အက်စတွန်ဗီလာအသင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု မြင့်တက်နေတာကြောင့် ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲကို ယူ-၂၃ အသင်းနဲ့ အကယ်ဒမီ အသင်းသားတွေပဲ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ဒီပွဲမှာ စီနီယာအသင်းမန်နေဂျာ ဒန်စမစ်ကော၊ စီနီယာအသင်းသားတွေပါ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အိမ်ရှင်အသင်းက ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် ထပ်မံ စစ်ဆေးမှုမှာ ပိုမတွေးမှုနှုန်း ဘယ်လောက် လျော့ကျမလဲပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒန်စမစ်အစား ယူ-၂၃ နည်းပြ မက်ဒီလာနေ ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာဟာ ပိုးတွေ့ရှိမှု များပြားခြင်းကြောင့် ၎င်းတို့ရဲ့ လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်လိုက်ပြီဖြစ်ကာ ပထမအသင်းသား အများအပြားနဲ့ အသင်းဝန်ထမ်းတွေကို သီးသန့်ထားမှုတွေ လုပ်ထားပါတယ်။ ၎င်းတို့ဟာ လီဗာပူးပွဲ မတိုင်ခင် တစ်ကြိမ် ထပ်စစ်ဆေးခံရပါမယ်။

ပြိုင်ပွဲ မတိုင်ခင် ၂၄ နာရီမှာ ကစားသမားတွေ လေ့ကျင့်ရေး မဝင်နိုင်တာကြောင့် စီနီယာအသင်းဖြင့် ယှဉ်ပြိုင်စေဖို့ မဖြစ်နိုင်တော့တာလို့ Goal က ဖော်ပြသွားတယ်။ လူငယ်အသင်းကလည်း ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ ပွဲကစားဖို့ စီစဉ်ထားပေမယ့် ဒါဘီအသင်းမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာရကာ အဆိုပါ ပွဲစဉ်လည်း ပျက်ခဲ့တယ်လို့ သိရတယ်။

သောကြာနေ့ မတိုင်ခင် မီဒီယာတွေ့ဆုံမှုမှာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ အသင်းမှာ ပိုးတွေ့သူ မရှိဘူးလို့ ထုတ်ပြောထားတယ်။ ပွဲမတိုင်ခင် နောက်ဆုံး စစ်ဆေးမှုတွေကိုတော့ ထပ်လုပ်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာအသင္းမွာ ကိုဗစ္-၁၉ ကူးစက္ခံရမႈ ျမင့္တက္ေနတာေၾကာင့္ ဒီကေန႔ညမွာ ယွဥ္ျပိဳင္ကစားမယ့္ အက္ဖ္ေအဖလား တတိယအဆင့္ပြဲကို ယူ-၂၃ အသင္းနဲ႔ အကယ္ဒမီ အသင္းသားေတြပဲ ပါဝင္ ယွဥ္ျပိဳင္သြားမယ္လို႔ သိရပါတယ္။

ဒီပြဲမွာ စီနီယာအသင္းမန္ေနဂ်ာ ဒန္စမစ္ေကာ၊ စီနီယာအသင္းသားေတြပါ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ အိမ္ရွင္အသင္းက ရင္ဆိုင္ရမယ့္ပြဲ မတိုင္ခင္ ထပ္မံ စစ္ေဆးမႈမွာ ပိုမေတြးမႈႏႈန္း ဘယ္ေလာက္ ေလ်ာ့က်မလဲေပၚ မူတည္ျပီး အေျပာင္းအလဲ ရွိႏုိင္ပါတယ္။ ဒါေပမယ့္ ဒန္စမစ္အစား ယူ-၂၃ နည္းျပ မက္ဒီလာေန ကိုင္တြယ္သြားဖို႔ ရွိေနပါတယ္။

အက္စတြန္ဗီလာဟာ ပိုးေတြ႔ရွိမႈ မ်ားျပားျခင္းေၾကာင့္ ၄င္းတို႔ရဲ႕ ေလ့က်င့္ေရးကြင္းကိုလည္း ပိတ္လုိက္ျပီျဖစ္ကာ ပထမအသင္းသား အမ်ားအျပားနဲ႔ အသင္းဝန္ထမ္းေတြကို သီးသန္႔ထားမႈေတြ လုပ္ထားပါတယ္။ ၄င္းတို႔ဟာ လီဗာပူးပြဲ မတိုင္ခင္ တစ္ၾကိမ္ ထပ္စစ္ေဆးခံရပါမယ္။

ျပိဳင္ပြဲ မတိုင္ခင္ ၂၄ နာရီမွာ ကစားသမားေတြ ေလ့က်င့္ေရး မဝင္ႏုိင္တာေၾကာင့္ စီနီယာအသင္းျဖင့္ ယွဥ္ျပိဳင္ေစဖို႔ မျဖစ္ႏုိင္ေတာ့တာလို႔ Goal က ေဖာ္ျပသြားတယ္။ လူငယ္အသင္းကလည္း ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းနဲ႔ ပြဲကစားဖို႔ စီစဥ္ထားေပမယ့္ ဒါဘီအသင္းမွာ ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္လာရကာ အဆိုပါ ပြဲစဥ္လည္း ပ်က္ခဲ့တယ္လို႔ သိရတယ္။

ေသာၾကာေန႔ မတိုင္ခင္ မီဒီယာေတြ႔ဆံုမႈမွာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ အသင္းမွာ ပိုးေတြ႔သူ မရွိဘူးလို႔ ထုတ္ေျပာထားတယ္။ ပြဲမတိုင္ခင္ ေနာက္ဆံုး စစ္ေဆးမႈေတြကိုေတာ့ ထပ္လုပ္ရဦးမွာ ျဖစ္ပါတယ္။