မန်ယူနည်းပြ ဆိုးရှားဟာ လာမည့်ရာသီသစ်မှာ ကလပ်ကို ပြန်လည်တည်ဆောက်မှုကြီးတွေ ပြုလုပ်သွားတော့မမှာဖြစ်ပြီး လူငယ်ကစားသမားများကို နေရာပေးသွားမှာပါ။

လူငယ်ကစားသမားမျာစွာကို စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ တူရကီကလပ် ဖီနာဘာချီကလပ်မှ ဆယ်ကျော်သက်ကွင်းလယ်လူ အီလဖ် အယ်မက်စ်ကို ခေါ်ယူဖို့ရာ စောင့်ကြည်နေတယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

အယ်မက်စ်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် ဥရောပ၏အထွန်းတောက်ဆုံး လူငယ်ကစားသမားတွေထဲ တစ်ဦးအပါအ၀င်ဖြစ်လာခဲ့တယ်။ မက်ဆီဒိုးနီးယား ကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံအသင်းအတွက် ၁၀ ပွဲ ကစားပေးထားနိုင်ပါတယ်။

အယ်မက်စ်ကို စောင့်ကြည့်နေတာက မန်ယူတစ်သင်းထဲ မဟုတ်ပဲ မြို့ခံပြိုင်ဘက် မန်စီးတီး နှင့် စပါးစ်အသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည်နေပါတယ်။ လူငယ်ကစားသမားတွေကို အခြေပြုကာ ဆိုးရှား ပြန်တည်ဆောက်မယ့် မန်ယူအသင်းအတွက်တော့ သူက စိတ်လှုပ်ရှားစရာ ကစားသမားလည်းဖြစ်တယ်။

အယ်မက်စ်သည် ဖီနာဘာချီအသင်းမှာ ကျောနံပါတ် ၉၉ ကိုဝတ်ဆင်ကာ ကစားနေတဲ့ အယ်မက်စ်ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ အနည်းငယ်ပဲ ပေးရမယ်လို့ သိထားရပါတယ်။