ရာသီအကုန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြ အယ်လီဂရီက အနာဂတ်မှာ သူ့နေရာကို အသင်းက အကောင်းဆုံး အစားထိုးမယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောခဲ့ပြီး ဘာစီလိုနာနဲ့ သတင်းတွေကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

သတင်းသမားက အယ်လီဂရီအား “ ကလပ်တစ်သင်းသင်းက ခင်ဗျားလိုချင်တဲ့ လစာကို ပေးနိုင်ပါလိမ့်မလား? ဥပမာဗျာ ဘာစီလိုနာလိုကပေါ့ ” လို့ ဘာစီလိုနာကို ပြောင်းနိုင်မလားကို သွယ်ဝိုက်ပြီး မေးခဲ့တယ်။

အယ်လီဂရီ “ မဟုတ်ပါဘူး။ ဂျူဗင်တပ်က ထွက်ပြီးရင် ဘယ်သွားမလဲ သိလား? အိမ်ပြန်မယ်ဗျာ။ ပင်လယ်ဘက်ကို ခရီးထွက်ပြီး အနားယူအုံးမယ်ဗျာ” လို့ ပြန်ဖြေခဲ့ပါတယ်။

သူက ဆက်လက်ပြီး ဖြေပေးတာက “ ကျွန်တော့်နေရာ ဘယ်သူ့ကိုအစားထိုးမယ်ဆိုတာ မသိပါဘူး။ သေချာတာကတော့ နာမည်ကြီးနည်းပြတစ်ယောက်ယောက်နဲ့ အစားထိုးသွားမှာပေါ့။ ဂျူဗင်တပ်မှာနေခဲ့တဲ့ ငါးနှစ်အတွင်း အသင်းသားတွေနဲ့အတူ ချစ်ခြင်းမေတ္တာတွေ ရရှိခဲ့တယ်။ ငါးနှစ်ဆိုတဲ့အချိန်က မနည်းပါဘူး” လို့ ပြောပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်နဲ့ စီးရီးအေဖလား ငါးကြိမ်ဆက် ကိုင်မြောက်နိုင်ခဲ့ပြီး ကိုပါတီတာလီယာဖလား ၂ ကြိမ်ကိုလည်း အနိုင်ရခဲ့သေးတာ ဖြစ်ပါတယ်။