လီဗာပူးက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှု မလုပ်ပါဘူးလို့ သတင်းထွက်နေတဲ့ ကိစ္စနဲ့ ပက်သက်လို့ The Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ရှင်းပြမှု လုပ်သွားပါတယ်။

လီဗာပူးဟာ ကစားသမားသစ် ခေါ်ယူဖို့ကို ရာသီဝက်မှာထက် နွေရာသီကြို မတိုင်ခင်မှာဘဲ လုပ်လိုတာပါ။ ဒါပေမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ဖို့ကို မလုပ်ပါဘူးလို့ ယတိပြတ် ဆုံးဖြတ်ထားတာ မဟုတ်ပါဘူး။ ကလပ် စိတ်ဝင်စားနေတဲ့ ကစားသမားအတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှု ပုံစံဖြင့် ညိနှိုင်းလို့ ရမယ်ဆိုရင် ခေါ်ယူသွားမှာမျိုး ဖြစ်တယ်။

နွေတုန်းကလည်း သီယာဂိုနဲ့ ဂျိုတာတို့ နှစ်ဦးအတွက် အသင်း ပေးချေနိုင်မယ့် ငွေပေးချေမှု ပုံစံကို ညိလို့ ရခဲ့တဲ့နောက် သူတို့ နှစ်ဦးလုံးကို တစ်ပြိုင်နက်နီးပါး ခေါ်ယူခဲ့ပါတယ်။

ဂျိမ်းပီရက်ဇ်က ” ဘော့မန်းကိစ္စက လုံးဝ မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။ လီဗာပူးက သူ့ကို လုံးဝ စိတ်မဝင်စားဘူးဆိုတဲ့ ကိစ္စကို ကျနော် တွင်တွင်ငြင်းဆန်ပေးခဲ့ပြီးပါပြီ။

အူပါမီကာနိုက လီဗာပူးရဲ့ စောင့်ကြည့်မှုတွေထဲမှာ ပါဝင်နေတဲ့ ကစားသမားဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ သူ့ကို ခေါ်ယူနိုင်ဖို့ဆိုတာက မဖြစ်နိုင်သလောက် ကိစ္စလည်း ဖြစ်ပါတယ်။ ကာဘက်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားထားတယ် ဒါပေမယ့် သူနဲ့ ပက်သက်လို့လည်း ရှေ့ဆက် လုပ်ဆောင်မှုတွေ မရှိဘူး ဖြစ်နေပါတယ်။

လီဗာပူးက ဘမ်ဝိုက်ကိုလည်း အထင်ကြီးတယ်။ သူ့အတွက် ကုန်ကျစရိတ်က ပေါင် သန်း ၄၀ ကျော်လောက် ကုန်ကျသွားမှာပါ။ ဒီကိစ္စကလည်း ညိနှိုင်းမှုတွေ ဖြစ်လာဖို့ နီးစပ်လာတဲ့ အခြေအနေ မရှိပါဘူး။

နွေတုန်းက သီယာဂိုကို ခေါ်ယူခဲ့သလိုပါပဲ လီဗာပူးက မခေါ်လောက်ဘူး ဆိုပေမယ့် လုံးဝ မဖြစ်နိုင်တာမျိုး မဟုတ်ခဲ့ဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဈေးနှုန်းနဲ့ မှန်ကန်တဲ့ ပေးချေမှုပုံစံ ရှိလာအောင် ညိနှိုင်းမှုတွေလုပ်ပြီး လီဗာပူးက သီယာဂိုကို ခေါ်ယူခဲ့တာပါပဲ ” လို့ ရှင်းပြသွားပါတယ်။

ZAWGYI

လီဗာပူးက ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကစားသမား ေခၚယူမႈ မလုပ္ပါဘူးလို႔ သတင္းထြက္ေနတဲ့ ကိစၥနဲ႔ ပက္သက္လို႔ The Athletic မွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္ဇ္က ရွင္းျပမႈ လုပ္သြားပါတယ္။

လီဗာပူးဟာ ကစားသမားသစ္ ေခၚယူဖို႔ကို ရာသီဝက္မွာထက္ ေႏြရာသီၾကိဳ မတိုင္ခင္မွာဘဲ လုပ္လိုတာပါ။ ဒါေပမယ့္ ဇန္နဝါရီမွာ ကစားသမား ေခၚဖို႔ကို မလုပ္ပါဘူးလို႔ ယတိျပတ္ ဆံုးျဖတ္ထားတာ မဟုတ္ပါဘူး။ ကလပ္ စိတ္ဝင္စားေနတဲ့ ကစားသမားအတြက္ မွန္ကန္တ့ဲ ကမ္းလွမ္းမႈ ပံုစံျဖင့္ ညိႏိႈင္းလို႔ ရမယ္ဆိုရင္ ေခၚယူသြားမွာမ်ိဳး ျဖစ္တယ္။

ေႏြတုန္းကလည္း သီယာဂိုနဲ႔ ဂ်ိဳတာတို႔ ႏွစ္ဦးအတြက္ အသင္း ေပးေခ်ႏုိင္မယ့္ ေငြေပးေခ်မႈ ပံုစံကို ညိလို႔ ရခဲ့တဲ့ေနာက္ သူတို႔ ႏွစ္ဦးလံုးကို တစ္ျပိဳင္နက္နီးပါး ေခၚယူခဲ့ပါတယ္။

ဂ်ိမ္းပီရက္ဇ္က ” ေဘာ့မန္းကိစၥက လုံးဝ မျဖစ္ႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ ျဖစ္ပါတယ္။ လီဗာပူးက သူ႔ကို လုံးဝ စိတ္မဝင္စားဘူးဆိုတဲ့ ကိစၥကို က်ေနာ္ တြင္တြင္ျငင္းဆန္ေပးခဲ့ၿပီးပါၿပီ။

အူပါမီကာႏိုက လီဗာပူးရဲ႕ ေစာင့္ၾကည့္မႈေတြထဲမွာ ပါဝင္ေနတဲ့ ကစားသမားဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဇန္နဝါရီမွာ သူ႔ကို ေခၚယူႏုိင္ဖို႔ဆိုတာက မျဖစ္ႏုိင္သေလာက္ ကိစၥလည္း ျဖစ္ပါတယ္။ ကာဘက္ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားထားတယ္ ဒါေပမယ့္ သူနဲ႔ ပက္သက္လို႔လည္း ေရွ႔ဆက္ လုပ္ေဆာင္မႈေတြ မရွိဘူး ျဖစ္ေနပါတယ္။

လီဗာပူးက ဘမ္ဝိုက္ကိုလည္း အထင္ၾကီးတယ္။ သူ႔အတြက္ ကုန္က်စရိတ္က ေပါင္ သန္း ၄၀ ေက်ာ္ေလာက္ ကုန္က်သြားမွာပါ။ ဒီကိစၥကလည္း ညိႏိႈင္းမႈေတြ ျဖစ္လာဖို႔ နီးစပ္လာတဲ့ အေျခအေန မရွိပါဘူး။

ေႏြတုန္းက သီယာဂိုကို ေခၚယူခဲ့သလိုပါပဲ လီဗာပူးက မေခၚေလာက္ဘူး ဆိုေပမယ့္ လံုးဝ မျဖစ္ႏုိင္တာမ်ိဳး မဟုတ္ခဲ့ဘူး။ ဒါေပမယ့္ မွန္ကန္တဲ့ ေစ်းႏႈန္းနဲ႔ မွန္ကန္တဲ့ ေပးေခ်မႈပံုစံ ရွိလာေအာင္ ညိႏိႈင္းမႈေတြလုပ္ျပီး လီဗာပူးက သီယာဂိုကို ေခၚယူခ့ဲတာပါပဲ ” လို႔ ရွင္းျပသြားပါတယ္။