လီဗာပူးရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ကိတ်တာ၊ မာတစ်၊ ဂျိုတာတို့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး အက်စတွန်ဗီလာ ပွဲကြိုမှာ ယာဂင်ကလော့ပ်က ထုတ်ပြောခဲ့ပြီ ဖြစ်ပါတယ်။

ကိတ်တာနဲ့ ပက်သက်လို့ မန်နေဂျာ ကလော့ပ်က “ ဟုတ်ပါတယ်၊ မကြာခင် ပြန်ကစားနိုင်တော့မှာပါ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ပွဲမှာတော့ မဟုတ်ပါဘူး ” လို့ ပြောပြခဲ့တယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တာကြောင့် အနားယူနေရတဲ့ မာတစ်က ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ပွဲအမီ သက်သာလာဖို့ မျှော်လင့်နေရဆဲဖြစ်ပါတယ်။ သူဟာ အက်စတွန်ဗီလာပွဲကိုတော့ လွဲချော်သွားမှာပါ။

ကလော့ပ်က “ ကျနေ်ာတို့ ကြိုးစားနေပါတယ်။ ယူနိုက်တက်ပွဲ မတိုင်ခင် ၉ ရက် အချိန်ရသေးတာကြောင့် ကြိုးစားကြည့်ရမှာပါ။ သူက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပေမယ့် ယူနိုက်တက်ပွဲမှာ ပြန်ပါမလား အဲ့ပွဲအပြီးမှ ပြန်ပါနိုင်မလား မသိသေးပါဘူး။

ယူနိုက်တက်နဲ့ ပွဲပြီးခဲ့ရင် ၃ ရက်ကို ၁ ပွဲနှုန်းလောက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲ့အချိန်မှာ ပြန်ကစားနိုင်မှာက သေချာပါတယ်။ ယူနိုက်တက်ပွဲမှာ ပါမလားဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ ” လို့ ပြောပါတယ်။

မစ်ဂျီရန်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဂျိုတာရဲ့ အခြေအနေကိုတော့ “ အချိန်ယူရပါဦးမယ်။ သူ့ခြေထောက်မှာ အထိန်းတပ်ထားရဆဲ ဖြစ်ပါတယ်။ အဲ့တာကြောင့် လေ့ကျင့်ရေးထဲ ပြန်ဝင်လာဖို့ သီတင်းပတ် အနည်းငယ် ယူရပါဦးမယ်။

သိပ်တော့ အများကြီး ပြောစရာ မရှိပါဘူး။ ဒဏ်ရာက အချိန်ယူရမှာပါ။ ခွဲစိတ်မှု လုပ်ဖို့ မလိုခဲ့တာက ကောင်းတဲ့ကိစ္စဖြစ်ခဲ့တယ် ဒါပေမယ့် ဒဏ်ရာက မယ်မယ်ရရ ဒဏ်ရာမျိုး ဖြစ်ပါတယ်။ သေးသေးလေး ထိမိခိုက်မိတာ မဟုတ်ပါဘူး။ ဒါကြောင့် အချိန်ယူရမှာဖြစ်သလို အချိန် အတိအကျ ပြောလို့ မရသေးပါဘူး ” လို့ ရှင်းပြသွားပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ကိတ္တာ၊ မာတစ္၊ ဂ်ိဳတာတို႔ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး အက္စတြန္ဗီလာ ပြဲၾကိဳမွာ ယာဂင္ကေလာ့ပ္က ထုတ္ေျပာခဲ့ျပီ ျဖစ္ပါတယ္။

ကိတ္တာနဲ႔ ပက္သက္လို႔ မန္ေနဂ်ာ ကေလာ့ပ္က “ ဟုတ္ပါတယ္၊ မၾကာခင္ ျပန္ကစားႏုိင္ေတာ့မွာပါ ဒါေပမယ့္ အက္စတြန္ဗီလာနဲ႔ပြဲမွာေတာ့ မဟုတ္ပါဘူး ” လို႔ ေျပာျပခဲ့တယ္။

ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ဒဏ္ရာရသြားခဲ့တာေၾကာင့္ အနားယူေနရတဲ့ မာတစ္က ဇန္နဝါရီလ ၁၇ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ယူႏုိက္တက္ပြဲအမီ သက္သာလာဖို႔ ေမွ်ာ္လင့္ေနရဆဲျဖစ္ပါတယ္။ သူဟာ အက္စတြန္ဗီလာပြဲကိုေတာ့ လြဲေခ်ာ္သြားမွာပါ။

ကေလာ့ပ္က “ က်ေန္ာတို႔ ၾကိဳးစားေနပါတယ္။ ယူႏုိက္တက္ပြဲ မတိုင္ခင္ ၉ ရက္ အခ်ိန္ရေသးတာေၾကာင့္ ၾကိဳးစားၾကည့္ရမွာပါ။ သူက လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနေပမယ့္ ယူႏုိက္တက္ပြဲမွာ ျပန္ပါမလား အဲ့ပြဲအျပီးမွ ျပန္ပါႏုိင္မလား မသိေသးပါဘူး။

ယူႏုိက္တက္နဲ႔ ပြဲျပီးခဲ့ရင္ ၃ ရက္ကို ၁ ပြဲႏႈန္းေလာက္နဲ႔ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ အဲ့အခ်ိန္မွာ ျပန္ကစားႏုိင္မွာက ေသခ်ာပါတယ္။ ယူႏုိက္တက္ပြဲမွာ ပါမလားဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ ” လို႔ ေျပာပါတယ္။

မစ္ဂ်ီရန္ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဂ်ိဳတာရဲ႕ အေျခအေနကိုေတာ့ “ အခ်ိန္ယူရပါဦးမယ္။ သူ႔ေျခေထာက္မွာ အထိန္းတပ္ထားရဆဲ ျဖစ္ပါတယ္။ အဲ့တာေၾကာင့္ ေလ့က်င့္ေရးထဲ ျပန္ဝင္လာဖို႔ သီတင္းပတ္ အနည္းငယ္ ယူရပါဦးမယ္။

သိပ္ေတာ့ အမ်ားၾကီး ေျပာစရာ မရွိပါဘူး။ ဒဏ္ရာက အခ်ိန္ယူရမွာပါ။ ခြဲစိတ္မႈ လုပ္ဖို႔ မလိုခဲ့တာက ေကာင္းတဲ့ကိစၥျဖစ္ခဲ့တယ္ ဒါေပမယ့္ ဒဏ္ရာက မယ္မယ္ရရ ဒဏ္ရာမ်ိဳး ျဖစ္ပါတယ္။ ေသးေသးေလး ထိမိခိုက္မိတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အခ်ိန္ယူရမွာျဖစ္သလို အခ်ိန္ အတိအက် ေျပာလို႔ မရေသးပါဘူး ” လို႔ ရွင္းျပသြားပါတယ္။