ဇန်နဝါရီဈေးကွက် မတိုင်ခင်တည်းက သတင်းကြီးနေပေမယ့် ရာသီဝက် အပြောင်းအရွှေ့ ကာလမှာ ဖြစ်လာဖို့ မရှိနိုင်တဲ့ ကောလဟာလ သတင်း (၄) ခုကို ဖော်ပြမှာဖြစ်ပါတယ်။

လီဗာပူးနဲ့ ရားမိုစ့် သတင်းက မမှန်ကန်ဘူး

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှ စပိန်သား ခံစစ်မှူး ရာမိုစ့်ကို လီဗာပူးအသင်းက စိတ်ဝင်စားနေပါကြောင်း စပိန်တီဗီ အစီအစဉ်တစ်ခုက ဖော်ပြရာမှာ ဒီသတင်းကို အားကစားဆိုဒ် မချို့က ဖော်ပြလာနေပါတယ်။ လီဗာပူးဟာ ခံစစ်မှူးသစ်တွေကို စောင့်ကြည့်မှုတွေ လုပ်နေပေမယ့် ကလပ်အတွက် အားကိုးရမယ့် အရွယ်ကောင်း ခံစစ်မှူးတွေပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကစားသမားဟာ အတိတ်မှာတုန်းက ဆာလက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ဖြစ်ရပ် ရှိထားခဲ့တယ်။ အဲ့နောက်ပိုင်းမှာ သူဟာ လီဗာပူးကစားသမား အချို့နဲ့ မီဒီယာတွေကနေ အပြန်အလှန် ပြောဆိုမှုတွေရှိထားခဲ့သူ ဖြစ်ပါတယ်။

အိုရီဂီကို ခေါ်ယူမှာ မဟုတ်တဲ့ ဝုဗ်

ဝုဗ်ဟာတိုက်စစ်အတွက် ကစားသမားပေါင်း များစွာကို စောင့်ကြည့်မှုတွေ လုပ်နေပေမယ့် လီဗာပူးတိုက်စစ်သမား အိုရီဂီကို ခေါ်ယူမှာတော့ မဟုတ်ပါဘူး။ ဘယ်ဂျီယံ တိုက်စစ်သမားက ဒီရာသီမှာ ပွဲထွက်ခွင့်တွေရဖို့ ရုန်းကန်နေရတယ်။ သူဟာ ဇန်နဝါရီမှာ ထွက်ခွာခဲ့ရင်တောင် အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းထံပဲ ဖြစ်ဖို့ များနေပါတယ်။

အင်္ဂလန်ပြင်ပ ကလပ်ထံပဲ ပြောင်းသွားမယ့် ဘာလိုဂန်

အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရမယ့် လူငယ်တိုက်စစ်သမား ဘာလိုဂန်ဟာ လီဗာပူးကို ရောက်လာမှာ မဟုတ်ဘဲ ပြင်ပကလပ်တစ်သင်းထံ ပြောင်းမှာ ဖြစ်ပါတယ်။ မနှစ်က ဇန်နဝါရီမှာ ဘရန့်ဖိုဒ့်အသင်းက ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းခဲ့တဲ့ တိုက်စစ်သမားက လီဗာပူးနဲ့ သတင်းတွေ ထွက်ထားခဲ့သူဖြစ်ပါတယ်။

ဒဏ်ရာကြောင့် မဟုတ်ရင် ကစားသမားသစ် ခေါ်မှာ မဟုတ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး။ ခံစစ်မှာ ဗဟိုခံစစ်မှူးစစ်စစ် အားနည်းနေပေမယ့်လို့ ထူးထူးခြားခြား အခြေအနေမျိုး မရှိရင်တော့ ကာလတိုအတွက် ရည်ရွယ်ပြီး ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သိရတယ်။ အထူးသဖြင့် ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ လူငယ် ခံစစ်သမားတွေမှာ ဒဏ်ရာ ပြဿနာတွေ မရှိရင်တော့ ခံစစ်မှူးသစ် ခေါ်ယူရေးက ဖြစ်လာဖို့ ခဲယဉ်းပါတယ်။

ZAWGYI

ဇန္နဝါရီေစ်းကြက္ မတိုင္ခင္တည္းက သတင္းၾကီးေနေပမယ့္ ရာသီဝက္ အေျပာင္းအေရႊ႔ ကာလမွာ ျဖစ္လာဖို႔ မရွိႏုိင္တဲ့ ေကာလဟာလ သတင္း (၄) ခုကို ေဖာ္ျပမွာျဖစ္ပါတယ္။

လီဗာပူးနဲ႔ ရားမိုစ့္ သတင္းက မမွန္ကန္ဘူး

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္မွ စပိန္သား ခံစစ္မွဴး ရာမိုစ့္ကို လီဗာပူးအသင္းက စိတ္ဝင္စားေနပါေၾကာင္း စပိန္တီဗီ အစီအစဥ္တစ္ခုက ေဖာ္ျပရာမွာ ဒီသတင္းကို အားကစားဆိုဒ္ မခ်ိဳ႔က ေဖာ္ျပလာေနပါတယ္။ လီဗာပူးဟာ ခံစစ္မွဴးသစ္ေတြကို ေစာင့္ၾကည့္မႈေတြ လုပ္ေနေပမယ့္ ကလပ္အတြက္ အားကိုးရမယ့္ အရြယ္ေကာင္း ခံစစ္မွဴးေတြပဲ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ ကစားသမားဟာ အတိတ္မွာတုန္းက ဆာလက္ကို ဒဏ္ရာရေအာင္ လုပ္ခဲ့တဲ့ ျဖစ္ရပ္ ရွိထားခဲ့တယ္။ အဲ့ေနာက္ပိုင္းမွာ သူဟာ လီဗာပူးကစားသမား အခ်ိဳ႔နဲ႔ မီဒီယာေတြကေန အျပန္အလွန္ ေျပာဆိုမႈေတြရွိထားခဲ့သူ ျဖစ္ပါတယ္။

အိုရီဂီကို ေခၚယူမွာ မဟုတ္တဲ့ ဝုဗ္

ဝုဗ္ဟာတိုက္စစ္အတြက္ ကစားသမားေပါင္း မ်ားစြာကို ေစာင့္ၾကည့္မႈေတြ လုပ္ေနေပမယ့္ လီဗာပူးတိုက္စစ္သမား အိုရီဂီကို ေခၚယူမွာေတာ့ မဟုတ္ပါဘူး။ ဘယ္ဂ်ီယံ တိုက္စစ္သမားက ဒီရာသီမွာ ပြဲထြက္ခြင့္ေတြရဖို႔ ရုန္းကန္ေနရတယ္။ သူဟာ ဇန္နဝါရီမွာ ထြက္ခြာခဲ့ရင္ေတာင္ အဂၤလန္ျပင္ပ ကလပ္တစ္သင္းထံပဲ ျဖစ္ဖို႔ မ်ားေနပါတယ္။

အဂၤလန္ျပင္ပ ကလပ္ထံပဲ ေျပာင္းသြားမယ့္ ဘာလိုဂန္

အာဆင္နယ္ကေန အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ရမယ့္ လူငယ္တိုက္စစ္သမား ဘာလိုဂန္ဟာ လီဗာပူးကို ေရာက္လာမွာ မဟုတ္ဘဲ ျပင္ပကလပ္တစ္သင္းထံ ေျပာင္းမွာ ျဖစ္ပါတယ္။ မႏွစ္က ဇန္နဝါရီမွာ ဘရန္႔ဖိုဒ့္အသင္းက ေပါင္ ၅ သန္းျဖင့္ ကမ္းလွမ္းခဲ့တဲ့ တိုက္စစ္သမားက လီဗာပူးနဲ႔ သတင္းေတြ ထြက္ထားခဲ့သူျဖစ္ပါတယ္။

ဒဏ္ရာေၾကာင့္ မဟုတ္ရင္ ကစားသမားသစ္ ေခၚမွာ မဟုတ္တဲ့ လီဗာပူး

လီဗာပူးအသင္းဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ကစားသမားသစ္ ေခၚယူဖို႔ အစီအစဥ္ မရွိပါဘူး။ ခံစစ္မွာ ဗဟိုခံစစ္မွဴးစစ္စစ္ အားနည္းေနေပမယ့္လို႔ ထူးထူးျခားျခား အေျခအေနမ်ိဳး မရွိရင္ေတာ့ ကာလတိုအတြက္ ရည္ရြယ္ျပီး ေခၚယူသြားမွာ မဟုတ္ဘူးလို႔ သိရတယ္။ အထူးသျဖင့္ ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ လူငယ္ ခံစစ္သမားေတြမွာ ဒဏ္ရာ ျပႆနာေတြ မရွိရင္ေတာ့ ခံစစ္မွဴးသစ္ ေခၚယူေရးက ျဖစ္လာဖို႔ ခဲယဥ္းပါတယ္။