ဆောက်သမ်တန်နဲ့ပွဲမှာ ကွင်းလယ်လူ သီယာဂိုက မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးကွင်းလယ်က ပုံမှန် အနေအထားမျိုး မဟုတ်ဘဲ အရင်ပွဲတွေမှာ မြင်ခဲ့ရတဲ့ ကွင်းလယ်လောက်တောင် တောင့်တင်းမှု မရှိခဲ့ပါဘူး။ ဒါက ဘာဖြစ်လို့ပါလဲ?

ဒါတွေအားလုံးရဲ့ အစက လီဗာပူးရဲ့ ဗဟိုခံစစ်ပိုင်း ပြတ်လပ်မှုကနေ စတင်လာပါတယ်။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာရနေတဲ့နောက်ပိုင်း လီဗာပူးခံစစ်မှာ ဘောလုံးကိုင်ကစားနိုင်တဲ့ ခံစစ်မှူး မရှိတော့သလို တိုက်စစ်ကို ဘောလုံးဖြန့်ဝေရာမှာ ထူးချွန်တဲ့ မာတစ်ကိုယ်တိုင်ကလည်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတယ်။

သူတို့ သုံးဦးလုံး မပါချိန်မှာ လီဗာပူးက တည်ကန်ဘောတွေမှာ ဦးတည်ချက်ထား ခံလာရပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ရိုင်းစ်၊ နယူးကာဆယ်နဲ့ပွဲတွေမှာ နက်ဖီးလစ်တို့ ပါဝင်ကစားခဲ့ကြပြီး ကလော့ပ် လိုချင်တဲ့ ခံစစ်ကနေ ဘောလုံးဖြန့်ဝေနိုင်စွမ်းတွေ မပြနိုင်ခဲ့ဘူး။ ဆောက်သမ်တန်ပွဲမှာတော့ ကလော့ပ်က သူ့နည်းစနစ်ကို ကျေညက်နေတဲ့ ဟန်ဒါဆန်ကို ဗဟိုခံစစ်နေရာက သုံးခဲ့ပါတယ်။

ဖာဘင်ညိုနဲ့ ဟန်ဒါဆန် ခံစစ်ကြောင်းက သူတို့ လုပ်ရမယ့် တာဝန်တွေကို ကျေခဲ့ပါတယ်။ ဒါပေမယ့်လို့ တာဝန်ကျေတာနဲ့ ကစားကွက်အတွက် လိုအပ်တဲ့ တိုက်စစ် ပံ့ပိုးမှုတွေ လုပ်ပေးနိုင်စွမ်းက မတူညီပါဘူး။

လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ်အတွဲက ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ သီယာဂိုတို့ ဖြစ်လာမှာပါ။ ဒါပေမယ့် သူတို့ သုံးယောက်တွဲပြီး ကစားခွင့်ရခဲ့တဲ့ တစ်ပွဲတည်းသော ပွဲစဉ်က အဲဗာတန်နဲ့ပွဲ ဖြစ်ပါတယ်။ ကွင်းလယ်နှစ်ဦးက ခံစစ်မှာ သက်ရောက်မှု ရှိပေမယ့် ကလော့ပ်ရဲ့ ဗဟိုခံစစ်သမား စစ်စစ်တွေလို တိုက်စစ်ကို ဘောလုံးဖြန့်ထုတ်ပေးမှုနဲ့ တည်ကန်ဘောမှာ အမိန့်ပေးနိုင်စွမ်းတွေက လိုအပ်ချက်ထိ မရောက်ခဲ့ပါဘူး။

ခံစစ်မှာ ကွင်းလယ်နှစ်ဦးကို ပို့ထားရတဲ့ အနေအထားမှာ ကလော့ပ်က သီယာဂိုကို ထုတ်သုံးလာရတယ်။ ကွင်းလယ်နှစ်ဦးကို ခံစစ်အတွက် သုံးခဲ့ရပြီဖြစ်လို့ ကလော့ပ်မှာ ရွေးချယ်စရာမရှိ ဒဏ်ရာက ပြန်သက်သာလာတဲ့ သီယာဂိုကို စွန့်စားထည့်သုံးလာရတယ်။

ဒူးဒဏ်ရာကနေ ပြန်သက်သာလာတဲ့ သီယာဂိုက ပွဲအတွင်း သူ့ရဲ့ ရစ်သမ်ကို ရှာနေဆဲမှာပဲ ခပ်စောစော အဝါကဒ် ပြသခံခဲ့ရတယ်။ ဒါဟာ ခံစစ်တန်းကို ကာကွယ်သူအဖြစ်ကော ဘောလုံးဖြန့်ဝေသူအဖြစ်ပါ တာဝန်ယူရမယ့်သူ တစ်ဦးအတွက် သိပ်ကြီးတဲ့ ဖိအားပဲ ဖြစ်ပါတယ်။ အမှားအယွင်း ထပ်ဖြစ်ရင် သူက ကွင်းထဲက အနီကဒ်ဖြင့် ထွက်ခွာသွားရနိုင်တယ်။

ကွင်းလယ်ခံစစ်ကြောင်းမှာ ဘောလုံးအဖျက်ပိုင်းကို အသားကျနေတဲ့ ဟန်ဒါဆန် (သို့) ဖာဘင်ညိုကို ထားပြီး သီယာဂိုကို အရှေ့သို့ ၁၀ ကိုက်စာလောက် ပိုတက်ကစားစေခြင်းက လီဗာပူးရဲ့ ဖန်တီးမှုကို တိုးတက်လာစေနိုင်ပါတယ်။ ဒါပေမယ့်လို့ ဗဟိုခံစစ်မှာ ရွေးချယ်စရာ မရှိတာနဲ့ ခပ်စောစောမှာ အဝါကဒ်ပြခံလိုက်ရတာက သီယာဂိုရဲ့ လုပ်နိုင်စွမ်းတွေကို ထိခိုက်စေခဲ့တယ်။

သီယာဂို၊ ဝိုက်နယ်ဒမ်ကို တွဲပေးပြီး ချိန်ဘာလိန်ကို ရှေ့တင်ထားတဲ့ ကွင်းလယ်က အလုပ်မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် အမြင့်ဘောကို ပိုင်ပိုင်နိုင်နိုင် ရှင်းထုတ်ပေးမယ့် နေရာမှာ အရပ်အမောင်း ပိုကောင်းတဲ့ အသင်းဖော် မရှိဘဲ သီယာဂိုလို အရပ်အမောင်း အနည်းငယ် ပုတဲ့သူက တာဝန်ယူရတာက second ball ပြန်ယူမှုအတွက်လည်း အကူအညီ မဖြစ်ဘူး။

စက်သွားလေးတစ်ခုမှာ အထစ်အငေါ့တွေ ရှိလာတဲ့အခါ ယန္တရားကြီး တစ်ခုလုံးက မသွက်လက်နိုင်တော့ပါဘူး။ လီဗာပူးမှာ ဗဟိုခံစစ်သမား စစ်စစ် လိုအပ်နေခဲ့တာ မြင်သားပြီး အဆိုပါ ခံစစ်သမားက အသင်းရဲ့ ခံစစ်က လိုအပ်နေတဲ့ ခံစစ်ပိုင်း နည်းနာညွှန်ပြမှုတွေမှာ ဦးဆောင်ပါဝင်ရမှာဖြစ်တယ်။

အဲ့လိုဖြစ်လာလို့ ကွင်းလယ်ခံစစ်မှာ ဟန်ဒါဆန်ကို ပြန်ထားပြီး သူ့ရဲ့ ရှေ့မှာ သီယာဂိုကို ထားကစားနိုင်မယ်ဆိုရင် လီဗာပူးရဲ့ second ball ရယူနိုင်စွမ်းနဲ့ ဘောလုံး ဖြန့်ဝေနိုင်စွမ်းတွေက ဆောက်သမ်တန်ပွဲရဲ့ လိုအပ်ချက်တွေကို ဖာထေးနိုင်စွမ်း ရှိနေမယ်လို့ သုံးသပ်ရတာ ဖြစ်ပါတယ်။

ZAWGYI

ေဆာက္သမ္တန္နဲ႔ပြဲမွာ ကြင္းလယ္လူ သီယာဂိုက မိနစ္ ၉၀ အျပည့္ ပါဝင္ကစားခဲ့ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးကြင္းလယ္က ပံုမွန္ အေနအထားမ်ိဳး မဟုတ္ဘဲ အရင္ပြဲေတြမွာ ျမင္ခဲ့ရတဲ့ ကြင္းလယ္ေလာက္ေတာင္ ေတာင့္တင္းမႈ မရွိခဲ့ပါဘူး။ ဒါက ဘာျဖစ္လုိ႔ပါလဲ?

ဒါေတြအားလံုးရဲ႕ အစက လီဗာပူးရဲ႕ ဗဟိုခံစစ္ပိုင္း ျပတ္လပ္မႈကေန စတင္လာပါတယ္။ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ဒဏ္ရာရေနတဲ့ေနာက္ပိုင္း လီဗာပူးခံစစ္မွာ ေဘာလံုးကိုင္ကစားႏုိင္တဲ့ ခံစစ္မွဴး မရွိေတာ့သလို တိုက္စစ္ကို ေဘာလံုးျဖန္႔ေဝရာမွာ ထူးခၽြန္တဲ့ မာတစ္ကိုယ္တိုင္ကလည္း ဒဏ္ရာျပႆနာနဲ႔ ရုန္းကန္ေနရတယ္။

သူတို႔ သံုးဦးလံုး မပါခ်ိန္မွာ လီဗာပူးက တည္ကန္ေဘာေတြမွာ ဦးတည္ခ်က္ထား ခံလာရပါတယ္။ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ရိုင္းစ္၊ နယူးကာဆယ္နဲ႔ပြဲေတြမွာ နက္ဖီးလစ္တို႔ ပါဝင္ကစားခဲ့ၾကျပီး ကေလာ့ပ္ လိုခ်င္တဲ့ ခံစစ္ကေန ေဘာလံုးျဖန္႔ေဝႏုိင္စြမ္းေတြ မျပႏုိင္ခဲ့ဘူး။ ေဆာက္သမ္တန္ပြဲမွာေတာ့ ကေလာ့ပ္က သူ႔နည္းစနစ္ကို ေက်ညက္ေနတဲ့ ဟန္ဒါဆန္ကို ဗဟိုခံစစ္ေနရာက သံုးခဲ့ပါတယ္။

ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ ခံစစ္ေၾကာင္းက သူတို႔ လုပ္ရမယ့္ တာဝန္ေတြကို ေက်ခဲ့ပါတယ္။ ဒါေပမယ့္လို႔ တာဝန္ေက်တာနဲ႔ ကစားကြက္အတြက္ လိုအပ္တဲ့ တိုက္စစ္ ပံ့ပိုးမႈေတြ လုပ္ေပးႏုိင္စြမ္းက မတူညီပါဘူး။

လီဗာပူးရဲ႕ အေကာင္းဆံုး ကြင္းလယ္အတြဲက ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ သီယာဂိုတို႔ ျဖစ္လာမွာပါ။ ဒါေပမယ့္ သူတို႔ သံုးေယာက္တြဲျပီး ကစားခြင့္ရခဲ့တဲ့ တစ္ပြဲတည္းေသာ ပြဲစဥ္က အဲဗာတန္နဲ႔ပြဲ ျဖစ္ပါတယ္။ ကြင္းလယ္ႏွစ္ဦးက ခံစစ္မွာ သက္ေရာက္မႈ ရွိေပမယ့္ ကေလာ့ပ္ရဲ႕ ဗဟိုခံစစ္သမား စစ္စစ္ေတြလို တိုက္စစ္ကို ေဘာလံုးျဖန္႔ထုတ္ေပးမႈနဲ႔ တည္ကန္ေဘာမွာ အမိန္႔ေပးႏုိင္စြမ္းေတြက လိုအပ္ခ်က္ထိ မေရာက္ခဲ့ပါဘူး။

ခံစစ္မွာ ကြင္းလယ္ႏွစ္ဦးကို ပို႔ထားရတဲ့ အေနအထားမွာ ကေလာ့ပ္က သီယာဂိုကို ထုတ္သံုးလာရတယ္။ ကြင္းလယ္ႏွစ္ဦးကို ခံစစ္အတြက္ သံုးခဲ့ရျပီျဖစ္လို႔ ကေလာ့ပ္မွာ ေရြးခ်ယ္စရာမရွိ ဒဏ္ရာက ျပန္သက္သာလာတဲ့ သီယာဂိုကို စြန္႔စားထည့္သံုးလာရတယ္။

ဒူးဒဏ္ရာကေန ျပန္သက္သာလာတဲ့ သီယာဂိုက ပြဲအတြင္း သူ႔ရဲ႕ ရစ္သမ္ကို ရွာေနဆဲမွာပဲ ခပ္ေစာေစာ အဝါကဒ္ ျပသခံခဲ့ရတယ္။ ဒါဟာ ခံစစ္တန္းကို ကာကြယ္သူအျဖစ္ေကာ ေဘာလံုးျဖန္႔ေဝသူအျဖစ္ပါ တာဝန္ယူရမယ့္သူ တစ္ဦးအတြက္ သိပ္ၾကီးတဲ့ ဖိအားပဲ ျဖစ္ပါတယ္။ အမွားအယြင္း ထပ္ျဖစ္ရင္ သူက ကြင္းထဲက အနီကဒ္ျဖင့္ ထြက္ခြာသြားရႏုိင္တယ္။

ကြင္းလယ္ခံစစ္ေၾကာင္းမွာ ေဘာလံုးအဖ်က္ပိုင္းကို အသားက်ေနတဲ့ ဟန္ဒါဆန္ (သို႔) ဖာဘင္ညိဳကို ထားျပီး သီယာဂိုကို အေရွ႔သို႔ ၁၀ ကိုက္စာေလာက္ ပိုတက္ကစားေစျခင္းက လီဗာပူးရဲ႕ ဖန္တီးမႈကို တိုးတက္လာေစႏုိင္ပါတယ္။ ဒါေပမယ့္လို႔ ဗဟိုခံစစ္မွာ ေရြးခ်ယ္စရာ မရွိတာနဲ႔ ခပ္ေစာေစာမွာ အဝါကဒ္ျပခံလိုက္ရတာက သီယာဂိုရဲ႕ လုပ္ႏုိင္စြမ္းေတြကို ထိခုိက္ေစခဲ့တယ္။

သီယာဂို၊ ဝိုက္နယ္ဒမ္ကို တြဲေပးျပီး ခ်ိန္ဘာလိန္ကို ေရွ႔တင္ထားတဲ့ ကြင္းလယ္က အလုပ္မျဖစ္ခဲ့ပါဘူး။ အထူးသျဖင့္ အျမင့္ေဘာကို ပိုင္ပိုင္ႏုိင္ႏုိင္ ရွင္းထုတ္ေပးမယ့္ ေနရာမွာ အရပ္အေမာင္း ပိုေကာင္းတဲ့ အသင္းေဖာ္ မရွိဘဲ သီယာဂိုလို အရပ္အေမာင္း အနည္းငယ္ ပုတဲ့သူက တာဝန္ယူရတာက second ball ျပန္ယူမႈအတြက္လည္း အကူအညီ မျဖစ္ဘူး။

စက္သြားေလးတစ္ခုမွာ အထစ္အေငါ့ေတြ ရွိလာတဲ့အခါ ယႏၱရားၾကီး တစ္ခုလံုးက မသြက္လက္ႏုိင္ေတာ့ပါဘူး။ လီဗာပူးမွာ ဗဟိုခံစစ္သမား စစ္စစ္ လိုအပ္ေနခဲ့တာ ျမင္သားျပီး အဆိုပါ ခံစစ္သမားက အသင္းရဲ႕ ခံစစ္က လိုအပ္ေနတဲ့ ခံစစ္ပိုင္း နည္းနာညႊန္ျပမႈေတြမွာ ဦးေဆာင္ပါဝင္ရမွာျဖစ္တယ္။

အဲ့လိုျဖစ္လာလို႔ ကြင္းလယ္ခံစစ္မွာ ဟန္ဒါဆန္ကို ျပန္ထားျပီး သူ႔ရဲ႕ ေရွ႔မွာ သီယာဂိုကို ထားကစားႏုိင္မယ္ဆိုရင္ လီဗာပူးရဲ႕ second ball ရယူႏုိင္စြမ္းနဲ႔ ေဘာလံုး ျဖန္႔ေဝႏုိင္စြမ္းေတြက ေဆာက္သမ္တန္ပြဲရဲ႕ လိုအပ္ခ်က္ေတြကို ဖာေထးႏုိင္စြမ္း ရွိေနမယ္လို႔ သံုးသပ္ရတာ ျဖစ္ပါတယ္။