လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ထရန့်၊ ဆာလာနဲ့ ဖာမင်နိုတို့ဟာ သူ့တို့ ကစားသမားဘဝအတွင်း အခက်အခဲဆုံး အနေအထား မဟုတ်ပေမယ့် ဖိအားတွေအောက်မှာ ရုန်းကန်နေရပြီဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ရလဒ်တွေ ကျဆင်းလာမှုဟာ သူတို့တွေရဲ့ ခြေစွမ်း ကျဆင်းမှုနဲ့ သွယ်ဝိုက်တော့အားဖြင့် ဆက်နွယ်နေတယ်။ ဆောက်သမ်တန်ပွဲမှာ ထရန့်က ဘောလုံးဆုံးရံှူးမှု ၃၈ ကြိမ်ထိ ရှိခဲ့တာ၊ ဆာလာရဲ့ သွင်းဂိုး ခြိမ်းခြောက်နိုင်စွမ်း ကျဆင်လာတာ၊ ဖာမင်နိုရဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှု လိုအပ်ချက် ကြီးလာတာတွေက လီဗာပူး ရလဒ်တွေ ဆိုးလာဖို့ အခြေခံ အကြောင်းရငင်းတွေထဲ ပါဝင်လာပါတယ်။

ဆောက်သမ်တန်ပွဲမှာ ထရန့်ဟာ ဝေါပရောက်စ်ရဲ့ တည်ကန်ဘောကို အင့် အဆုံးမသတ်နိုင်ခင် ဟန့်တားကာကွယ်မှုက အောင်မြင်ခဲ့သင့်ပါတယ်။ စီနီယာအသင်းမှာ နေရာရလာပြီးနောက် ၄ နှစ်အတွင်းမှာ ထရန့်က ခြေစွမ်း အဆိုးဆုံး အနေအထားကို ရင်ဆိုင်နေရတာပါ။

ဒါပေမယ့်လို့ ထရန့်ဟာ လီဗာပူးရဲ့ အဝေဖန်ခံရဆုံး ကစားသမား ဖြစ်လာဖို့တော့ မသင့်ပါဘူး။ ပြီးခဲ့တဲ့ ၆ ပွဲမှာ လူစားလဲမှု ၂ ကြိမ်ထိ ရှိခဲ့တဲ့ ထရန့်ဟာ ပြဿနာ အားလုံးရဲ့ တရားခံ မဟုတ်ဘူး။ ဖာမင်နို ကစားပုံကောင်းနေရင် အသင်းကလည်း ကစားပုံကောင်းပေမယ့် အခုချိန်မှာ ဘရာဇီး တိုက်စစ်သမား ကိုယ်တိုင်လည်း စွမ်းဆောင်ရည် တည်ငြိမ်ဖို့ ရုန်းကန်နေရတာဖြစ်တယ်။

မနှစ်တုန်းက ထရန့်နဲ့ ဖာမင်နို နှစ်ဦးပေါင်းဟာ ဂိုးထောက်ပံ့မှု ၂၇ ကြိမ်ထိ ရှိခဲ့ပါတယယ်။ ဒီရာသီမှာ နှစ်ဦးပေါင်းမှ ၇ ကြိမ်ပဲ လုပ်ထားနိုင်တယ်။ ပြင်းထန်တဲ့ ပွဲတွေအတွင်း သူတို့ နှစ်ဦးဟာ နားချိန် နည်းပါးမှုနဲ့ ဒဏ်ရာ ပြဿနာအချို့တွေကြောင့် အကောင်းဆုံး စိတ်ဓါတ်ပိုင်းနဲ့ ခြေစွမ်းပိုင်း ပြန်ရလာဖို့ အားယူနေကြရတယ်။

စပိန် AS သတင်းဌာနဲ့ အင်တာဗျူးအပြီးမှာ ဆာလာဟာ သူ့ရဲ့ အလုပ်အတွက် ဝေဖန်ခံ ကစားသမား ဖြစ်လာခဲ့တယ်။ ဒီရာသီ လီဗာပူးရဲ့ အဓိက တိုက်စစ်သမားအဖြစ် ပြိုင်ပွဲစုံ သွင်းဂိုး ၁၆ ဂိုး ရယူထားနိုင်တဲ့ ဆာလာက အင်တာဗျူးမှာ စကားအချို့ကို ထုတ်ပြောခဲ့တာကလွဲလို့ သူ့ရဲ့ ခံယူချက်နဲ့ လေ့ကျင့်ရေးက ကြိုးစားမှုတွေက အရင်အတိုင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဝက်စ်ဘရွန်း၊ နယူးကာဆယ်နဲ့ ဆောက်သမ်တန်ပွဲတွေမှာ ဂိုးမသွင်းနိုင်တဲ့ ဆာလာက ပုံမှန်ခြေစွမ်းထက် ကျဆင်းနေတာလည်း အမှန်ဖြစ်တယ်။ လီဗာပူးအသင်း ပုံမှန် စွမ်းဆောင်ရည်တွေ ပြန်ရဖို့အတွက် သူတို့ရဲ့ ခံယူချက်နဲ့ လန်းဆန်းမှု အပိုင်းတွေမှာ တိုးတက်လာဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဆာလာနဲ့ ဖာမင်နိုတို့ ဂိုးပေါက် ပျောက်နေချိန်မှာ မာနေးကလည်း သွင်းဂိုးတွေ ရနေတာ မဟုတ်ပါဘူး။ ကွင်းလယ်ကလည်း ချွန်ပြီး တည်ငြိမ်မနေသလို ခံစစ်ကလည်း ဂိုးတွေပေးနေရဆဲဖြစ်တယ်။ ပုံမှန်အားဖြင့် အန်ဖီးကွင်းက ပရိသတ်တွေဟာ အသင်းသားတွေကို စိတ်ဓါတ်တက်ကြွစေမယ့် လှုံ့ဆော်မှုတွေ ပေးနိုင်ပေမယ့် ကွင်းပိတ် ကစားရခြင်းကလည်း စွမ်းဆောင်ရည် ခပ်မြန်မြန် မတက်လာခြင်းရဲ့ အကြောင်းရင်းခံတွေပဲဖြစ်တယ်။

ယာဂင်ကလော့ပ်က ‘ အသင်းသားတွေက သိပ်ကောင်းတဲ့ သူတွေပါ၊ ထူးချွန်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ မကောင်းဘူးဖြစ်နေတယ်။ သူတို့ အခုထက် ပိုကောင်းကောင်း ကစားနိုင်သင့်ကြပါတယ်။ ကျနော် ဒေါသထွက်တယ် ဒါကို သူတို့သိတယ်။

အတိတ်မှာ အောင်မြင်မှုတွေ ရခဲ့တာကြောင့် သူတို့ အမြဲတမ်း အောင်မြင်နေနိုင်မှာ မဟုတ်ပါဘူး။ ကိစ္စတွေကို ဒိထက်ပိုကြီးအောင် မလုပ်လိုပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ နောက်ဆုံး ၃ ပွဲတောင် မနိုင်ထားပါဘူး။ ဒါက ကျနေ်ာတို့ အမှားပါ အဓိက အားဖြင့် ကျနေ်ာရဲ့ အမှားပါ။ ဒါပေမယ့် အသင်းသားတွေနဲ့လည်း ဆိုင်ပါတယ်။ ကျနေ်ာတို့ ပြောင်းလဲဖို့ လိုပါတယ် ‘ လို့ ဆောက်သမ်တန်ပွဲအပြီး ပြောဆိုထားတယ်။

လီဗာပူးရဲ့ လက်ရှိ မန်နေဂျာနဲ့ လူစာရင်းဟာ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားတို့ကို အောင်မြင်ထားကြသူတွေပါ။ အသင်းရဲ့ အမာခံ လူစာရင်းကလည်း အများကြီး ဆုံးရံှူးထားသေးတာ မဟုတ်ပါဘူး။ အသင်းရဲ့ ရုန်းကန်နေရမှုတွေက စိတ်ပျက်စရာ ဖြစ်ခဲ့မယ်ဆိုရင် အသင်းကို အားပေးရမယ့်အစား ထိုးချဝေဖန်မှုတွေက ပိုလို့ စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။

ရံဖန်ရံခါမှာ ရုန်းကန်နေရတဲ့ ကစားသမားတွေက အင်အားသစ်တွေ ရဖို့လိုပါတယ်။ သူတို့ လိုအပ်နေတဲ့ အင်အားက အသင်းပရိသတ်တွေရဲ့ သူ့တို့အပေါ် ထားတဲ့ အားပေးမှုနဲ့ ယုံကြည်မှုဖြစ်မယ်ဆိုတာ သေချာလှပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ထရန္႔၊ ဆာလာနဲ႔ ဖာမင္ႏိုတို႔ဟာ သူ႔တို႔ ကစားသမားဘဝအတြင္း အခက္အခဲဆံုး အေနအထား မဟုတ္ေပမယ့္ ဖိအားေတြေအာက္မွာ ရုန္းကန္ေနရျပီျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ရလဒ္ေတြ က်ဆင္းလာမႈဟာ သူတို႔ေတြရဲ႕ ေျခစြမ္း က်ဆင္းမႈနဲ႔ သြယ္ဝိုက္ေတာ့အားျဖင့္ ဆက္ႏြယ္ေနတယ္။ ေဆာက္သမ္တန္ပြဲမွာ ထရန္႔က ေဘာလံုးဆံုးရံွဴးမႈ ၃၈ ၾကိမ္ထိ ရွိခဲ့တာ၊ ဆာလာရဲ႕ သြင္းဂိုး ျခိမ္းေျခာက္ႏုိင္စြမ္း က်ဆင္လာတာ၊ ဖာမင္ႏိုရဲ႕ တိုက္စစ္ပိုင္း ခ်ိတ္ဆက္မႈ လိုအပ္ခ်က္ ၾကီးလာတာေတြက လီဗာပူး ရလဒ္ေတြ ဆိုးလာဖို႔ အေျခခံ အေၾကာင္းရငင္းေတြထဲ ပါဝင္လာပါတယ္။

ေဆာက္သမ္တန္ပြဲမွာ ထရန္႔ဟာ ေဝါပေရာက္စ္ရဲ႕ တည္ကန္ေဘာကို အင့္ အဆံုးမသတ္ႏုိင္ခင္ ဟန္႔တားကာကြယ္မႈက ေအာင္ျမင္ခဲ့သင့္ပါတယ္။ စီနီယာအသင္းမွာ ေနရာရလာျပီးေနာက္ ၄ ႏွစ္အတြင္းမွာ ထရန္႔က ေျခစြမ္း အဆိုးဆံုး အေနအထားကို ရင္ဆိုင္ေနရတာပါ။

ဒါေပမယ့္လို႔ ထရန္႔ဟာ လီဗာပူးရဲ႕ အေဝဖန္ခံရဆံုး ကစားသမား ျဖစ္လာဖို႔ေတာ့ မသင့္ပါဘူး။ ျပီးခဲ့တဲ့ ၆ ပြဲမွာ လူစားလဲမႈ ၂ ၾကိမ္ထိ ရွိခဲ့တဲ့ ထရန္႔ဟာ ျပႆနာ အားလံုးရဲ႕ တရားခံ မဟုတ္ဘူး။ ဖာမင္ႏို ကစားပံုေကာင္းေနရင္ အသင္းကလည္း ကစားပံုေကာင္းေပမယ့္ အခုခ်ိန္မွာ ဘရာဇီး တိုက္စစ္သမား ကိုယ္တိုင္လည္း စြမ္းေဆာင္ရည္ တည္ျငိမ္ဖို႔ ရုန္းကန္ေနရတာျဖစ္တယ္။

မႏွစ္တုန္းက ထရန္႔နဲ႔ ဖာမင္ႏို နွစ္ဦးေပါင္းဟာ ဂိုးေထာက္ပံ့မႈ ၂၇ ၾကိမ္ထိ ရွိခဲ့ပါတယယ္။ ဒီရာသီမွာ ႏွစ္ဦးေပါင္းမွ ၇ ၾကိမ္ပဲ လုပ္ထားႏုိင္တယ္။ ျပင္းထန္တဲ့ ပြဲေတြအတြင္း သူတို႔ ႏွစ္ဦးဟာ နားခ်ိန္ နည္းပါးမႈနဲ႔ ဒဏ္ရာ ျပႆနာအခ်ို႔ေတြေၾကာင့္ အေကာင္းဆံုး စိတ္ဓါတ္ပိုင္းနဲ႔ ေျခစြမ္းပိုင္း ျပန္ရလာဖို႔ အားယူေနၾကရတယ္။

စပိန္ AS သတင္းဌာနဲ႔ အင္တာဗ်ဴးအျပီးမွာ ဆာလာဟာ သူ႔ရဲ႕ အလုပ္အတြက္ ေဝဖန္ခံ ကစားသမား ျဖစ္လာခဲ့တယ္။ ဒီရာသီ လီဗာပူးရဲ႕ အဓိက တိုက္စစ္သမားအျဖစ္ ျပိဳင္ပြဲစံု သြင္းဂိုး ၁၆ ဂိုး ရယူထားႏုိင္တဲ့ ဆာလာက အင္တာဗ်ဴးမွာ စကားအခ်ိဳ႔ကို ထုတ္ေျပာခဲ့တာကလြဲလို႔ သူ႔ရဲ႕ ခံယူခ်က္နဲ႔ ေလ့က်င့္ေရးက ၾကိဳးစားမႈေတြက အရင္အတိုင္းပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ဝက္စ္ဘရြန္း၊ နယူးကာဆယ္နဲ႔ ေဆာက္သမ္တန္ပြဲေတြမွာ ဂိုးမသြင္းႏုိင္တဲ့ ဆာလာက ပံုမွန္ေျခစြမ္းထက္ က်ဆင္းေနတာလည္း အမွန္ျဖစ္တယ္။ လီဗာပူးအသင္း ပံုမွန္ စြမ္းေဆာင္ရည္ေတြ ျပန္ရဖို႔အတြက္ သူတို႔ရဲ႕ ခံယူခ်က္နဲ႔ လန္းဆန္းမႈ အပိုင္းေတြမွာ တိုးတက္လာဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ဆာလာနဲ႔ ဖာမင္ႏိုတို႔ ဂိုးေပါက္ ေပ်ာက္ေနခ်ိန္မွာ မာေနးကလည္း သြင္းဂိုးေတြ ရေနတာ မဟုတ္ပါဘူး။ ကြင္းလယ္ကလည္း ခၽြန္ျပီး တည္ျငိမ္မေနသလို ခံစစ္ကလည္း ဂိုးေတြေပးေနရဆဲျဖစ္တယ္။ ပံုမွန္အားျဖင့္ အန္ဖီးကြင္းက ပရိသတ္ေတြဟာ အသင္းသားေတြကို စိတ္ဓါတ္တက္ၾကြေစမယ့္ လႈံ႔ေဆာ္မႈေတြ ေပးႏုိင္ေပမယ့္ ကြင္းပိတ္ ကစားရျခင္းကလည္း စြမ္းေဆာင္ရည္ ခပ္ျမန္ျမန္ မတက္လာျခင္းရဲ႕ အေၾကာင္းရင္းခံေတြပဲျဖစ္တယ္။

ယာဂင္ကေလာ့ပ္က ‘ အသင္းသားေတြက သိပ္ေကာင္းတဲ့ သူေတြပါ၊ ထူးခၽြန္တဲ့ ကစားသမားေတြပါ။ ဒါေပမယ့္ သူတို႔ မေကာင္းဘူးျဖစ္ေနတယ္။ သူတို႔ အခုထက္ ပိုေကာင္းေကာင္း ကစားႏုိင္သင့္ၾကပါတယ္။ က်ေနာ္ ေဒါသထြက္တယ္ ဒါကို သူတို႔သိတယ္။

အတိတ္မွာ ေအာင္ျမင္မႈေတြ ရခဲ့တာေၾကာင့္ သူတို႔ အျမဲတမ္း ေအာင္ျမင္ေနႏုိင္မွာ မဟုတ္ပါဘူး။ ကိစၥေတြကို ဒိထက္ပိုၾကီးေအာင္ မလုပ္လိုပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔ ေနာက္ဆံုး ၃ ပြဲေတာင္ မႏုိင္ထားပါဘူး။ ဒါက က်ေန္ာတို႔ အမွားပါ အဓိက အားျဖင့္ က်ေန္ာရဲ႕ အမွားပါ။ ဒါေပမယ့္ အသင္းသားေတြနဲ႔လည္း ဆိုင္ပါတယ္။ က်ေန္ာတို႔ ေျပာင္းလဲဖို႔ လိုပါတယ္ ‘ လို႔ ေဆာက္သမ္တန္ပြဲအျပီး ေျပာဆိုထားတယ္။

လီဗာပူးရဲ႕ လက္ရွိ မန္ေနဂ်ာနဲ႔ လူစာရင္းဟာ ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလားတို႔ကို ေအာင္ျမင္ထားၾကသူေတြပါ။ အသင္းရဲ႕ အမာခံ လူစာရင္းကလည္း အမ်ားၾကီး ဆံုးရံွဴးထားေသးတာ မဟုတ္ပါဘူး။ အသင္းရဲ႕ ရုန္းကန္ေနရမႈေတြက စိတ္ပ်က္စရာ ျဖစ္ခဲ့မယ္ဆိုရင္ အသင္းကို အားေပးရမယ့္အစား ထိုးခ်ေဝဖန္မႈေတြက ပိုလို႔ စိတ္ပ်က္စရာပဲ ျဖစ္ပါတယ္။

ရံဖန္ရံခါမွာ ရုန္းကန္ေနရတဲ့ ကစားသမားေတြက အင္အားသစ္ေတြ ရဖို႔လိုပါတယ္။ သူတို႔ လိုအပ္ေနတဲ့ အင္အားက အသင္းပရိသတ္ေတြရဲ႕ သူ႔တို႔အေပၚ ထားတဲ့ အားေပးမႈနဲ႔ ယံုၾကည္မႈျဖစ္မယ္ဆိုတာ ေသခ်ာလွပါတယ္။