လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသင်းမှာ ၁ နှစ်ကြာ ရှိလာခဲ့ပြီဖြစ်တဲ့ မီနာမီနိုဟာ ပိုမို အသားကျလာခဲ့ပါပြီလို့ အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောသွားပါတယ်။
၂၀၂၀ ဇန်နဝါရီမှာ လီဗာပူးအသင်းကို စတင်ရောက်လာပြီးနောက်ပိုင်း သူဟာ ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထာားနိုင်ပါတယ်။ ဆဲလ်ဘတ်မှာ တောက်ပတဲ့ အလားအလာတွေ ပြသခဲ့တဲ့ မီနာမီနိုဟာ လီဗာပူးမှာတော့ တစ်နေရာတည်းမှာ ကစားရခြင်း မရှိဘဲ တိုက်စစ်ပိုင်း နေရာစုံအပြင် ကွင်းလယ်နေရာမှာပါ ကစားနေခဲ့တာပါ။
မီနာမီနိုကို အသုံးမပြုတဲ့ ကိစ္စနဲ့ မေးမြန်းခံရချိန်မှာ ကလော့ပ်က အသင်းလူစာရင်းမှာ မီနာမီနိုကို ထည့်သွင်းဖို့ စဉ်းစားထားပါကြောင်း ပြောဆိုတယ်။ ကိုဗစ်ကပ်ဘေးမှာ အင်္ဂလန်ရဲ့ ခက်ခဲတဲ့ လေ့ကျင့်ရေးတွေအတွင်း မီနာမီနို အသားကျဖို့ ကြိုးစားနေရကာ ကြံ့ခိုင်မှု ကောင်းနေပါတယ်လို့ပဲ ပြန်ဖြေပေးခဲ့ပါတယ်။
ယာဂင်ကလော့ပ်က ပြောရာမှာ “ အသင်းသစ် တစ်သင်းကို ပြောင်းလာပြီဆိုရင် အဲ့ကစားသမားက ကလပ်အတွက် သွင်းဂိုး ၂၀၊ ၃၀၊ ၄၀ လောက်ထိ သွင်းယူပေးဖို့ လူတိုင်းက မျှော်လင့်ကြတာပါပဲ။
မီနာမီနိုက ပုံစံကောင်းမှာ ရှိနေပါတယ်။ ကြံ့ခိုင်မှု သိပ်ကောင်းနေတဲ့ အနေအထားဖြစ်တယ်။ သူက တိုးတက်လာနေပြီး သူ့ရဲ့ ပုံစံအတိုင်းပါပဲ။ ကျနေ်ာတို့ လက်မှတ်ထိုးတုန်းက သူက ကစားသမားကောင်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်မှုနဲ့ လေ့ကျင့်ရေးတွေမှာ အသားကျဖို့ ကြိုးစားရမှုတွေ ရှိပါတယ်။
မီနာမီနိုက ခြေလှမ်းကြီးတွေကို လုပ်ခဲ့တာပါ။ သူနောက်ဆုံး ကစားခဲ့တာက ပဲလေစ့်ပွဲဖြစ်ပြီး အဲ့ပွဲနောက်ပိုင်း ကျနော်တို့ နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့တယ်။ ဒီတော့ ကျနေ်ာတို့ သူ့ကို နေရာပေးဖို့ လိုတယ်ဆိုတာ မှန်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI