုးရံွဴးေနခဲ့တာလို႔လည္း ဆိုႏုိင္ပါတယ္။

ပြဲအစ ၂ မိနစ္မွာတင္ ဒန္နီအင့္ရဲ႕ အဆံုးသတ္သြားႏုိင္မႈကလည္း ထရန္႔ရဲ႕ အမွား မကင္းပါဘူး။ ေဘာလံုးကို ရွင္းထုတ္ဖို႔ ထရန္႔က ပ်က္ကြက္ခဲ့သလို ဧရိယာထဲကို အင့္ကိုလည္း မကပ္ႏုိင္ခဲ့ရာက အဂၤလန္တိုက္စစ္သမားက အားေပ်ာ့တဲ့ သူ႔ရဲ႕ ဘယ္ေျခနဲ႔ အဆံုးသတ္သြားႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္က ‘ ဂိုးကို ကာကြယ္မႈက လုပ္ေနပါျပီ အဲ့မွာ အသင္းသားတစ္ဦးက ေဘာလံုးကို ရွင္းထုတ္ခဲ့ျပီး သူလြဲသြားခဲ့တယ္။ အဲ့လိုကိစၥေတြက ျဖစ္သြားႏုိင္ပါတယ္။ က်ေန္ာတို႔က လူသားေတြပါ အေကာင္းဆံုး အေျခအေန မရွိခ်ိန္မွာ အမွားေတြ လုပ္မိႏုိင္ပါတယ္။

တည္ကန္ေဘာေတြမွာ သူတို႔ ဒီလိုေတြ လုပ္မယ္ဆိုတာကို က်ေန္ာတို႔ သိတယ္။ ဒါကို ဟန္႔တားဖို႔ကို လြဲေခ်ာ္ခဲ့တယ္။ က်ေန္ာတို႔ ခုခံႏုိင္ခဲ့သင့္တာပါ ‘ ဆိုျပီး မွတ္ခ်က္ေပးခဲ့တယ္။

ကေလာ့ပ္က နာမည္တပ္ မေျပာေပမယ့္ လီဗာပူးကစားသမားေဟာင္းေတြျဖစ္တဲ့ ကာေရဂါနဲ႔ ေပါအင့္တို႔က ထရန္႔ရဲ႕ အမွားျဖစ္တယ္လို႔ ထုတ္ေျပာခဲ့ၾကတယ္။ ကာေရဂါက ထရန္႔ရဲ႕ နည္းစနစ္အမွားကို ေထာက္ျပခဲ့ျပီး ေပါ့အင့္ကေတာ့ ထရန္႔က ပိုေကာင္းေကာင္း ကာကြယ္ႏုိင္ခဲ့သင့္တယ္လို႔ ဆိုခဲ့ပါတယ္။

မႏွစ္ကရာသီမွာ ပရီးမီးယာလိဂ္ ဂိုးေထာက္ပံ့မႈ ၁၃ ၾကိမ္ထိ လုပ္ႏုိင္ခဲ့တဲ့ ထရန္႔ဟာ ဒီရာသီမွာေတာ့ ၂ ၾကိမ္ပဲ လုပ္ထားႏုိင္ျပီး ေျခစြမ္းတည္ျငိမ္ဖို႔ အေတာ္ေလး ရုန္းကန္လာရတာ ျဖစ္ပါတယ္။