လီဗာပူးအသင်းဟာ ဇန်နဝါရီဈေးကွက်ထဲ ဝင်ရောက်ပြီး ကစားသမားခေါ်ယူမှုကို လုပ်မှာ မဟုတ်ကာ ကာလတိုအတွက် ရည်ရွယ်တဲ့ အားဖြည့်မှုကို အစောတလျင် မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ဇန်နဝါရီ ပထမအပတ် ကုန်ခါနီးချိန်ထိ ဈေးကွက်တွင်း လှုပ်ရှားမှုတွေ မသွက်လက် ဖြစ်နေရာက ဒီကနေ့မှာပဲ လီဗာပူးသတင်းထောက်ဖြစ်တဲ့ ဂျိမ်းပီရက်ဇ်က အသင်းရဲ့ စီနီယာအဆင့် ပုဂ္ဂိုလ်ထံက ရလာတဲ့ ဒီသတင်းကို ထုတ်ပြောလာခဲ့တာပါ။

အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ အဓိက ခံစစ်သမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်ကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးဟာ အဓိက ခံစစ်သမားဆိုလို့ မာတစ် တစ်ဦးတည်း ကျန်ရှိတာပါ။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့က ဒီရာသီ အကုန်ပိုင်းလောက်မှ ပြန်ကစားနိုင်မှာဖြစ်လို့ အသင်းပရိသတ်တွေက ခံစစ်မှူးသစ် ခေါ်ယူဖို့ကို တိုက်တွန်းနေကြခြင်းဖြစ်တယ်။

လီဗာပူးအသင်းက အူဘာမီကာနို၊ ဂါဘက်၊ ဘမ်ဝိုက်တို့ကို စောင့်ကြည့်မှုတွေ လုပ်နေပေမယ့် သူတို့ထဲက တစ်ဦးကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ရေး ညိနှိုင်းဖို့က အဆင်ပြေမယ့် အလားအလာ မရှိပါဘူး။ ဒါကြောင့် ကလပ်က ရေတိုအတွက် ရည်ရွယ်တဲ့ အခြားသော ကမ်းလှမ်းမှုတွေ မလုပ်တော့ဘဲ နွေမှပဲ အသင်းရဲ့ ပစ်မှတ်တွေအတွက် ကြိုးစားမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်၊ အသင်းဥက္ကဌ မိုက်ဂေါ်ဒန်နဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်တို့ ပါဝင်တဲ့ အပြောင်းအရွှေ့ ကော်မတီက ဒီဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်ကာ တာဝန်မဲ့တဲ့ ငွေရေးကြေးရေး ကိစ္စကို ရာသီဝက်မှာ မလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

လီဗာပူးအသင်းမှာ ဗဟိုခံစစ်မှူးအဖြစ် ဖာဘင်ညိုကို သုံးနေပြီး ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ပဲ ကျန်ရှိနေမှာဖြစ်တယ်။ ယူနိုက်တက်နဲ့ပွဲမှာ မာတစ် ပါဝင်လာမှာဖြစ်ကာ လိုအပ်မယ်ဆိုရင် ဟန်ဒါဆန်ကို ခံစစ်မှူးအဖြစ် အသုံးပြုဖို့ကို ရွေးချယ်မှာ ဖြစ်ပါတယ်။

နောက်ဆုံး အချိန်ထိ အပြောင်းအရွှေ့ကိစ္စ တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်နေကြဦးမှာ ဖြစ်ပေမယ့် ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ခက်ခဲလွန်းမယ်ဆိုတာကို ကလော့ပ်ကလည်း ထုတ်ပြောထားပါသေးတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဇန္နဝါရီေစ်းကြက္ထဲ ဝင္ေရာက္ျပီး ကစားသမားေခၚယူမႈကို လုပ္မွာ မဟုတ္ကာ ကာလတိုအတြက္ ရည္ရြယ္တဲ့ အားျဖည့္မႈကို အေစာတလ်င္ မလုပ္ဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

ဇန္နဝါရီ ပထမအပတ္ ကုန္ခါနီးခ်ိန္ထိ ေစ်းကြက္တြင္း လႈပ္ရွားမႈေတြ မသြက္လက္ ျဖစ္ေနရာက ဒီကေန႔မွာပဲ လီဗာပူးသတင္းေထာက္ျဖစ္တဲ့ ဂ်ိမ္းပီရက္ဇ္က အသင္းရဲ႕ စီနီယာအဆင့္ ပုဂၢိဳလ္ထံက ရလာတဲ့ ဒီသတင္းကို ထုတ္ေျပာလာခဲ့တာပါ။

ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာေတြမွာ အဓိက ခံစစ္သမားေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္ကို လက္လြတ္ခဲ့ရတဲ့ လီဗာပူးဟာ အဓိက ခံစစ္သမားဆိုလို႔ မာတစ္ တစ္ဦးတည္း က်န္ရွိတာပါ။ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔က ဒီရာသီ အကုန္ပိုင္းေလာက္မွ ျပန္ကစားႏုိင္မွာျဖစ္လို႔ အသင္းပရိသတ္ေတြက ခံစစ္မွဴးသစ္ ေခၚယူဖို႔ကို တိုက္တြန္းေနၾကျခင္းျဖစ္တယ္။

လီဗာပူးအသင္းက အူဘာမီကာႏို၊ ဂါဘက္၊ ဘမ္ဝိုက္တို႔ကို ေစာင့္ၾကည့္မႈေတြ လုပ္ေနေပမယ့္ သူတို႔ထဲက တစ္ဦးကို ဇန္နဝါရီမွာ ေခၚယူႏုိင္ေရး ညိႏိႈင္းဖို႔က အဆင္ေျပမယ့္ အလားအလာ မရွိပါဘူး။ ဒါေၾကာင့္ ကလပ္က ေရတိုအတြက္ ရည္ရြယ္တဲ့ အျခားေသာ ကမ္းလွမ္းမႈေတြ မလုပ္ေတာ့ဘဲ ေႏြမွပဲ အသင္းရဲ႕ ပစ္မွတ္ေတြအတြက္ ၾကိဳးစားမႈေတြကို လုပ္ေဆာင္သြားမွာျဖစ္တယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္၊ အသင္းဥကၠဌ မိုက္ေဂၚဒန္နဲ႔ အားကစားဒါရိုက္တာ မိုက္ကယ္ အတ္ဝပ္တို႔ ပါဝင္တဲ့ အေျပာင္းအေရႊ႔ ေကာ္မတီက ဒီဆံုးျဖတ္ခ်က္ကို ခ်ခဲ့ျခင္းျဖစ္ကာ တာဝန္မဲ့တဲ့ ေငြေရးေၾကးေရး ကိစၥကို ရာသီဝက္မွာ မလုပ္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။

လီဗာပူးအသင္းမွာ ဗဟိုခံစစ္မွဴးအျဖစ္ ဖာဘင္ညိဳကို သံုးေနျပီး ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ပဲ က်န္ရွိေနမွာျဖစ္တယ္။ ယူႏုိက္တက္နဲ႔ပြဲမွာ မာတစ္ ပါဝင္လာမွာျဖစ္ကာ လိုအပ္မယ္ဆိုရင္ ဟန္ဒါဆန္ကို ခံစစ္မွဴးအျဖစ္ အသံုးျပဳဖို႔ကို ေရြးခ်ယ္မွာ ျဖစ္ပါတယ္။

ေနာက္ဆံုး အခ်ိန္ထိ အေျပာင္းအေရႊ႔ကိစၥ တစ္ခုခု ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾကဦးမွာ ျဖစ္ေပမယ့္ ဇန္နဝါရီမွာ ကစားသမားသစ္ ေခၚယူႏုိင္ဖို႔ ခက္ခဲလြန္းမယ္ဆိုတာကို ကေလာ့ပ္ကလည္း ထုတ္ေျပာထားပါေသးတယ္။