လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက်ထဲမှာ လူသစ်ခေါ်ယူဖို့ ကိစ္စကို တံခါးတစ်ချပ် ဖွင့်လိုက်ပြီဖြစ်ပါတယ်။ အသင်းက အရင်ကလို လုံးဝကြီး ငြင်းဆန်တာမျိုး မဟုတ်တော့ဘဲ မှန်ကန်တဲ့ ခံစစ်သမားကို ခေါ်ယူခွင့်ရမယ်ဆိုရင် ခေါ်ယူသွားဖို့အတွက် အဆင်သင့် ရှိနေပါမယ်။ ဒါပေမယ့်လို့ မကိုက်ညီဘူးထင်ရင်လည်း ဇန်နဝါရီ ဈေးကွက်ထဲ ဝင်မှာ မဟုတ်ပါဘူး။

ဇန်နဝါရီ ဈေးကွက်နဲ့ ပက်သက်ပြီး လီဗာပူး ရဲ့ အစီအစဉ် (၄) ရပ်ကို ဖော်ပြပါမယ်။ ဒီအချက်တွေက လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Dominic King နဲ့ James Pearce တို့က ဖော်ပြသွားတာ ဖြစ်ပါတယ်။

– လီဗာပူးအသင်းဟာ ဒီလထဲမှာ ခံစစ်သမားသစ် ခေါ်ယူဖို့ဆိုရင် မှန်ကန်တဲ့ ဈေးနှုန်းဖြစ်ဖို့နဲ့ ကာလရှည်အတွက် အဆင်ပြေနိုင်တဲ့ ကစားသမားဖြစ်ဖို့ကလွဲရင် စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အသင်းအတွက် ရေရှည်အားကိုးရမယ့် ကကစားသမားကိုပဲ ခေါ်ယူလိုပါတယ်။

– ဘော့မန်းကိစ္စကို လီဗာပူးသတင်းထောက်တွေက ကလပ်ရဲ့ တာဝန်ယူရှိသူတွေနား မေးမြန်းမှုတွေ လုပ်ခဲ့ကြပါတယ်။ လုံးဝ ဖြစ်နိုင်ချေမရှိတဲ့ အပြောင်းအရွှေ့ဖြစ်ပါတယ်။

– လောလောဆယ်မှာ လီဗာပူးက ဈေးကွက်ထဲကနေ ခံစစ်သမားတွေကို စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။ ကလပ်စောင့်ကြည့်တဲ့ လူငယ်တွေက အလားအလာကောင်းသလို တန်ကြေးက ကြီးမားနေပါတယ်။ အငှားခေါ်ယူဖို့ကိုလည်း စဉ်းစားမှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ခံစစ်သမားကို အပြီးသတ် ခေါ်ယူဖို့က အားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်နဲ့ သူ့ရဲ့ ကင်းထောက်တွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

– ဖြစ်နိုင်မယ်ဆိုရင်တော့ လီဗာပူးအသင်းက ဇန်နဝါရီမှာ ငွေလုံးဝ မသုံးဘဲ လာမယ့် နွေရာသီမှ ကစားသမားခေါ်ယူမှု လုပ်ဆောင်ဖို့ အစီအစဉ်ရှိပါတယ်။ သိပ်ကောင်းတဲ့ အခွင့်အရေးဆိုရင်တော့ လီဗာပူးက စဉ်းစားသွားမှာပါ။ ဇန်နဝါရီမှာ ခေါ်ယူတဲ့ ကစားသမားသစ်က အသင်းမှာ ရှိနေယုံလောက်အတွက် မဟုတ်ဘဲ အသင်းရဲ့ ပွဲနေ့တွေအတွက် အကျိုးဖြစ်စေမယ့်သူကို ကလပ်ဘက်က အလိုရှိပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဇန္နဝါရီေစ်းကြက္ထဲမွာ လူသစ္ေခၚယူဖို႔ ကိစၥကို တံခါးတစ္ခ်ပ္ ဖြင့္လိုက္ျပီျဖစ္ပါတယ္။ အသင္းက အရင္ကလို လံုးဝၾကီး ျငင္းဆန္တာမ်ိဳး မဟုတ္ေတာ့ဘဲ မွန္ကန္တဲ့ ခံစစ္သမားကို ေခၚယူခြင့္ရမယ္ဆိုရင္ ေခၚယူသြားဖို႔အတြက္ အဆင္သင့္ ရွိေနပါမယ္။ ဒါေပမယ့္လို႔ မကိုက္ညီဘူးထင္ရင္လည္း ဇန္နဝါရီ ေစ်းကြက္ထဲ ဝင္မွာ မဟုတ္ပါဘူး။

ဇန္နဝါရီ ေစ်းကြက္နဲ႔ ပက္သက္ျပီး လီဗာပူး ရဲ႕ အစီအစဥ္ (၄) ရပ္ကို ေဖာ္ျပပါမယ္။ ဒီအခ်က္ေတြက လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ Dominic King နဲ႔ James Pearce တို႔က ေဖာ္ျပသြားတာ ျဖစ္ပါတယ္။

– လီဗာပူးအသင္းဟာ ဒီလထဲမွာ ခံစစ္သမားသစ္ ေခၚယူဖို႔ဆိုရင္ မွန္ကန္တဲ့ ေစ်းႏႈန္းျဖစ္ဖို႔နဲ႔ ကာလရွည္အတြက္ အဆင္ေျပႏုိင္တဲ့ ကစားသမားျဖစ္ဖို႔ကလြဲရင္ စိတ္ဝင္စားမွာ မဟုတ္ပါဘူး။ အသင္းအတြက္ ေရရွည္အားကိုးရမယ့္ ကကစားသမားကိုပဲ ေခၚယူလိုပါတယ္။

– ေဘာ့မန္းကိစၥကို လီဗာပူးသတင္းေထာက္ေတြက ကလပ္ရဲ႕ တာဝန္ယူရွိသူေတြနား ေမးျမန္းမႈေတြ လုပ္ခဲ့ၾကပါတယ္။ လံုးဝ ျဖစ္ႏုိင္ေခ်မရွိတဲ့ အေျပာင္းအေရႊ႔ျဖစ္ပါတယ္။

– ေလာေလာဆယ္မွာ လီဗာပူးက ေစ်းကြက္ထဲကေန ခံစစ္သမားေတြကို ေစာင့္ၾကည့္မႈေတြ လုပ္ေနပါတယ္။ ကလပ္ေစာင့္ၾကည့္တဲ့ လူငယ္ေတြက အလားအလာေကာင္းသလို တန္ေၾကးက ၾကီးမားေနပါတယ္။ အငွားေခၚယူဖို႔ကိုလည္း စဥ္းစားမွာ မဟုတ္ပါဘူး။ မွန္ကန္တဲ့ ခံစစ္သမားကို အျပီးသတ္ ေခၚယူဖို႔က အားကစားဒါရိုက္တာ မိုင္ကယ္အတ္ဝပ္နဲ႔ သူ႔ရဲ႕ ကင္းေထာက္ေတြအတြက္ စိန္ေခၚမႈတစ္ခု ျဖစ္လာပါတယ္။

– ျဖစ္ႏုိင္မယ္ဆိုရင္ေတာ့ လီဗာပူးအသင္းက ဇန္နဝါရီမွာ ေငြလံုးဝ မသံုးဘဲ လာမယ့္ ေႏြရာသီမွ ကစားသမားေခၚယူမႈ လုပ္ေဆာင္ဖို႔ အစီအစဥ္ရွိပါတယ္။ သိပ္ေကာင္းတဲ့ အခြင့္အေရးဆိုရင္ေတာ့ လီဗာပူးက စဥ္းစားသြားမွာပါ။ ဇန္နဝါရီမွာ ေခၚယူတဲ့ ကစားသမားသစ္က အသင္းမွာ ရွိေနယံုေလာက္အတြက္ မဟုတ္ဘဲ အသင္းရဲ႕ ပြဲေန႔ေတြအတြက္ အက်ိဳးျဖစ္ေစမယ့္သူကို ကလပ္ဘက္က အလိုရွိပါတယ္။