မန်နေဂျာ ယာဂင်ကလော့ပ်ဟာ မာနေးဘက်ကို ကာကွယ်ပေးခဲ့ပြီး တိုက်စစ်ကစားသမားဟာ ဒိုင်ဗင်ထိုးတတ်တဲ့သူ မဟုတ်သလို ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ပွဲမှာ မိမိတို့က ပင်နယ်တီ ရခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ ဒန်နီအင့်ရဲ့ အစောပိုင်း သွင်းဂိုးကို ပြန်မချေနိုင်ခြင်းကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရတယ်။ ဒီပွဲမှာ လီဗာပူးရဲ့ ပင်နယ်တီတောင်းဆိုမှု ၂ ကြိမ်က ငြင်းပယ်ခံခဲ့ရပေမယ့်လည်း အသင်းရဲ့ တိုက်စစ်ဟာ အနည်းငယ်သာ ခြိမ်းခြောက်မှုလုပ်နိုင်ခဲ့သလို ပြိုင်ဘက်ဂိုးသမား ဖရေဆာ ဖော်စတာက မပင်းပန်စွာနဲ့ တစ်ကြိမ်သာ ကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

ပထမအကြိမ် ပင်နယ်တီ ဖြစ်နိုင်ခြေမှာတော့ ဝိုင်နယ်ဒန်ရဲ့ ကန်ချက်က ဆောက်သမ်တန်ကစားသမားရဲ့ လက်နဲ့ထိသွားခဲ့တာဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ မာနေးကို ကိုင်လီ ဝေါ်ကာပီတားစ်ရဲ့ စိန်ခေါ်မဖျက်ထုတ်မှုအောက်ကြောင့် ဧရိယာအတွင်း လဲကျသွားခဲ့တာပါ။

မာနေးရဲ့ဖြစ်ရပ်အပေါ် ထောင့်ပေါင်းစုံကကြည့်ပြီး မငြင်းနိုင်အောင် သိသာခဲ့တာ မဟုတ်ပေမယ့် ကလော့ပ်က ဒါက သေချာပေါက် ပင်နယ်တီပဲလို့ ယုံကြည်နေခဲ့ပြီး ဆီနီဂေါ တိုက်စစ်မှူးကို မျက်နှာသာမပေးတဲ့ ဒိုင်တွေကို ဒေါသထွက်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်က “ မာနေးက အကောင်းဆုံး အခြေအနေတွေမှာ ဘောလုံးရခဲ့တာ ဖြစ်ပါတယ်။ မာနေးက ဒိုင်ဗင်ထိုးတယ်လို့ပြောတာက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသပဲ။ သူက သူ့ခြေထောက်ပေါ် သူရပ်နေနိုင်ဖို့ပဲ ကြိုးစားတာပါ။ ဒီပွဲမှာ တခြားအသင်းတွေသာဆို ပင်နယ်တီရမယ့် အခွင့်အရေး ၂ ကြိမ် ဖြစ်နေပါပြီ။

ပထမ လက်ထိဘောမှာ ဘယ်သူကမှ ကျွန်တော့်ကို လာရှင်းပြမလဲဆိုတာ မရှင်းပြဘူးဆိုတာ ကျွန်တော်သိတယ်။ ပြီးတော့ မာနေးကသာ မြက်ခင်းပေါ် လွယ်လွယ် လဲကျခဲ့ရင် ကျွန်တော်တို့ ဒီပွဲနဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပင်နယ်တီတွေ ရနေခဲ့မှာပါ။ ဒါပေမယ့် ဒီည မာနေးကိစ္စအပေါ် အန်ဒရေး မာရီနာ(ကွင်းလယ်ဒိုင်) ရဲ့ ကိုင်တွယ်ခဲ့ပုံက အဆင်ပြေတယ်လို့ ကျွန်တော်မထင်ဘူး။

သူက ဝက်ပရောက်စ်နဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု အားလုံးကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ဖရီးကစ် ပေးရမယ့် အခြေအနေတွေ အများကြီး ရှိခဲ့တယ်။ ဧရိယာထဲမှာ မာနေးလဲကျသွားတဲ့ နောက်ဆုံးဖြစ်ရပ်မှာဆိုရင် ဝေါ်တာ ပီတားစ်က သူ့ဘယ်ခြေနဲ့ နောက်ထပ်တစ်ကြိမ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်။ အဲ့ဒါက နောက်ထပ်ပင်နယ်တီ ရသင့်တဲ့ အခွင့်အရေး တစ်ကြိမ်ပါပဲ။

ကျွန်တော်ရဲ့ လီဗာပူးမန်နေဂျာဘဝ ၅ နှစ်ခွဲကာလအတွင်း ရခဲ့တဲ့ ပင်နယ်တီ အရေအတွက်ထက် ၂ နှစ်အတွင်း ယူနိုက်တက် ပိုပြီးတော့ ရခဲ့တယ်လို့ ပြောနေကြတာကို ကျွန်တော်ကြားတယ်။ ဒါက ကျွန်တော့်အမှားလားဆိုတာ ကျွန်တော်မသိဘူး။ ဒီလို ဘယ်လိုများ ဖြစ်နိုင်သလဲဆိုတာ မစဉ်းစားတတ်တော့ပါဘူး။

အဲ့ဒါက ဆင်ခြေမဟုတ်သလို ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းအောင် လုပ်မပေးနိုင်ပါဘူး။ ဆောက်သမ်တန်ဆီကနေလဲ ဘာကိုမှ ပြန်ဆွဲယူလို့ မရပါဘူး။ ဒါပေမယ့် ဒီအခြေအနေတွေမှာ ကျွန်တော်တို့ တော်တော်လေး ကံမကောင်းခဲ့တာပဲ”လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ မာေနးဘက္ကို ကာကြယ္ေပးခဲ့ၿပီး တိုက္စစ္ကစားသမားဟာ ဒိုင္ဗင္ထိုးတတ္တဲ့သူ မဟုတ္သလို ေဆာက္သမ္တန္ကို ရႈံးခဲ့တဲ့ပြဲမွာ မိမိတို႔က ပင္နယ္တီ ရခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးဟာ ဒန္နီအင့္ရဲ႕ အေစာပိုင္း သြင္းဂိုးကို ျပန္မေခ်ႏုိင္ျခင္းေၾကာင့္ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ရတယ္။ ဒီပြဲမွာ လီဗာပူးရဲ႕ ပင္နယ္တီေတာင္းဆိုမႈ ၂ ႀကိမ္က ျငင္းပယ္ခံခဲ့ရေပမယ့္လည္း အသင္းရဲ႕ တိုက္စစ္ဟာ အနည္းငယ္သာ ၿခိမ္းေျခာက္မႈလုပ္ႏိုင္ခဲ့သလို ၿပိဳင္ဘက္ဂိုးသမား ဖေရဆာ ေဖာ္စတာက မပင္းပန္စြာနဲ႔ တစ္ႀကိမ္သာ ကာကြယ္ခဲ့ရတာျဖစ္ပါတယ္။

ပထမအႀကိမ္ ပင္နယ္တီ ျဖစ္ႏိုင္ေျခမွာေတာ့ ဝိုင္နယ္ဒန္ရဲ႕ ကန္ခ်က္က ေဆာက္သမ္တန္ကစားသမားရဲ႕ လက္နဲ႔ထိသြားခဲ့တာျဖစ္ၿပီး ဒုတိယတစ္ႀကိမ္မွာ မာေနးကို ကိုင္လီ ေဝၚကာပီတားစ္ရဲ႕ စိန္ေခၚမဖ်က္ထုတ္မႈေအာက္ေၾကာင့္ ဧရိယာအတြင္း လဲက်သြားခဲ့တာပါ။

မာေနးရဲ႕ျဖစ္ရပ္အေပၚ ေထာင့္ေပါင္းစုံကၾကည့္ၿပီး မျငင္းႏိုင္ေအာင္ သိသာခဲ့တာ မဟုတ္ေပမယ့္ ကေလာ့ပ္က ဒါက ေသခ်ာေပါက္ ပင္နယ္တီပဲလို႔ ယုံၾကည္ေနခဲ့ၿပီး ဆီနီေဂါ တိုက္စစ္မႉးကို မ်က္ႏွာသာမေပးတဲ့ ဒိုင္ေတြကို ေဒါသထြက္ခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က “ မာေနးက အေကာင္းဆုံး အေျခအေနေတြမွာ ေဘာလံုးရခဲ့တာ ျဖစ္ပါတယ္။ မာေနးက ဒိုင္ဗင္ထိုးတယ္လို႔ေျပာတာက ကမာၻေပၚမွာ အရယ္ရဆုံး ဟာသပဲ။ သူက သူ႔ေျခေထာက္ေပၚ သူရပ္ေနႏိုင္ဖို႔ပဲ ႀကိဳးစားတာပါ။ ဒီပြဲမွာ တျခားအသင္းေတြသာဆို ပင္နယ္တီရမယ့္ အခြင့္အေရး ၂ ႀကိမ္ ျဖစ္ေနပါျပီ။

ပထမ လက္ထိေဘာမွာ ဘယ္သူကမွ ကြၽန္ေတာ့္ကို လာရွင္းျပမလဲဆိုတာ မရွင္းျပဘူးဆိုတာ ကြၽန္ေတာ္သိတယ္။ ၿပီးေတာ့ မာေနးကသာ ျမက္ခင္းေပၚ လြယ္လြယ္ လဲက်ခဲ့ရင္ ကြၽန္ေတာ္တို႔ ဒီပြဲနဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ ပင္နယ္တီေတြ ရေနခဲ့မွာပါ။ ဒါေပမယ့္ ဒီည မာေနးကိစၥအေပၚ အန္ဒေရး မာရီနာ(ကြင္းလယ္ဒိုင္) ရဲ႕ ကိုင္တြယ္ခဲ့ပုံက အဆင္ေျပတယ္လို႔ ကြၽန္ေတာ္မထင္ဘူး။

သူက ဝက္ပေရာက္စ္နဲ႔ ပတ္သက္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈ အားလုံးကို ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဖရီးကစ္ ေပးရမယ့္ အေျခအေနေတြ အမ်ားႀကီး ရွိခဲ့တယ္။ ဧရိယာထဲမွာ မာေနးလဲက်သြားတဲ့ ေနာက္ဆုံးျဖစ္ရပ္မွာဆိုရင္ ေဝၚတာ ပီတားစ္က သူ႔ဘယ္ေျခနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္။ အဲ့ဒါက ေနာက္ထပ္ပင္နယ္တီ ရသင့္တဲ့ အခြင့္အေရး တစ္ႀကိမ္ပါပဲ။

ကြၽန္ေတာ္ရဲ႕ လီဗာပူးမန္ေနဂ်ာဘဝ ၅ ႏွစ္ခြဲကာလအတြင္း ရခဲ့တဲ့ ပင္နယ္တီ အေရအတြက္ထက္ ၂ ႏွစ္အတြင္း ယူႏိုက္တက္ ပိုၿပီးေတာ့ ရခဲ့တယ္လို႔ ေျပာေနၾကတာကို ကြၽန္ေတာ္ၾကားတယ္။ ဒါက ကြၽန္ေတာ့္အမွားလားဆိုတာ ကြၽန္ေတာ္မသိဘူး။ ဒီလို ဘယ္လိုမ်ား ျဖစ္ႏိုင္သလဲဆိုတာ မစဥ္းစားတတ္ေတာ့ပါဘူး။

အဲ့ဒါက ဆင္ေျခမဟုတ္သလို ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္ကို ပိုေကာင္းေအာင္ လုပ္မေပးႏိုင္ပါဘူး။ ေဆာက္သမ္တန္ဆီကေနလဲ ဘာကိုမွ ျပန္ဆြဲယူလို႔ မရပါဘူး။ ဒါေပမယ့္ ဒီအေျခအေနေတြမွာ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလး ကံမေကာင္းခဲ့တာပဲ”လို႔ ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။