အက်စတွန်ဗီလာအသင်းက ဒီည ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲကို မူလ အစီအစဉ်အတိုင်းပဲ ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုလိုက်ပါပြီ။

ဗီလာစီနီယာအသင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်နေခြင်းကြောင့် စီနီယာအသင်းသားတွေနဲ့ အသင်းဝန်ထမ်းတွေကို သီးသန့်ထား စောင့်ကြည့်နေတာဖြစ်တယ်။ ဒီညပွဲမှာတော့ စီနီယာမန်နေဂျာ ဒန်းစမစ်နဲ့ စီနီယာအသင်းသားတွေ ပါခွင့်ရမှာ မဟုတ်ဘဲ ယူ-၂၃ နည်းပြနဲ့ လူငယ် ကစားသမားတွေပဲ ပါဝင်လာမှာပါ။

အက်စတွန်ဗီလာဘက်က ထုတ်ပြန်တဲ့ စာမှာတော့ “ ဒီည ဗီလာပက်ခ်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲကို ယှဉ်ပြိုင်စေမှာဖြစ်ကြောင်း အက်စတွန်ဗီလာဘက်က အတည်ပြုပါတယ် ” လို့ ဖြစ်ပါတယ်။

၎င်းတို့အသင်းက ယူ-၂၃ အသင်းနဲ့ ယူ-၁၈ အသင်းတို့မှ ကစားသမားတွေကို ပါဝင်စေတဲ့ အသင်းနဲ့ ပွဲထွက်လာမှာဖြစ်တယ်။ ဒန်းစမစ်အပြင် လက်ထောက်နည်းပြတွေဖြစ်တဲ့ ဂျွန်တယ်ရီ၊ ရှိတ်စပီးယားနဲ့ အိုကယ်လီတို့လည်း တက်ရောက်နိုင်မှာ မဟုတ်သလို စီနီယာ အသင်းသား တစ်ဦးမှ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

လူငယ်အသင်းကလည်း ဆေးစစ်မှုတွေ ခံယူရမှာဖြစ်ပြီး လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပါဝင်နိုင်ဖို့ရာ negative ရလဒ်တွေ ထွက်ဖို့ လိုအပ်မှာဖြစ်တယ်။ လူငယ်အသင်းက စီနီယာအသင်းနဲ့ မတူညီတဲ့ နေရာတွေမှာ လေ့ကျင့်ထားတာဖြစ်လို့ သူတို့ ယှဉ်ပြိုင်သွားနိုင်မယ်လို့ အက်စတွန်ဗီလာဘက်က ယုံကြည်နေတယ်။

ဒါပေမယ့်လို့ ပွဲမတိုင်ခင် ဗီလာ လူငယ်အသင်းမှာ ကိုဗစ်ပိုးတွေ့မယ်ဆိုရင်တော့ ပွဲစဉ်ကို ချက်ခြင်း ပယ်ဖျက်သွားမှာဖြစ်တယ်။ ဒီပွဲမှာ လီဗာပူးအသင်းဘက်က ကလော့ပ် ပါဝင်တဲ့ စီနီယာအသင်းနဲ့ ပြိုင်ရဖွယ်ရှိပြီး ဘယ်လို လူစာရင်း ထုတ်မလဲတော့ သတင်း မသိရသေးပါဘူး။

ZAWGYI

အက္စတြန္ဗီလာအသင္းက ဒီည ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ပြဲကို မူလ အစီအစဥ္အတိုင္းပဲ ယွဥ္ျပိဳင္သြားမယ္လို႔ အတည္ျပဳလိုက္ပါျပီ။

ဗီလာစီနီယာအသင္းမွာ ကုိဗစ္ကူးစက္မႈ ျမင့္တက္ေနျခင္းေၾကာင့္ စီနီယာအသင္းသားေတြနဲ႔ အသင္းဝန္ထမ္းေတြကို သီးသန္႔ထား ေစာင့္ၾကည့္ေနတာျဖစ္တယ္။ ဒီညပြဲမွာေတာ့ စီနီယာမန္ေနဂ်ာ ဒန္းစမစ္နဲ႔ စီနီယာအသင္းသားေတြ ပါခြင့္ရမွာ မဟုတ္ဘဲ ယူ-၂၃ နည္းျပနဲ႔ လူငယ္ ကစားသမားေတြပဲ ပါဝင္လာမွာပါ။

အက္စတြန္ဗီလာဘက္က ထုတ္ျပန္တဲ့ စာမွာေတာ့ “ ဒီည ဗီလာပက္ခ္မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ပြဲကို ယွဥ္ျပိဳင္ေစမွာျဖစ္ေၾကာင္း အက္စတြန္ဗီလာဘက္က အတည္ျပဳပါတယ္ ” လို႔ ျဖစ္ပါတယ္။

၄င္းတို႔အသင္းက ယူ-၂၃ အသင္းနဲ႔ ယူ-၁၈ အသင္းတို႔မွ ကစားသမားေတြကို ပါဝင္ေစတဲ့ အသင္းနဲ႔ ပြဲထြက္လာမွာျဖစ္တယ္။ ဒန္းစမစ္အျပင္ လက္ေထာက္နည္းျပေတြျဖစ္တဲ့ ဂၽြန္တယ္ရီ၊ ရွိတ္စပီးယားနဲ႔ အိုကယ္လီတို႔လည္း တက္ေရာက္ႏုိင္မွာ မဟုတ္သလို စီနီယာ အသင္းသား တစ္ဦးမွ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။

လူငယ္အသင္းကလည္း ေဆးစစ္မႈေတြ ခံယူရမွာျဖစ္ျပီး လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ ပါဝင္ႏုိင္ဖို႔ရာ negative ရလဒ္ေတြ ထြက္ဖို႔ လိုအပ္မွာျဖစ္တယ္။ လူငယ္အသင္းက စီနီယာအသင္းနဲ႔ မတူညီတဲ့ ေနရာေတြမွာ ေလ့က်င့္ထားတာျဖစ္လုိ႔ သူတို႔ ယွဥ္ျပိဳင္သြားႏုိင္မယ္လို႔ အက္စတြန္ဗီလာဘက္က ယံုၾကည္ေနတယ္။

ဒါေပမယ့္လို႔ ပြဲမတိုင္ခင္ ဗီလာ လူငယ္အသင္းမွာ ကိုဗစ္ပိုးေတြ႔မယ္ဆိုရင္ေတာ့ ပြဲစဥ္ကို ခ်က္ျခင္း ပယ္ဖ်က္သြားမွာျဖစ္တယ္။ ဒီပြဲမွာ လီဗာပူးအသင္းဘက္က ကေလာ့ပ္ ပါဝင္တဲ့ စီနီယာအသင္းနဲ႔ ျပိဳင္ရဖြယ္ရွိျပီး ဘယ္လို လူစာရင္း ထုတ္မလဲေတာ့ သတင္း မသိရေသးပါဘူး။