လီဗာပူးအသင်းမှာ ဗဟိုခံစစ်မှူးသစ်လိုတယ်လို့ အသင်းနဲ့ နီးစပ်သူတွေက ထောက်ပြနေသလို အသင်းပရိသတ်တွေကလည်း ဒီအပိုင်းမှာ အားမရပေမယ့် အဲ့ကိစ္စ မတိုင်ခင်ကိုပဲ ခေါင်းကိုက်စရာ ပြဿနာ နှစ်ရပ်က ပေါ်ထွက်နေပြီဖြစ်ပါတယ်။

တိုက်စစ်က အဖျားရှုးနေတဲ့ ပြဿနာ

လီဗာပူးတစ်သင်းလုံးမှာ အချက်ပေးသံတွေ ညံလာနေတဲ့ ကိစ္စကတော့ နောက်ဆုံး ၃ ပွဲအတွင်း ရမှတ် ၂ မှတ်ပဲရမှုမှာ တိုက်စစ်ပိုင်း ဂိုးပေါက်ပျောက်မှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့ ၃ ပွဲမှာ သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တဲ့ လီဗာပူးဟာ ဂိုးပေါက် ခြိမ်းခြောက်မှုကလည်း ၇ ကြိမ်ပဲ ရှိခဲ့ပါတယ်။

ဂျိုတာ ဒူးဒဏ်ရာရသွားတာက လီဗာပူးအတွက် ထိခိုက်မှုကြီး ဖြစ်လာခဲ့သလို ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တွဲဘက်နိုင်မှုနဲ့ သွင်းဂိုးအတွက် တာဝန်ယူပေးမှုတွေကလည်း ဆိုးဆိုးရွားရွား ကျဆင်းနေခဲ့တယ်။ မာနေးက ခြမ်းခြောက်မှုတွေကို လုပ်နိုင်နေဆဲဖြစ်ပြီး ဆောက်သမ်တန်ပွဲမှာလည်း ကြိုးစား ရုန်းကန်သွားခဲ့တယ်။

သို့ပေမယ့် ဆာလက်နဲ့ ဖာမင်နိုတို့ ဆိုးဆိုးရွားရွား ဦးတည်ချက်ပျောက်ဆုံးနေတယ်။ နှစ်ဦးလုံးက ဆုံးဖြတ်ချက်တွေ လွဲမှားလွန်းကာ သူတို့ရဲ့ ထိုးဖောက်မှုကလည်း ခုခံရလွယ်ပါတယ်။ အဆုံးသတ်ပိုင်းတွေမှာဆိုရင် ချိတ်ဆက်မှုက အတော်လေး အမှားများနေတာပါ။

ဆောက်သမ်တန်ကို အရေးနိမ့်ခြင်းကို ကလော့ပ်နဲ့ အသင်းပရိသတ်တွေ စိတ်ပျက်နေပေမယ့် အနိုင်ရလောက်အောင်လည်း အသင်းက မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဂိုးပေါက်တည့်မှုကတော့ ပွဲချိန် ၇၅ မိနစ်မှာ မာနေးရဲ့ အားပျော့တဲ့ ကန်ချက်ကြောင့် ရခဲ့တာဖြစ်ပြီး ဖော်စတာ ကာကွယ်သွားနိုင်ခဲ့တယ်။ ဒါဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဂိုးပေါက်တည့်ဖို့ အချိန်အကြာဆုံး ယူရမှု ဖြစ်လာခဲ့တယ်။

ပဲလေစ့်ကို ၇-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူပြီး နောက်ပိုင်း မီနာမီနိုဟာ ၃ ပွဲဆက်တိုက် အရန်စာရင်းမှာတောင် မပါတော့တာကလည်း ထူးခြားလှပါတယ်။

စိုးရိမ်ရလောက်အောင် ခြေစွမ်းကျဆင်းနေတဲ့ ထရန့်

လီဗာပူးရဲ့ လက်ရှိ အညံ့ဆုံး ကစားသမားက ထရန့်ဖြစ်နေပါတယ်။ ဒါကို ကြားရလို့ အသင်းပရိသတ်အချို့ မျက်ခုံးပင့်ကြည့်နိုင်ပေမယ့် အသက် ၂၂ နှစ်အရွယ် ညာအစွန်လူက ဆိုးဆိုးရွားရွားကို ခြေစွမ်းပျက်နေပါတယ်။

ပြီးခဲ့တဲ့လမှာ ခြေသလုံး ကြက်သား ဒဏ်ရာက ပြန်သက်သာလာပြီးတည်းက ထရန့်က ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာပါ။ မနှစ်ကရာသီ ဂိုးထောက်ပံ့မှု ၁၃ ကြိမ်ထိ လုပ်ထားနိုင်တဲ့ ထရန့်ဟာ ဒီရာသီမှာ ၂ ကြိမ်ပဲ လုပ်ထားနိုင်တယ်။ ဝေါပရောက်စ်ရဲ့ ဖြတ်တင်ဘောမှာ အင့်ကို အညှာအတာကင်းကင်း ကစားဖို့ ပျက်ကွက်ခဲ့သူကလည်း ထရန့်ပဲဖြစ်တယ်။

ဒါတင် မကပါဘူး။ စိန့်နဲ့ပွဲမှာ သူ့ရဲ့ ဘောလုံးဆုံးရံှူးမှုက ၃၈ ကြိမ်ထိ ရှိခဲ့ပြီး ဒါက ဒီရာသီ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။ ထရန့်က ယုံကြည်မှုပိုင်းမှာ အံ့အားသင့်ဖွယ်ကောင်းအောင် ကျဆင်းနေတယ်။ ညာခြမ်းတိုက်စစ် တစ်ခုလုံး ကွင်းဆက်ပျောက်နေခဲ့ပြီး ကလော့ပ် အနေနဲ့ ထရန့်ကို စိတ်ဓါတ်ပိုင်း ပိုတိုးတက်လာအောင် ကူညီပေးဖို့ လိုအပ်နေပါပြီ။

ZAWGYI

လီဗာပူးအသင္းမွာ ဗဟိုခံစစ္မွဴးသစ္လိုတယ္လို႔ အသင္းနဲ႔ နီးစပ္သူေတြက ေထာက္ျပေနသလို အသင္းပရိသတ္ေတြကလည္း ဒီအပိုင္းမွာ အားမရေပမယ့္ အဲ့ကိစၥ မတိုင္ခင္ကိုပဲ ေခါင္းကိုက္စရာ ျပႆနာ ႏွစ္ရပ္က ေပၚထြက္ေနျပီျဖစ္ပါတယ္။

တိုက္စစ္က အဖ်ားရႈးေနတဲ့ ျပႆနာ

လီဗာပူးတစ္သင္းလံုးမွာ အခ်က္ေပးသံေတြ ညံလာေနတဲ့ ကိစၥကေတာ့ ေနာက္ဆံုး ၃ ပြဲအတြင္း ရမွတ္ ၂ မွတ္ပဲရမႈမွာ တိုက္စစ္ပိုင္း ဂိုးေပါက္ေပ်ာက္မႈပဲျဖစ္တယ္။ ျပီးခဲ့တဲ့ ၃ ပြဲမွာ သြင္းဂိုး ၁ ဂိုးပဲ ရခဲ့တဲ့ လီဗာပူးဟာ ဂိုးေပါက္ ျခိမ္းေျခာက္မႈကလည္း ၇ ၾကိမ္ပဲ ရွိခဲ့ပါတယ္။

ဂ်ိဳတာ ဒူးဒဏ္ရာရသြားတာက လီဗာပူးအတြက္ ထိခိုက္မႈၾကီး ျဖစ္လာခဲ့သလို ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ တြဲဘက္ႏိုင္မႈနဲ႔ သြင္းဂိုးအတြက္ တာဝန္ယူေပးမႈေတြကလည္း ဆိုးဆိုးရြားရြား က်ဆင္းေနခဲ့တယ္။ မာေနးက ျခမ္းေျခာက္မႈေတြကို လုပ္ႏုိင္ေနဆဲျဖစ္ျပီး ေဆာက္သမ္တန္ပြဲမွာလည္း ၾကိဳးစား ရုန္းကန္သြားခဲ့တယ္။

သို႔ေပမယ့္ ဆာလက္နဲ႔ ဖာမင္ႏိုတို႔ ဆိုးဆိုးရြားရြား ဦးတည္ခ်က္ေပ်ာက္ဆံုးေနတယ္။ ႏွစ္ဦးလံုးက ဆံုးျဖတ္ခ်က္ေတြ လြဲမွားလြန္းကာ သူတို႔ရဲ႕ ထိုးေဖာက္မႈကလည္း ခုခံရလြယ္ပါတယ္။ အဆံုးသတ္ပိုင္းေတြမွာဆိုရင္ ခ်ိတ္ဆက္မႈက အေတာ္ေလး အမွားမ်ားေနတာပါ။

ေဆာက္သမ္တန္ကို အေရးနိမ့္ျခင္းကို ကေလာ့ပ္နဲ႔ အသင္းပရိသတ္ေတြ စိတ္ပ်က္ေနေပမယ့္ အႏုိင္ရေလာက္ေအာင္လည္း အသင္းက မစြမ္းေဆာင္ႏုိင္ခဲ့ဘူး။ ဂိုးေပါက္တည့္မႈကေတာ့ ပြဲခ်ိန္ ၇၅ မိနစ္မွာ မာေနးရဲ႕ အားေပ်ာ့တဲ့ ကန္ခ်က္ေၾကာင့္ ရခဲ့တာျဖစ္ျပီး ေဖာ္စတာ ကာကြယ္သြားႏုိင္ခဲ့တယ္။ ဒါဟာ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္း ဂိုးေပါက္တည့္ဖို႔ အခ်ိန္အၾကာဆံုး ယူရမႈ ျဖစ္လာခဲ့တယ္။

ပဲေလစ့္ကို ၇-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ပထမဆံုး ပရီးမီးယားလိဂ္ဂိုးကို သြင္းယူျပီး ေနာက္ပိုင္း မီနာမီႏိုဟာ ၃ ပြဲဆက္တိုက္ အရန္စာရင္းမွာေတာင္ မပါေတာ့တာကလည္း ထူးျခားလွပါတယ္။

စိုးရိမ္ရေလာက္ေအာင္ ေျခစြမ္းက်ဆင္းေနတဲ့ ထရန္႔

လီဗာပူးရဲ႕ လက္ရွိ အညံ့ဆံုး ကစားသမားက ထရန္႔ျဖစ္ေနပါတယ္။ ဒါကို ၾကားရလို႔ အသင္းပရိသတ္အခ်ို႔ မ်က္ခံုးပင့္ၾကည့္ႏုိင္ေပမယ့္ အသက္ ၂၂ ႏွစ္အရြယ္ ညာအစြန္လူက ဆိုးဆိုးရြားရြားကို ေျခစြမ္းပ်က္ေနပါတယ္။

ျပီးခဲ့တဲ့လမွာ ေျခသလံုး ၾကက္သား ဒဏ္ရာက ျပန္သက္သာလာျပီးတည္းက ထရန္႔က ပံုမွန္ေျခစြမ္း ေပ်ာက္ဆံုးေနတာပါ။ မႏွစ္ကရာသီ ဂိုးေထာက္ပံ့မႈ ၁၃ ၾကိမ္ထိ လုပ္ထားႏုိင္တဲ့ ထရန္႔ဟာ ဒီရာသီမွာ ၂ ၾကိမ္ပဲ လုပ္ထားႏုိင္တယ္။ ေဝါပေရာက္စ္ရဲ႕ ျဖတ္တင္ေဘာမွာ အင့္ကို အညွာအတာကင္းကင္း ကစားဖို႔ ပ်က္ကြက္ခဲ့သူကလည္း ထရန္႔ပဲျဖစ္တယ္။

ဒါတင္ မကပါဘူး။ စိန္႔နဲ႔ပြဲမွာ သူ႔ရဲ႕ ေဘာလံုးဆံုးရံွဴးမႈက ၃၈ ၾကိမ္ထိ ရွိခဲ့ျပီး ဒါက ဒီရာသီ ပရီးမီးယားလိဂ္မွာ အျမင့္ဆံုး ျဖစ္ပါတယ္။ ထရန္႔က ယံုၾကည္မႈပိုင္းမွာ အံ့အားသင့္ဖြယ္ေကာင္းေအာင္ က်ဆင္းေနတယ္။ ညာျခမ္းတိုက္စစ္ တစ္ခုလံုး ကြင္းဆက္ေပ်ာက္ေနခဲ့ျပီး ကေလာ့ပ္ အေနနဲ႔ ထရန္႔ကို စိတ္ဓါတ္ပိုင္း ပိုတိုးတက္လာေအာင္ ကူညီေပးဖို႔ လိုအပ္ေနပါျပီ။