လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီမှာ ထရန့် ရုန်းကန်နေရတာက လူငယ် ညာအစွန်လူဟာ ကိုဗစ် ကူးစက်ခံခဲ့ရသလို၊ ဒဏ်ရာပြဿနာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေရတာကြောင့်လို့ ထုတ်ပြောပါတယ်။

ရာသီအစတုန်းက လီဗာပူးရဲ့ ရာသီကြို အစီအစဉ်မှာ ထရန့် မပါနိုင်ခဲ့ပါဘူး။ သူက လီဗာပူးမှာပဲ ကျန်နေခဲ့တာဖြစ်ကာ အဲ့တုန်းက အသေးစား ဒဏ်ရာ ပြဿနာလို့ သတင်းလွှင့်ခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ထရန့်က ကိုဗစ်ကြောင့် ရာသီကြိုကို မပူးပေါင်းနိုင်ခဲ့တာလို့ အခုချိန်မှ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

ကလော့ပ်က ” သူက ဒီရာသီစမှာ ကိုဗစ်ကြောင့် မပါနိုင်ခဲ့ပါဘူး။ အဲ့တာပြီးနောက်ပိုင်း မန်စီးတီးနဲ့ပွဲမှာလည်း ဒဏ်ရာရခဲ့တယ်။ ရာသီကြိုနဲ့ လေ့ကျင့်ရေးတွေမှာ မပါနိုင်ခဲ့ပါဘူး။

ထရန့်ရဲ့ အကောင်းဆုံး ခြေစွမ်းအဆင့်ကို လူတွေမြင်ထားတာအရဆိုရင် စိန့်နဲ့ပွဲမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်က အကောင်းဆုံး မဟုတ်ပါဘူး။ ဒါကို သူလည်း သိပါတယ်။ သူက ကောင်းမွန်တဲ့ ပွဲတွေကိုလည်း ကစားထားပါတယ် ” လို့ ထုတ်ဖော်ခဲ့တာဖြစ်တယ်။

အက်ဖ်အေဖလားအဖြစ် အက်စတွန်ဗီလာကို ကနဦး ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံရမှာဖြစ်တယ်။ မန်နေဂျာကလော့ပ်က အက်စတွန်ဗီလာပွဲကို တောင့်တင်းတဲ့ လူစာရင်း ထုတ်မယ်လို့ အာမခံချက် မပေးပါဘူး။

ကလော့ပ်က ” အက်စတွန်ဗီလာပွဲနဲ့ ယူနိုက်တက်ပွဲ မတိုင်ခင်မှာ ကျနော်တို့ ၈ ရက် အချိန်ရပါတယ်။ လေ့ကျင့်ရေးနဲ့ ပက်သက်လို့ အများကြီး အလုပ်လုပ်နိုင်မှာဖြစ်သလို အဲ့တာကလည်း အကူအညီ ဖြစ်ပါလိမ့်မယ်။

ကျနေ်ာတို့ ဟန်ချက်ညီတဲ့ အသင်းတစ်သင်းကို ရှာဖွေဖို့ လိုပါတယ်။ လန်းဆန်းနေတဲ့ ခြေထောက်တွေ လိုပါတယ်။ အပြောင်းအလဲတွေ အများကြီး လုပ်ဖို့ရာက ပြိုင်ဘက်ကလည်း တောင့်တင်းလွန်းပါတယ် ” လို့ ထုတ်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီမွာ ထရန္႔ ရုန္းကန္ေနရတာက လူငယ္ ညာအစြန္လူဟာ ကိုဗစ္ ကူးစက္ခံခဲ့ရသလို၊ ဒဏ္ရာျပႆနာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေနရတာေၾကာင့္လို႔ ထုတ္ေျပာပါတယ္။

ရာသီအစတုန္းက လီဗာပူးရဲ႕ ရာသီၾကိဳ အစီအစဥ္မွာ ထရန္႔ မပါနုိင္ခဲ့ပါဘူး။ သူက လီဗာပူးမွာပဲ က်န္ေနခ့ဲတာျဖစ္ကာ အဲ့တုန္းက အေသးစား ဒဏ္ရာ ျပႆနာလို႔ သတင္းလႊင့္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ထရန္႔က ကိုဗစ္ေၾကာင့္ ရာသီၾကိဳကို မပူးေပါင္းႏုိင္ခဲ့တာလို႔ အခုခ်ိန္မွ ကေလာ့ပ္က ထုတ္ေျပာခဲ့ပါတယ္။

ကေလာ့ပ္က ” သူက ဒီရာသီစမွာ ကိုဗစ္ေၾကာင့္ မပါႏုိင္ခဲ့ပါဘူး။ အဲ့တာျပီးေနာက္ပိုင္း မန္စီးတီးနဲ႔ပြဲမွာလည္း ဒဏ္ရာရခဲ့တယ္။ ရာသီၾကိဳနဲ႔ ေလ့က်င့္ေရးေတြမွာ မပါႏုိင္ခဲ့ပါဘူး။

ထရန္႔ရဲ႕ အေကာင္းဆံုး ေျခစြမ္းအဆင့္ကို လူေတြျမင္ထားတာအရဆိုရင္ စိန္႔နဲ႔ပြဲမွာ သူျပသခဲ့တဲ့ စြမ္းေဆာင္ရည္က အေကာင္းဆံုး မဟုတ္ပါဘူး။ ဒါကို သူလည္း သိပါတယ္။ သူက ေကာင္းမြန္တဲ့ ပြဲေတြကိုလည္း ကစားထားပါတယ္ ” လို႔ ထုတ္ေဖာ္ခ့ဲတာျဖစ္တယ္။

အက္ဖ္ေအဖလားအျဖစ္ အက္စတြန္ဗီလာကို ကနဦး ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီပြဲျပီးရင္ေတာ့ ယူႏုိက္တက္ကို အိမ္ကြင္း အန္ဖီးမွာ ဧည့္ခံရမွာျဖစ္တယ္။ မန္ေနဂ်ာကေလာ့ပ္က အက္စတြန္ဗီလာပြဲကို ေတာင့္တင္းတဲ့ လူစာရင္း ထုတ္မယ္လို႔ အာမခံခ်က္ မေပးပါဘူး။

ကေလာ့ပ္က ” အက္စတြန္ဗီလာပြဲနဲ႔ ယူႏုိက္တက္ပြဲ မတိုင္ခင္မွာ က်ေနာ္တို႔ ၈ ရက္ အခ်ိန္ရပါတယ္။ ေလ့က်င့္ေရးနဲ႔ ပက္သက္လို႔ အမ်ားၾကီး အလုပ္လုပ္ႏုိင္မွာျဖစ္သလို အဲ့တာကလည္း အကူအညီ ျဖစ္ပါလိမ့္မယ္။

က်ေန္ာတို႔ ဟန္ခ်က္ညီတဲ့ အသင္းတစ္သင္းကို ရွာေဖြဖို႔ လိုပါတယ္။ လန္းဆန္းေနတဲ့ ေျခေထာက္ေတြ လိုပါတယ္။ အေျပာင္းအလဲေတြ အမ်ားၾကီး လုပ္ဖို႔ရာက ျပိဳင္ဘက္ကလည္း ေတာင့္တင္းလြန္းပါတယ္ ” လို႔ ထုတ္ေျပာသြားခဲ့တာ ျဖစ္ပါတယ္။