လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်တို့က စိတ်ဝင်စားထားကြောင်း သတင်းတွေရှိနေတဲ့ ဇမ်ဘီယာ တိုက်စစ်သမား ဒါကာက အနာဂတ်မှာ အူဘာမီယန်၊ ဆာလာနဲ့ မာနေးတို့ရဲ့ ခြေလှမ်းမတိုင်း လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောလာပါတယ်။

ဆဲလ်ဘတ်အသင်း တိုက်စစ်သမားဟာ ဒီရာသီ ၁၇ ပွဲမှာ သွင်းဂိုး ၁၅ ဂိုး ရထားသူပါ။ သူ့ရဲ့ တောက်ပမှုကြောင့် လီဗာပူးတင် မဟုတ်ဘဲ စပါးအသင်းကလည်း အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားကို အင်္ဂလန်ကို ခေါ်ယူလိုစိတ်တွေ ရှိနေတယ်။ ဒါကာကတော့ နောင်တော်ကြီးတွေလိုပဲ ပရီးမီးယားလိဂ်မှာ ကျင်လယ်လိုနေပါတယ်။

ဒါကာက ‘ ကျနေ်ာတို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ အူဘာမီယန်၊ ဆာလာနဲ့ မာနေးတို့ရဲ့ လုပ်နိုင်မှုတွေကို မြင်နေရတာက ကျနော်လည်း လုပ်နိုင်ရမယ်ဆိုတဲ့ အိမ်မက်မျိုး ရှိလာစေပါတယ်။

ကျနော်လည်း သူတို့လို ဖြစ်လာနိုင်တယ်။ အာဖရိကကနေ ထွန်းတောက်လာတဲ့ သူတို့တွေက ကျနော်အတွက် လုံ့ဆော်မှု ဖြစ်လာခဲ့ပါတယ်။ လူတွေက နှိုင်းယှဉ်မှုတွေ လုပ်နေချိန်မှာလည်း ဒါက ကောင်းတဲ့ကိစ္စပဲလို့ ကျနော် တွေးမိခဲ့တယ်။ ကျနော်က မာနေးကို အမြဲ အားကျခဲ့ပြီး သူ့ရဲ့ ဘောလုံးကစားမှုနဲ့ သူက ဘယ်လို ကစားသမားလဲဆိုတာကို အမြဲ လေ့လာနေမိပါတယ် ‘ လို့ ဖွင့်ဟခဲ့တယ်။

လက်ရွေးစင်မန်နေဂျာက ဒါကာကို အီတူးလက်သစ်လို့ သုံးနှုန်းခဲ့တယ်။ သူဟာ ရေခံမြေခံကောင်းတဲ့ ဆဲလ်ဘတ်ကနေ ပေါ်ထွက်လာနေသူဖြစ်ပြီး ဟာလန်၊ ဒိုမီနစ်တို့နည်းတူ ဥရောပရဲ့ ထိပ်တန်းအဆင့်တွေထံ အရောက်သွားနိုင်မယ်လို့ ယုံကြည်နေတယ်။

လက်ရှိ သူလုပ်နေတဲ့ တိုးတက်မှုတွေကို ဆက်လက် ရှာဖွေရင်း အနာဂတ်မှာ ပိုကောင်းတဲ့ အဆင့်တွေထံ သွားနိုင်မယ် ယုံကြည်ကြောင်းကို ဒါကာက ‘ ကျနော် လုပ်နေတာတွေကို ဆက်လုပ်ဖို့ လိုပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကြည့်ကြတာပေါ့ ‘ လို့ တုန့်ပြန်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ျပိဳင္ဘက္ ယူႏုိက္တက္တို႔က စိတ္ဝင္စားထားေၾကာင္း သတင္းေတြရွိေနတဲ့ ဇမ္ဘီယာ တိုက္စစ္သမား ဒါကာက အနာဂတ္မွာ အူဘာမီယန္၊ ဆာလာနဲ႔ မာေနးတို႔ရဲ႕ ေျခလွမ္းမတိုင္း လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ထုတ္ေျပာလာပါတယ္။

ဆဲလ္ဘတ္အသင္း တိုက္စစ္သမားဟာ ဒီရာသီ ၁၇ ပြဲမွာ သြင္းဂိုး ၁၅ ဂိုး ရထားသူပါ။ သူ႔ရဲ႕ ေတာက္ပမႈေၾကာင့္ လီဗာပူးတင္ မဟုတ္ဘဲ စပါးအသင္းကလည္း အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမားကို အဂၤလန္ကို ေခၚယူလိုစိတ္ေတြ ရွိေနတယ္။ ဒါကာကေတာ့ ေနာင္ေတာ္ၾကီးေတြလိုပဲ ပရီးမီးယားလိဂ္မွာ က်င္လယ္လိုေနပါတယ္။

ဒါကာက ‘ က်ေန္ာတို႔ရဲ႕ ေနာင္ေတာ္ၾကီးေတြျဖစ္တဲ့ အူဘာမီယန္၊ ဆာလာနဲ႔ မာေနးတို႔ရဲ႕ လုပ္ႏုိင္မႈေတြကို ျမင္ေနရတာက က်ေနာ္လည္း လုပ္ႏုိင္ရမယ္ဆိုတဲ့ အိမ္မက္မ်ိဳး ရွိလာေစပါတယ္။

က်ေနာ္လည္း သူတို႔လို ျဖစ္လာႏုိင္တယ္။ အာဖရိကကေန ထြန္းေတာက္လာတဲ့ သူတို႔ေတြက က်ေနာ္အတြက္ လံု႕ေဆာ္မႈ ျဖစ္လာခဲ့ပါတယ္။ လူေတြက ႏိႈင္းယွဥ္မႈေတြ လုပ္ေနခ်ိန္မွာလည္း ဒါက ေကာင္းတဲ့ကိစၥပဲလို႔ က်ေနာ္ ေတြးမိခဲ့တယ္။ က်ေနာ္က မာေနးကို အျမဲ အားက်ခဲ့ျပီး သူ႔ရဲ႕ ေဘာလံုးကစားမႈနဲ႔ သူက ဘယ္လို ကစားသမားလဲဆိုတာကို အျမဲ ေလ့လာေနမိပါတယ္ ‘ လို႔ ဖြင့္ဟခဲ့တယ္။

လက္ေရြးစင္မန္ေနဂ်ာက ဒါကာကို အီတူးလက္သစ္လို႔ သံုးႏႈန္းခဲ့တယ္။ သူဟာ ေရခံေျမခံေကာင္းတဲ့ ဆဲလ္ဘတ္ကေန ေပၚထြက္လာေနသူျဖစ္ျပီး ဟာလန္၊ ဒိုမီနစ္တို႔နည္းတူ ဥေရာပရဲ႕ ထိပ္တန္းအဆင့္ေတြထံ အေရာက္သြားႏုိင္မယ္လို႔ ယံုၾကည္ေနတယ္။

လက္ရွိ သူလုပ္ေနတဲ့ တိုးတက္မႈေတြကို ဆက္လက္ ရွာေဖြရင္း အနာဂတ္မွာ ပိုေကာင္းတဲ့ အဆင့္ေတြထံ သြားႏုိင္မယ္ ယံုၾကည္ေၾကာင္းကို ဒါကာက ‘ က်ေနာ္ လုပ္ေနတာေတြကို ဆက္လုပ္ဖို႔ လိုပါတယ္။ အနာဂတ္မွာ ဘာေတြျဖစ္လာမယ္ဆိုတာကို ၾကည့္ၾကတာေပါ့ ‘ လို႔ တုန္႔ျပန္ခဲ့ပါတယ္။