လီဗာပူး ညာစွန်ခံစစ်မှူး ထရန့် အလက်ဇန်းဒါး အာနိုးဟာ ဒီတလော စွမ်းဆောင်ရည်များ ကျဆင်းတာကြောင့် ဝေဖန် ပြောဆိုမှုတွေ ခံယူနေရပြီး အာဆင်နယ် ကစားသမားဟောင်း အီယန် ရိုက်ကတော့ လူတွေက ထရန့်မှားရင် ပြောဖို့ စောင့်နေကြသလို ရှိနေတယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ထရန့်ဟာ အမှားတွေ ရှိပြီး ခက်ခဲတဲ့ကာလ ကြုံနေရသည့်တိုင် အခုချိန်ထိ ကမ္ဘာ့အကောင်းဆုံး ညာစွန်ခံစစ်မှူးတွေထဲ ပါဝင်နေသေးကာ အသက် ၂၂ နှစ်သာ ရှိသေးသူ ဖြစ်ကြောင်း ရိုက်က ထောက်ပြသွားခဲ့ပါတယ်။

” လက်ရှိ လီဗာပူးက ထင်သလောက် ဟုန်းဟုန်းမတောက်တော့ဘူး ဆိုတာ လူတွေ ခံစားမိလာကြတယ်။ အဲဒီချိန် ထရန့်ကို မြင်တော့ အားလုံးက သူ့ကို ဝိုင်းပြောကြ လက်ညှိုးထိုးကြတော့တာပဲ။ ထရန့် ဘောလုံး ပေး ပေးပြန်ပြီ စသဖြင့်ပေါ့။

ဒါပေမယ့် ထရန့်က ဘောလုံး ပေးပြီ ဆိုရင် သူလည်း တစ်ခုခု ဖန်တီးဖို့ လုပ်ဆောင်ဖို့ ကြိုးစားနေတာပါပဲ။ အရင်ကလည်း ဒီလိုပဲ ဒါက ထရန့် ပုံစံပါ။ ဒါပေမယ့် သူ့ကို ဝိုင်းပြောမယ့် လူအုပ်ကြီးက အသင့် စောင့်နေတော့တာ။

အခုထိ သူက ကမ္ဘာ့ အကောင်းဆုံး ညာစွန်ခံစစ်မှူး တစ်ယောက်ပါပဲ ဒါကို အငြင်းပွားနေကြသည့်တိုင်ပေါ့။ အခု သူက ခက်ခဲတဲ့ ကာလ ကြုံနေရတယ်။ ဒါပေမယ့် ထရန့် အသက် ဘယ်လောက် ရှိလဲ ဆိုတာလဲ မမေ့ကြနဲ့ဦး။ ” လို့ ရိုက်က ပြောဆိုခဲ့ပါတယ်။

ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့တဲ့ တနင်္လာညက ပွဲမှာ ကလော့ပ်ဟာ ပွဲချိန် ဒုတိယပိုင်းမှာ ခြေစွမ်း ဆိုးနေတဲ့ ထရန့်ကို လူစားလဲခဲ့ရပါတယ်။ အင်္ဂလန်သားဟာ ပွဲ အတွင်းမှာ ဘောလုံး ဆုံးရှုံးတာ ၃၈ ကြိမ်ထိ ရှိခဲ့တာပါ။

ထရန့်က ဒီရာသီ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မပြသနိုင်ဘူး ဖြစ်နေပေမယ့် သူက ဒဏ်ရာကြောင့် တစ်လလောက် ပွဲ မကစားခဲ့ရသလို အသက် ၂၂ နှစ်သာ ရှိသေးတဲ့ လူငယ် တစ်ဦးသာ ဖြစ်ကြောင်း ရိုက်က သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – လီဗာပူး ညာစြန္ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါး အာနိုးဟာ ဒီတေလာ စြမ္းေဆာင္ရည္မ်ား က်ဆင္းတာေၾကာင့္ ေ၀ဖန္ ေျပာဆိုမႈေတြ ခံယူေနရျပီး အာဆင္နယ္ ကစားသမားေဟာင္း အီယန္ ရိုက္ကေတာ့ လူေတြက ထရန္႔မွားရင္ ေျပာဖို႔ ေစာင့္ေနၾကသလို ရွိေနတယ္လို႔ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ထရန္႔ဟာ အမွားေတြ ရွိျပီး ခက္ခဲတဲ့ကာလ ၾကံဳေနရသည့္တိုင္ အခုခ်ိန္ထိ ကမၻာ့အေကာင္းဆံုး ညာစြန္ခံစစ္မွဴးေတြထဲ ပါ၀င္ေနေသးကာ အသက္ ၂၂ နွစ္သာ ရွိေသးသူ ျဖစ္ေၾကာင္း ရိုက္က ေထာက္ျပသြားခဲ့ပါတယ္။

” လက္ရွိ လီဗာပူးက ထင္သေလာက္ ဟုန္းဟုန္းမေတာက္ေတာ့ဘူး ဆိုတာ လူေတြ ခံစားမိလာၾကတယ္။ အဲဒီခ်ိန္ ထရန္႔ကို ျမင္ေတာ့ အားလံုးက သူ႔ကို ၀ိုင္းေျပာၾက လက္ညွိဳးထိုးၾကေတာ့တာပဲ။ ထရန္႔ ေဘာလံုး ေပး ေပးျပန္ျပီ စသျဖင့္ေပါ့။

ဒါေပမယ့္ ထရန္႔က ေဘာလံုး ေပးျပီ ဆိုရင္ သူလည္း တစ္ခုခု ဖန္တီးဖို႔ လုပ္ေဆာင္ဖို႔ ၾကိဳးစားေနတာပါပဲ။ အရင္ကလည္း ဒီလိုပဲ ဒါက ထရန္႔ ပံုစံပါ။ ဒါေပမယ့္ သူ႔ကို ၀ိုင္းေျပာမယ့္ လူအုပ္ၾကီးက အသင့္ ေစာင့္ေနေတာ့တာ။

အခုထိ သူက ကမၻာ့ အေကာင္းဆံုး ညာစြန္ခံစစ္မွဴး တစ္ေယာက္ပါပဲ ဒါကို အျငင္းပြားေနၾကသည့္တိုင္ေပါ့။ အခု သူက ခက္ခဲဲတဲ့ ကာလ ၾကံဳေနရတယ္။ ဒါေပမယ့္ ထရန္႔ အသက္ ဘယ္ေလာက္ ရွိလဲ ဆိုတာလဲ မေမ့ၾကနဲ႕ဦး။ ” လို႔ ရိုက္က ေျပာဆိုခဲ့ပါတယ္။

ေဆာက္သမ္တန္ကို အေရးနိမ့္ခဲ့တဲ့ တနလၤာညက ပြဲမွာ ကေလာ့ပ္ဟာ ပြဲခ်ိန္ ဒုတိယပိုင္းမွာ ေျခစြမ္း ဆိုးေနတဲ့ ထရန္႔ကို လူစားလဲခဲ့ရပါတယ္။ အဂၤလန္သားဟာ ပြဲ အတြင္းမွာ ေဘာလံုး ဆံုးရွံဳးတာ ၃၈ ၾကိမ္ထိ ရွိခဲ့တာပါ။

ထရန္႔က ဒီရာသီ သူ႔ရဲ႕ အေကာင္းဆံုး ေျခစြမ္းေတြကို မျပသနုိင္ဘူး ျဖစ္ေနေပမယ့္ သူက ဒဏ္ရာေၾကာင့္ တစ္လေလာက္ ပြဲ မကစားခဲ့ရသလို အသက္ ၂၂ နွစ္သာ ရွိေသးတဲ့ လူငယ္ တစ္ဦးသာ ျဖစ္ေၾကာင္း ရိုက္က သတိေပး ေျပာဆိုသြားခဲ့ပါတယ္။