လီဗာပူးဟာ အပြောင်းအရွှေ့ဈေးကွက်ဖြင့် ာ ပြဿနာကို ဖြေရှင်းဖို့ မလုပ်ဘဲနဲ့ ခံစစ် အားနည်းချက်ကို ကိုင်တွယ်ဖို့ လိုမယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ယာဂင်ကလော့ပ်က အသင်းပိုင်ရှင်တွေအပေါ် ဝေဖန်နေမှုနဲ့ ပက်သက်လို့ ပြန်လည် ရှင်းလင်း ပြောဆိုပါတယ်။

ဒီရာသီ လီဗာပူးရဲ့ ဒဏ်ရာပြဿနာဟာ အတော်လေး ဆိုးရွားနေခဲ့ပြီး ဗန်ဒိုက်နဲ့ ဂျိုဂိုးမက်တို့က ရာသီလက်ကျန်ကို လွဲချော်ရမှာဖြစ်သလို လက်ရှိမှာ မာတစ်ကလဲ ဒဏ်ရာရနေတာပါ။
ကလော့ပ်ဟာ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ညိုကို ဗဟိုခံစစ်မှ ာကစားစေခဲ့ပြီး နောက်တန်းမှာ ကာဗာပေးဖို့ အကယ်ဒမီထွက်တွေဖြစ်တဲ့ ရိုင်းဝီလီယံနဲ့ နာသန်နီရယ် ဖီးလစ်တို့ကို ခေါ်ယူခဲ့တာလဲ ဖြစ်ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါကတော့ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ထိန်းသိမ်းနိုင်ဖို့အတွက် ဒီလထဲမှာ ဗဟိုနာက်ခံလူတစ်ယောက် ခေါ်ယူဖို့ အရေးတကြီး လိုအပ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ကလော့ပ်ကတော့ ကိုဗစ်ကြောင့် ဘဏ္ဍာရေးထိခိုက်မှုအရ လူဝယ်ဖို့ ခက်ခဲနေတာကြောင့် သူ့အနေနဲ့ အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဖင်န်ဝေး အားကစားအုပ်စုနဲ့ တစ်သဘောတည်းရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကလော့ပ်က “ ကောင်းတဲ့အချိန်တွေမှာ လူတိုင်းက ငါတို့ရဲ့ ကလပ်ပိုင်ရှင်တွေက တကယ်ကို ရက်ရောကြတယ်လို့ ထင်ကြပါတယ်။ ဆိုးရွားတဲ့ အချိန်တွေမှာတော့ သူတို့ကို ကပ်စေးနည်းတယ်လို့ ထင်ကြတယ်။ ဒီလိုတွေ ထင်ကြတာက သူတို့က အခြား နိုင်ငံကနေ လာကြတဲ့သူတွေမို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုမဟုတ်ပါဘူး။ သူတို့က ကလပ်နဲ့ ကလပ်ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် ရှိပါတယ်။

အခြေအနေကို ကျွန်တော်တို့ နားလည်ဖို့လိုတယ်။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်ကို ကျွန်တော်မြင်တဲ့အတိုင်း သူတို့လဲ မြင်တယ်။ ‘ဒါနဲ့ စကားမစပ် ဗဟိုနောက်ခံလူတစ်ယောက် ခေါ်ရရင် ကောင်းမှာပဲ’လို့ ကျွန်တော်ကပြောပြီး သူတို့က ‘ဝိုး၊ ဗဟိုနောက်ခံလူတစ်ယောက်၊ တကယ်လား? ဘာလို့လဲ?’ ဆိုပြီး ပြောတာမျိုး မဟုတ်ပါဘူး။

ကျွန်တော်တို့ လုပ်နေတဲ့ ကိစ္စက လုံးဝရှင်းပါတယ်။ ဒီအခြေအနေမှာ ဇန်နဝါရီ အပြောင်းအရွှေ့က လုပ်ရကိုင်ရ လွယ်ကူတဲ့ အချိန်မဟုတ်ဘူး။ ဒါ့အပြင်ကို ကျွန်တော်တို့မှာ စိတ်ကြိုက်သုံးနိုင်တဲ့ ပိုက်ဆံမရှိဘူး။

တခြားကလပ်တွေကတော့ ‘ဟင့်အင်း။ ငါတို့မှာ ပိုက်ဆံမရှိဘူး။ ဒါပေမယ့် ငါတို့အသင်းက ဆက်လက်ရှင်သန်ဖို့ ခေါ်ယူမှုတွေ မလုပ်ရဖို့ကလည်း လုံလောက်မှုရှိတယ်။ ဒါကြောင့်လူသစ်တွေ ထပ်မခေါ်ဘူး’လို့ ပြောကြတယ်။

လူသစ် ခေါ်မခေါ် ဆိုတဲ့ကိစ္စက ဖလားကာကွယ်နိုင်မယ့် အခွင့်အရေးအပေါ် သက်ရောက်မှုရှိလား မရှိလားဆိုတာ စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်တော့်အလုပ်က ကျွန်တော် လုပ်နေကျအတိုင်း အခြေအနေတွေကို ကိုင်တွယ်ဖို့ပါ။ ကမ္ဘာကြီးက လုံးဝ ပုံမှန်ဖြစ်သွားပြီဆိုရင် ကျွန်တော်တို့ မှန်ကန်တဲ့ ခေါ်ယူမှုတွေလုပ်ဖို့ ကြိုးစားပါမယ်။ ဒါပေမယ့် အခု ပုံမှန်အနေအထား မဟုတ်သေးတာကြောင့် တခြားပြဿနာတွေကိုမေ့ပြီး ဘောလုံးလောကထဲမှာ လုပ်ချင်ရာလျှောက်လုပ်နေလို့မရပါဘူး။

ကျွန်တော်က ဘောလုံးပရိသတ်တစ်ယောက်ပါ။ ဒါပေမယ့် ဒီမှာ ပရိသတ်အနေနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘူး။ မန်နေဂျာတစ်ယောက်အနေနဲ့ လုပ်နေတာပါ။ ပရိသတ်တစ်ယောက်အနေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ ဗဟိုခံစစ်တစ်ယောက် လိုနေတာကို မြင်ပါတယ်။ တခြားကလပ်ကနေ နောက်ခံလူကောင်းတစ်ယောက်ကို ခေါ်ချင်တယ်။ ကျွန်တော် နားလည်ပါတယ်။

ဒါပေမယ့် ကျွန်တော့် အလုပ်က အဲ့လိုမဟုတ်ဘူး။ ပြဿနာကို ကိုင်တွယ်ဖို့ ရှိတဲ့ ကစားသမားတွေကို တတ်နိုင်သလောက် တောင့်တင်းအောင် လုပ်ဖို့ပဲ တတ်နိုင်ပါတယ်။ ဗဟိုခံစစ်တစ်ယောက်က ကျွန်တော်တို့ရဲ ပြဿနာအားလုံးကို ဖြေရှင်းပေးမှာလား? တစ်ပွဲ နှစ်ပွဲကစားပြီး သူလဲ ဒဏ်ရာရသွားနိုင်ပါတယ်။ ဒါက အပြောင်းအလဲ အများဆုံး အခြေအနေဖြစ်နေတယ်။

အသင်းမှာ စီနီယာ ဗဟိုနောက်ခံလူ ၃ ယောက်ရှိပြီး အားလုံး ဒဏ်ရာရထားတယ်။ ဒါက ဖြစ်လေ့ဖြစ်ထမရှိပေမယ့် အခု ဖြစ်သွားတယ်။ ဒါကို ကျွန်တော်တို့ ကိုင်တွယ်ရမှာဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်မှာတော့ ဒီပြဿာနာကို ဖြေရှင်းလို့ မရပါဘူး။

ကလပ်က တတ်နိုင်သလောက် ကြိုးစားနေတယ်။ ဒါပေမယ့် သူတို့ မတတ်နိုင်ရင် ကျွန်တော်တို့ လုပ်ခဲ့တဲ့အတိုင်းပဲ လုပ်ရမှာပါ။ အသင်းကိုပဲ တတ်နိုင်သလောက် စုစည်းပြီး တောင့်တင်းအောင်လုပ်မယ်။ ရှိသလောက်နဲ့ တိုက်ပွဲဝင်မယ်။ အကောင်းဆုံးကြိုးစားမယ်။ ဒါပါပဲ”လို့ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ျဖင့္ ာ ျပႆနာကို ေျဖရွင္းဖို႔ မလုပ္ဘဲနဲ႔ ခံစစ္ အားနည္းခ်က္ကို ကိုင္တြယ္ဖို႔ လိုမယ္ဆိုတဲ့ ေျပာဆိုမႈနဲ႔အတူ ယာဂင္ကေလာ့ပ္က အသင္းပိုင္ရွင္ေတြအေပၚ ေဝဖန္ေနမႈနဲ႔ ပက္သက္လို႔ ျပန္လည္ ရွင္းလင္း ေျပာဆိုပါတယ္။

ဒီရာသီ လီဗာပူးရဲ႕ ဒဏ္ရာျပႆနာဟာ အေတာ္ေလး ဆိုး႐ြားေနခဲ့ၿပီး ဗန္ဒိုက္နဲ႔ ဂ်ိဳဂိုးမက္တို႔က ရာသီလက္က်န္ကို လြဲေခ်ာ္ရမွာျဖစ္သလို လက္ရွိမွာ မာတစ္ကလဲ ဒဏ္ရာရေနတာပါ။
ကေလာ့ပ္ဟာ ကြင္းလယ္ခံစစ္ကစားသမား ဖာဘင္ညိဳကို ဗဟိုခံစစ္မွ ာကစားေစခဲ့ၿပီး ေနာက္တန္းမွာ ကာဗာေပးဖို႔ အကယ္ဒမီထြက္ေတြျဖစ္တဲ့ ႐ိုင္းဝီလီယံနဲ႔ နာသန္နီရယ္ ဖီးလစ္တို႔ကို ေခၚယူခဲ့တာလဲ ျဖစ္ပါတယ္။

လီဗာပူးေနာက္ခံလူေဟာင္း ေဂ်မီကာေရဂါကေတာ့ လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ ဒီလထဲမွာ ဗဟိုနာက္ခံလူတစ္ေယာက္ ေခၚယူဖို႔ အေရးတႀကီး လိုအပ္တယ္လို႔ ေျပာဆိုခဲ့ေပမယ့္ ကေလာ့ပ္ကေတာ့ ကိုဗစ္ေၾကာင့္ ဘ႑ာေရးထိခိုက္မႈအရ လူဝယ္ဖို႔ ခက္ခဲေနတာေၾကာင့္ သူ႔အေနနဲ႔ အသင္းပိုင္ရွင္ေတြျဖစ္တဲ့ ဖင္န္ေဝး အားကစားအုပ္စုနဲ႔ တစ္သေဘာတည္းရွိေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ကေလာ့ပ္က “ ေကာင္းတဲ့အခ်ိန္ေတြမွာ လူတိုင္းက ငါတို႔ရဲ႕ ကလပ္ပိုင္ရွင္ေတြက တကယ္ကို ရက္ေရာၾကတယ္လို႔ ထင္ၾကပါတယ္။ ဆိုး႐ြားတဲ့ အခ်ိန္ေတြမွာေတာ့ သူတို႔ကို ကပ္ေစးနည္းတယ္လို႔ ထင္ၾကတယ္။ ဒီလိုေတြ ထင္ၾကတာက သူတို႔က အျခား ႏိုင္ငံကေန လာၾကတဲ့သူေတြမို႔ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့လိုမဟုတ္ပါဘူး။ သူတို႔က ကလပ္နဲ႔ ကလပ္ရဲ႕ေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး စိုးရိမ္စိတ္ ရွိပါတယ္။

အေျခအေနကို ကြၽန္ေတာ္တို႔ နားလည္ဖို႔လိုတယ္။ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြရဲ႕ လိုအပ္ခ်က္ကို ကြၽန္ေတာ္ျမင္တဲ့အတိုင္း သူတို႔လဲ ျမင္တယ္။ ‘ဒါနဲ႔ စကားမစပ္ ဗဟိုေနာက္ခံလူတစ္ေယာက္ ေခၚရရင္ ေကာင္းမွာပဲ’လို႔ ကြၽန္ေတာ္ကေျပာၿပီး သူတို႔က ‘ဝိုး၊ ဗဟိုေနာက္ခံလူတစ္ေယာက္၊ တကယ္လား? ဘာလို႔လဲ?’ ဆိုၿပီး ေျပာတာမ်ိဳး မဟုတ္ပါဘူး။

ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ ကိစၥက လုံးဝရွင္းပါတယ္။ ဒီအေျခအေနမွာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕က လုပ္ရကိုင္ရ လြယ္ကူတဲ့ အခ်ိန္မဟုတ္ဘူး။ ဒါ့အျပင္ကို ကြၽန္ေတာ္တို႔မွာ စိတ္ႀကိဳက္သုံးႏိုင္တဲ့ ပိုက္ဆံမရွိဘူး။

တျခားကလပ္ေတြကေတာ့ ‘ဟင့္အင္း။ ငါတို႔မွာ ပိုက္ဆံမရွိဘူး။ ဒါေပမယ့္ ငါတို႔အသင္းက ဆက္လက္ရွင္သန္ဖို႔ ေခၚယူမႈေတြ မလုပ္ရဖို႔ကလည္း လုံေလာက္မႈရွိတယ္။ ဒါေၾကာင့္လူသစ္ေတြ ထပ္မေခၚဘူး’လို႔ ေျပာၾကတယ္။

လူသစ္ ေခၚမေခၚ ဆိုတဲ့ကိစၥက ဖလားကာကြယ္ႏိုင္မယ့္ အခြင့္အေရးအေပၚ သက္ေရာက္မႈရွိလား မရွိလားဆိုတာ စိုးရိမ္ဖို႔ မလိုပါဘူး။ ကြၽန္ေတာ့္အလုပ္က ကြၽန္ေတာ္ လုပ္ေနက်အတိုင္း အေျခအေနေတြကို ကိုင္တြယ္ဖို႔ပါ။ ကမာၻႀကီးက လုံးဝ ပုံမွန္ျဖစ္သြားၿပီဆိုရင္ ကြၽန္ေတာ္တို႔ မွန္ကန္တဲ့ ေခၚယူမႈေတြလုပ္ဖို႔ ႀကိဳးစားပါမယ္။ ဒါေပမယ့္ အခု ပုံမွန္အေနအထား မဟုတ္ေသးတာေၾကာင့္ တျခားျပႆနာေတြကိုေမ့ၿပီး ေဘာလုံးေလာကထဲမွာ လုပ္ခ်င္ရာေလွ်ာက္လုပ္ေနလို႔မရပါဘူး။

ကြၽန္ေတာ္က ေဘာလုံးပရိသတ္တစ္ေယာက္ပါ။ ဒါေပမယ့္ ဒီမွာ ပရိသတ္အေနနဲ႔ အလုပ္လုပ္ေနတာ မဟုတ္ဘူး။ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ လုပ္ေနတာပါ။ ပရိသတ္တစ္ေယာက္အေနနဲ႔ ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ဗဟိုခံစစ္တစ္ေယာက္ လိုေနတာကို ျမင္ပါတယ္။ တျခားကလပ္ကေန ေနာက္ခံလူေကာင္းတစ္ေယာက္ကို ေခၚခ်င္တယ္။ ကြၽန္ေတာ္ နားလည္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ့္ အလုပ္က အဲ့လိုမဟုတ္ဘူး။ ျပႆနာကို ကိုင္တြယ္ဖို႔ ရွိတဲ့ ကစားသမားေတြကို တတ္ႏိုင္သေလာက္ ေတာင့္တင္းေအာင္ လုပ္ဖို႔ပဲ တတ္ႏိုင္ပါတယ္။ ဗဟိုခံစစ္တစ္ေယာက္က ကြၽန္ေတာ္တို႔ရဲ ျပႆနာအားလုံးကို ေျဖရွင္းေပးမွာလား? တစ္ပြဲ ႏွစ္ပြဲကစားၿပီး သူလဲ ဒဏ္ရာရသြားႏိုင္ပါတယ္။ ဒါက အေျပာင္းအလဲ အမ်ားဆုံး အေျခအေနျဖစ္ေနတယ္။

အသင္းမွာ စီနီယာ ဗဟိုေနာက္ခံလူ ၃ ေယာက္ရွိၿပီး အားလုံး ဒဏ္ရာရထားတယ္။ ဒါက ျဖစ္ေလ့ျဖစ္ထမရွိေပမယ့္ အခု ျဖစ္သြားတယ္။ ဒါကို ကြၽန္ေတာ္တို႔ ကိုင္တြယ္ရမွာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ ေဈးကြက္မွာေတာ့ ဒီျပႆာနာကို ေျဖရွင္းလို႔ မရပါဘူး။

ကလပ္က တတ္ႏိုင္သေလာက္ ႀကိဳးစားေနတယ္။ ဒါေပမယ့္ သူတို႔ မတတ္ႏိုင္ရင္ ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့အတိုင္းပဲ လုပ္ရမွာပါ။ အသင္းကိုပဲ တတ္ႏိုင္သေလာက္ စုစည္းၿပီး ေတာင့္တင္းေအာင္လုပ္မယ္။ ရွိသေလာက္နဲ႔ တိုက္ပြဲဝင္မယ္။ အေကာင္းဆုံးႀကိဳးစားမယ္။ ဒါပါပဲ”လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။