လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်ကနေ ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမယ့် အလာဘာကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးစားလာကြောင်း The Guardian သတင်းဌာနမှ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် Fabrizio Romano က ဖော်ပြပါတယ်။

အသက် ၂၈ နှစ်အရွယ် သြစတြီးယန်း ကစားသမားဟာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ ဘိုင်ယန်ကနေ ဒီနွေမှာ ထွက်ခွာမှာပါ။ သူ့ကို ခေါ်ယူဖို့အတွက် အနာဂတ် မသေချာဖြစ်နေတဲ့ ဆာဂျီယို ရာမိုစ့်နေရာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်က အတော်လေး စိတ်ဝင်စားနေတယ်။ စပိန်ကလပ်ဟာ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ်မှုလည်း လုပ်ထားပါတယ်။

စပိန်ကလပ်ဘက်က ကစားသမားကို ကာလရှည်စာချုပ် ပေးလိုတာဖြစ်ပြီး ၄ နှစ် (သို့) ၅ နှစ် စာချုပ် ချုပ်ဆိုလိုတယ်လို့ သိရတယ်။ ၎င်းတို့က အသာစီးရနေပေမယ့် အလာဘာကို ခေါ်ယူရေးအတွက် စိတ်ဝင်စားနေတာက ရီးရဲလ်တစ်သင်းတည်း မဟုတ်ပါဘူး။

လီဗာပူးက အလာဘာကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ကို စိတ်ဝင်စားနေပြီး အဲ့လို လုပ်နိုင်ဖို့လည်း အတော်လေး ကြိုးစားလာနေပါတယ်။ လီဗာပူးဘက်ကလည်း ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆက်သွယ်မှု လုပ်ထားတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာ အလာဘာက ရီးရဲလ်ကို ပိုမို အားသန်ပြီး စပိန်ကို ရောက်သွားနိုင်ချေ ပိုများနေပါတယ်။

အလာဘာအတွက် ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့ အပြိုင် ကြိုးစားနေပေမယ့် ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့တော့ မရှိပါဘူး။ အလာဘာက သူ့ရဲ့ ဘိုင်ယန်ကစားသမားဘဝ နောက်ဆုံးရာသီကို ရာသီကုန်ထိ ဆက်ကစားခြင်းဖြင့်ပဲ အဆုံးသတ်လိုနေတာ ဖြစ်ပါတယ်။ ရာသီဝက်မှာတင် အသင်းပြောင်းခြင်းကို ရွေးချယ်မှာ မဟုတ်ပါဘူး။

၂၀၀၈ ခုနှစ်မှာ ဘွန်ဒက်လီဂါကလပ်နဲ့ ပူးပေါင်းခဲ့တဲ့ အလာဘာဟာ ကစားသမားဘဝမှာ ဘွန်ဒက်လီဂါ ချန်ပီယံဆု ၉ ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ်တို့ကို အနိုင်ရထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကေန ဒီေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာမယ့္ အလာဘာကို ေခၚယူႏုိင္ဖို႔ အရွိန္ျမွင့္ ၾကိဳးစားလာေၾကာင္း The Guardian သတင္းဌာနမွ နာမည္ေက်ာ္ အေျပာင္းအေရႊ႔ သတင္းေထာက္ Fabrizio Romano က ေဖာ္ျပပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ၾသစၾတီးယန္း ကစားသမားဟာ ၁၂ ႏွစ္ၾကာ ကစားခဲ့တဲ့ ဘိုင္ယန္ကေန ဒီေႏြမွာ ထြက္ခြာမွာပါ။ သူ႔ကို ေခၚယူဖို႔အတြက္ အနာဂတ္ မေသခ်ာျဖစ္ေနတဲ့ ဆာဂ်ီယို ရာမိုစ့္ေနရာ အစားထိုးဖို႔ ရီးရဲလ္မက္ဒရစ္က အေတာ္ေလး စိတ္ဝင္စားေနတယ္။ စပိန္ကလပ္ဟာ ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ ဆက္သြယ္မႈလည္း လုပ္ထားပါတယ္။

စပိန္ကလပ္ဘက္က ကစားသမားကို ကာလရွည္စာခ်ဳပ္ ေပးလိုတာျဖစ္ျပီး ၄ ႏွစ္ (သို႔) ၅ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုတယ္လို႔ သိရတယ္။ ၄င္းတို႔က အသာစီးရေနေပမယ့္ အလာဘာကို ေခၚယူေရးအတြက္ စိတ္ဝင္စားေနတာက ရီးရဲလ္တစ္သင္းတည္း မဟုတ္ပါဘူး။

လီဗာပူးက အလာဘာကို လက္မွတ္ထိုး ေခၚယူႏုိင္ဖို႔ကို စိတ္ဝင္စားေနျပီး အဲ့လို လုပ္ႏုိင္ဖို႔လည္း အေတာ္ေလး ၾကိဳးစားလာေနပါတယ္။ လီဗာပူးဘက္ကလည္း ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ပါ ဆက္သြယ္မႈ လုပ္ထားတယ္။ ဒါေပမယ့္ လက္ရွိ အေျခအေနမွာ အလာဘာက ရီးရဲလ္ကို ပိုမို အားသန္ျပီး စပိန္ကို ေရာက္သြားႏုိင္ေခ် ပိုမ်ားေနပါတယ္။

အလာဘာအတြက္ ရီးရဲလ္မက္ဒရစ္၊ လီဗာပူးတို႔ အျပိဳင္ ၾကိဳးစားေနေပမယ့္ ကစားသမားကို ဇန္နဝါရီမွာ ေခၚယူႏုိင္ဖို႔ေတာ့ မရွိပါဘူး။ အလာဘာက သူ႔ရဲ႕ ဘိုင္ယန္ကစားသမားဘဝ ေနာက္ဆံုးရာသီကို ရာသီကုန္ထိ ဆက္ကစားျခင္းျဖင့္ပဲ အဆံုးသတ္လိုေနတာ ျဖစ္ပါတယ္။ ရာသီဝက္မွာတင္ အသင္းေျပာင္းျခင္းကို ေရြးခ်ယ္မွာ မဟုတ္ပါဘူး။

၂၀၀၈ ခုႏွစ္မွာ ဘြန္ဒက္လီဂါကလပ္နဲ႔ ပူးေပါင္းခဲ့တဲ့ အလာဘာဟာ ကစားသမားဘဝမွာ ဘြန္ဒက္လီဂါ ခ်န္ပီယံဆု ၉ ၾကိမ္နဲ႔ ခ်န္ပီယံလိဂ္ဆုဖလား ၂ ၾကိမ္တို႔ကို အႏုိင္ရထားပါတယ္။