လီဗာပူးကနေ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ဂရုဂျစ်က လီဗာပူးနဲ့ ယာဂင်ကလော့ပ်အပေါ် သူ့ရဲ့ နားမလည်နိုင်မှုတွေကို ထုတ်ပြောလာခဲ့ပါတယ်။

ဂရုဂျစ်က လီဗာပူးဟာ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ လောက် တောင်းဆိုကြောင်းနဲ့ အသင်းက သူ့ကို နေရာပေးဖို့ထက် အပြောင်းအရွှေ့ကနေ ငွေရှာလို့ရမယ့် အလားအလာရှိ ကစားသမားအဖြစ်ပဲ သက်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဆားဘီးယားသားဟာ အငှားထွက်ကစားမှုတွေမှာ ခြေစွမ်းပြနိုင်သော်ညား လီဗာပူးအသင်းမှာ နေရာမရတဲ့သူဖြစ်တယ်။ ဆားဘီးယား ပြည်တွင်းသတင်းနဲ့ အင်တာဗျူးမှာ သူက အခုလိုတွေ ဖြေသွားခဲ့ပါတယ်။

ဂရုဂျစ်က “ ကလပ်နဲ့အတူ ပြင်ဆင်မှုတွေကို လုပ်လိုခဲ့ပါတယ်။ ဘွန်ဒက်လီဂါမှာ ၂ နှစ် ကျင်လယ်ပြီးတဲ့နောက် အင်္ဂလန်ကို ပိုမို ရင့်ကျက်တဲ့ ကစားသမားအဖြစ် ပြန်လာခဲ့တယ်။ လီဗာပူးက အဲ့လို လုပ်ဖို့လည်း ကျနော်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်ကနေ သီယာဂို ရောက်လာခဲ့တယ်။ အသင်းမှာ ကျနော်အတွက် နေရာ သိပ်မရှိတော့ဘူးလို့ ခန့်မှန်းမိခဲ့တယ်။ ကျနော် အလောင်းအစား မလုပ်လိုပါဘူး။

လီဗာပူးက ကျနော်ကို ယုံကြည်သလို ကိုယ်ဘာသာလည်း ယုံပါတယ်။ ဆွေးနွေးမှုတိုင်းမှာ ကလော့ပ် (သို့) ဒါရိုက်တာ တစ်ဦးဦးက ကျနော်က သိပ်ကောင်းတဲ့ အလားအလာရှိတဲ့ ကစားသမားဆိုတာ အမြဲတမ်း သတိပေးပါတယ်။ ဒါပေမယ့်လို့ အသင်းမှာတော့ ကျနော်က နေရာမရပါဘူး။

အဲ့တာက ကျနော်ကို စိတ်ရှုပ်စေပါတယ်။ လီဗာပူးက ကျနော်ကနေ ငွေရှာလိုတာပါ။ အင်္ဂလိပ်တွေက ညိနှိုင်းမှုမှာ တောင်းဆိုမှုကလည်း များပါတယ်။ သူတို့လိုချင်တဲ့ ငွေအမောင့်ကို မရမှာကို မကြိုက်ကြဘူး။ အဲ့တာက ကျနော်ရဲ့ အခြေအနေပါပဲ။

လီဗာပူးက ကျနော်အတွက် ယူရို သန်း ၂၀ လောက် ရလိုတယ်။ အဲ့တာက သဘာဝမကျဘူးလေ ဒီတော့ ပိုမို လက်တွေ့ကျတဲ့ အငှားထွက်ကစားမှု လုပ်ရတော့တာပေါ့ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကေန ေပၚတူဂီကလပ္ ေပၚတိုအသင္းကို အငွားထြက္ကစားေနတဲ့ ကြင္းလယ္လူ ဂရုဂ်စ္က လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္အေပၚ သူ႔ရဲ႕ နားမလည္ႏုိင္မႈေတြကို ထုတ္ေျပာလာခဲ့ပါတယ္။

ဂရုဂ်စ္က လီဗာပူးဟာ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကး ယူရို သန္း ၂၀ ေလာက္ ေတာင္းဆိုေၾကာင္းနဲ႔ အသင္းက သူ႔ကို ေနရာေပးဖို႔ထက္ အေျပာင္းအေရႊ႔ကေန ေငြရွာလို႔ရမယ့္ အလားအလာရွိ ကစားသမားအျဖစ္ပဲ သက္မွတ္ထားတယ္လို႔ ဆိုပါတယ္။

ဆားဘီးယားသားဟာ အငွားထြက္ကစားမႈေတြမွာ ေျခစြမ္းျပႏုိင္ေသာ္ညား လီဗာပူးအသင္းမွာ ေနရာမရတဲ့သူျဖစ္တယ္။ ဆားဘီးယား ျပည္တြင္းသတင္းနဲ႔ အင္တာဗ်ဴးမွာ သူက အခုလိုေတြ ေျဖသြားခဲ့ပါတယ္။

ဂရုဂ်စ္က “ ကလပ္နဲ႔အတူ ျပင္ဆင္မႈေတြကို လုပ္လိုခဲ့ပါတယ္။ ဘြန္ဒက္လီဂါမွာ ၂ ႏွစ္ က်င္လယ္ျပီးတဲ့ေနာက္ အဂၤလန္ကို ပိုမို ရင့္က်က္တဲ့ ကစားသမားအျဖစ္ ျပန္လာခဲ့တယ္။ လီဗာပူးက အဲ့လို လုပ္ဖို႔လည္း က်ေနာ္ကို ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဘိုင္ယန္ကေန သီယာဂို ေရာက္လာခဲ့တယ္။ အသင္းမွာ က်ေနာ္အတြက္ ေနရာ သိပ္မရွိေတာ့ဘူးလို႔ ခန္႔မွန္းမိခဲ့တယ္။ က်ေနာ္ အေလာင္းအစား မလုပ္လိုပါဘူး။

လီဗာပူးက က်ေနာ္ကို ယံုၾကည္သလို ကိုယ္ဘာသာလည္း ယံုပါတယ္။ ေဆြးေႏြးမႈတိုင္းမွာ ကေလာ့ပ္ (သို႔) ဒါရိုက္တာ တစ္ဦးဦးက က်ေနာ္က သိပ္ေကာင္းတဲ့ အလားအလာရွိတဲ့ ကစားသမားဆိုတာ အျမဲတမ္း သတိေပးပါတယ္။ ဒါေပမယ့္လို႔ အသင္းမွာေတာ့ က်ေနာ္က ေနရာမရပါဘူး။

အဲ့တာက က်ေနာ္ကို စိတ္ရႈပ္ေစပါတယ္။ လီဗာပူးက က်ေနာ္ကေန ေငြရွာလိုတာပါ။ အဂၤလိပ္ေတြက ညိႏိႈင္းမႈမွာ ေတာင္းဆိုမႈကလည္း မ်ားပါတယ္။ သူတို႔လိုခ်င္တဲ့ ေငြအေမာင့္ကို မရမွာကို မၾကိဳက္ၾကဘူး။ အဲ့တာက က်ေနာ္ရဲ႕ အေျခအေနပါပဲ။

လီဗာပူးက က်ေနာ္အတြက္ ယူရို သန္း ၂၀ ေလာက္ ရလိုတယ္။ အဲ့တာက သဘာဝမက်ဘူးေလ ဒီေတာ့ ပိုမို လက္ေတြ႔က်တဲ့ အငွားထြက္ကစားမႈ လုပ္ရေတာ့တာေပါ့ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။