လီဗာပူးအသင်းဟာ ညက စိန့်မေရီမှာကန်တဲ့ ပွဲမှာ အိမ်ရှင် ဆောက်သမ်တန် အသင်းကို အင့်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ထိုပွဲ မတိုင်ခင် ဝက်စ်ဘရွန်း၊ နယူးကာဆယ်တို့ နဲ့ ပွဲတွေမှာလည်း သရေပွဲတွေသာ ရထားတဲ့ လီဗာပူးအသင်းဟာ ဇယားထိပ်ပိုင်းမှာ ဆက်ကြာနိုင်မယ့် အနေအထား မရှိတော့ပါဘူး။

ပွဲအစ နှစ်မိနစ်မှာတင် အင့်က ဂိုးသွင်းခဲ့တာကြောင့် လီဗာပူးသားတွေ ပြန်တုန့်ပြန်ကြဖို့ ကလော့ပ်က တွန်းခဲ့ပေမယ့် ချန်ပီယံ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုသာ ယူနိုင်သော်လည်း တစ်ပွဲလုံးမှာ ဂိုးပေါက် တစ်ကြိမ်သာ တည့်ခဲ့ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ အသင်းက အထနှေးခဲ့ပေမယ့် နိုင်ပွဲရလောက်တဲ့ အားထုတ်မှုတွေ ဒုတိယပိုင်းမှာ ရှိခဲ့ကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

” ပွဲအစ အဖြစ်က ကျနေ်ာတို့ကို မျက်နှာသာ မပေးခဲ့ဘူး။ ပွဲတွေမှာ အထနှေးရင် ကျနော်တို့ အဆင်မပြေပါဘူး။ ဒုတိယပိုင်းမှာတော့ အသင်း ကစားပုံ တော်တော် ကောင်းလာခဲ့တယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ အရင် နှစ်ပွဲမှာလည်း အခွင့်ကောင်းတွေ ရခဲ့ရသားနဲ့ ဘောလုံးကို ဂိုးပိုက်ထဲ မထည့်နိုင်တာတွေ ရှိခဲ့တယ်။ ဒါက ပြသနာ တစ်ခုပါ။

ကျနေ်ာတို့ အားထည့် ကစားပြီး ချေပဂိုး ရဖို့ ကြိုးစားပေမယ့် ကံမကောင်းစွာပဲ ဂိုး မရခဲ့ဘူး။ ကျနော်တော့ အခွင့်အရေးကောင်းတွေ တချို့ လုပ်နိုင်ခဲ့တယ် ထင်တယ်။ ဒုတိယပိုင်း ကစားပုံနဲ့ ဆို အခု ရလဒ်ထက် ပိုတာနဲ့ ထိုက်တန်ပါတယ်။ ” လို့ ဟန်ဒါဆန်က ဆိုပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ဟန်ဒါဆန် ပြောစကားကို သဘောမတူဘဲ လီဗာပူးဟာ ဒီညမှ စုဖွဲ့မှုကောင်း နေတဲ့ ဆောက်သမ်တန်ကို ဘာပြသနာမှ မပေးနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

” ဂျော်ဒန် ဟန်ဒါဆန်က ဒီပွဲကနေ တစ်ခုခု ရခဲ့သင့်တယ်လို့ ပြောတယ်။ ဒုတိယပိုင်း သူတို့ ကစားတာ ကောင်းခဲ့တယ် ဆိုတယ်။ ကျနော်ကတော့ ဒါကို သဘော မတူပါဘူး။ ပွဲ အချက်အလက်တွေကို ကြည့်လိုက်ရင် လီဗာပူးအသင်းက အများကြီး ပိုကောင်းတယ် ပြောရင် ပြောကြလိမ့်မယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ တုန်းကလည်း အာဆင်နယ်နဲ့ စပါးပွဲမှာ အဲဒီလိုပဲ ပြောခဲ့ကြတာပဲ။ စပါးနဲ့ ယှဉ်ရင် အာဆင်နယ်က ပိုကောင်းခဲ့တယ်ပေါ့။

အသင်း တစ်သင်းက အရင် ဂိုးသွင်းသွားရင် ကျန်ခဲ့တဲ့ အသင်းက ပွဲချိန်အတွင်း ရအောင် ပြန်လှုပ်ရှားရမှာပဲ။ ဘောလုံး ပိုင်ဆိုင်မှုတွေကို သွား တွက်နေလို့ မရဘူး။ ဘောလုံး ယူတာက လီဗာပူး ဆိုပေမယ့် ရှုံးနေတဲ့ အသင်းက ဘောလုံး ပိုနေရမှာပဲလေ။ ဂိုးပေါက် တည့်တာက တစ်ကြိမ် ပဲ လို့ အချက်အလက်တွေက ပြောတယ်။ ဟန်ဒါဆန် တစ်ယောက် ဒီအချက်ကို ဘာလို့ မေ့သွားတာလဲ ကျနော် စဉ်းစား မရဘူး။ ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသငး္ဟာ ညက စိန္႔ေမရီမွာကန္တဲ့ ပြဲမွာ အိမ္ရွင္ ေဆာက္သမ္တန္ အသင္းကို အင့္ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႕ အေရးနိမ့္ခဲ့ရပါတယ္။ ထိုပြဲ မတိုင္ခင္ ၀က္စ္ဘရြန္း၊ နယူးကာဆယ္တို႔ နဲ႕ ပြဲေတြမွာလည္း သေရပြဲေတြသာ ရထားတဲ့ လီဗာပူးအသင္းဟာ ဇယားထိပ္ပိုင္းမွာ ဆက္ၾကာနိုင္မယ့္ အေနအထား မရွိေတာ့ပါဘူး။

ပြဲအစ နွစ္မိနစ္မွာတင္ အင့္က ဂိုးသြင္းခဲ့တာေၾကာင့္ လီဗာပူးသားေတြ ျပန္တုန္႔ျပန္ၾကဖို႔ ကေလာ့ပ္က တြန္းခဲ့ေပမယ့္ ခ်န္ပီယံ အသင္းဟာ ေဘာလံုးပိုင္ဆိုင္မႈသာ ယူနုိင္ေသာ္လည္း တစ္ပြဲလံုးမွာ ဂိုးေပါက္ တစ္ၾကိမ္သာ တည့္ခဲ့ပါတယ္။ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကေတာ့ အသင္းက အထေနွးခဲ့ေပမယ့္ နုိင္ပြဲရေလာက္တဲ့ အားထုတ္မႈေတြ ဒုတိယပိုင္းမွာ ရွိခဲ့ေၾကာင္း ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

” ပြဲအစ အျဖစ္က က်ေန္ာတို႔ကို မ်က္နွာသာ မေပးခဲ့ဘူး။ ပြဲေတြမွာ အထေနွးရင္ က်ေနာ္တို႔ အဆင္မေျပပါဘူး။ ဒုတိယပိုင္းမွာေတာ့ အသင္း ကစားပံု ေတာ္ေတာ္ ေကာင္းလာခဲ့တယ္။ ဒါေပမယ့္ ဂိုးမသြင္းနုိင္ခဲ့ဘူး။ အရင္ နွစ္ပြဲမွာလည္း အခြင့္ေကာင္းေတြ ရခဲ့ရသားနဲ႕ ေဘာလံုးကို ဂိုးပိုက္ထဲ မထည့္နုိင္တာေတြ ရွိခဲ့တယ္။ ဒါက ျပသနာ တစ္ခုပါ။

က်ေန္ာတို႔ အားထည့္ ကစားျပီး ေခ်ပဂိုး ရဖို႔ ၾကိဳးစားေပမယ့္ ကံမေကာင္းစြာပဲ ဂိုး မရခဲ့ဘူး။ က်ေနာ္ေတာ့ အခြင့္အေရးေကာင္းေတြ တခ်ိဳ႕ လုပ္နုိင္ခဲ့တယ္ ထင္တယ္။ ဒုတိယပိုင္း ကစားပံုနဲ႕ ဆို အခု ရလဒ္ထက္ ပိုတာနဲ႕ ထိုက္တန္ပါတယ္။ ” လို႔ ဟန္ဒါဆန္က ဆိုပါတယ္။

လီဗာပူး ကစားသမားေဟာင္းၾကီး ဂ်င္မီ ကာေရဂါကေတာ့ ဟန္ဒါဆန္ ေျပာစကားကို သေဘာမတူဘဲ လီဗာပူးဟာ ဒီညမွ စုဖြဲ႕မႈေကာင္း ေနတဲ့ ေဆာက္သမ္တန္ကို ဘာျပသနာမွ မေပးနိုင္ခဲ့ဘူးလို႔ ေထာက္ျပခဲ့ပါတယ္။

” ေဂ်ာ္ဒန္ ဟန္ဒါဆန္က ဒီပြဲကေန တစ္ခုခု ရခဲ့သင့္တယ္လို႔ ေျပာတယ္။ ဒုတိယပိုင္း သူတို႔ ကစားတာ ေကာင္းခဲ့တယ္ ဆိုတယ္။ က်ေနာ္ကေတာ့ ဒါကို သေဘာ မတူပါဘူး။ ပြဲ အခ်က္အလက္ေတြကို ၾကည့္လိုက္ရင္ လီဗာပူးအသင္းက အမ်ားၾကီး ပိုေကာင္းတယ္ ေျပာရင္ ေျပာၾကလိမ့္မယ္။ ျပီးခဲ့တဲ့ သီတင္းပတ္ေတြ တုန္းကလည္း အာဆင္နယ္နဲ႕ စပါးပြဲမွာ အဲဒီလိုပဲ ေျပာခဲ့ၾကတာပဲ။ စပါးနဲ႕ ယွဥ္ရင္ အာဆင္နယ္က ပိုေကာင္းခဲ့တယ္ေပါ့။

အသင္း တစ္သင္းက အရင္ ဂိုးသြင္းသြားရင္ က်န္ခဲ့တဲ့ အသင္းက ပြဲခ်ိန္အတြင္း ရေအာင္ ျပန္လႈပ္ရွားရမွာပဲ။ ေဘာလံုး ပိုင္ဆိုင္မႈေတြကို သြား တြက္ေနလို႔ မရဘူး။ ေဘာလံုး ယူတာက လီဗာပူး ဆိုေပမယ့္ ရွံဳးေနတဲ့ အသင္းက ေဘာလံုး ပိုေနရမွာပဲေလ။ ဂိုးေပါက္ တည့္တာက တစ္ၾကိမ္ ပဲ လို႔ အခ်က္အလက္ေတြက ေျပာတယ္။ ဟန္ဒါဆန္ တစ္ေယာက္ ဒီအခ်က္ကို ဘာလို႔ ေမ့သြားတာလဲ က်ေနာ္ စဥ္းစား မရဘူး။ ” လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။