လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခံစစ်မှူးသစ် ခေါ်ယူသွားဖို့ မရှိဘဲ လက်ရှိ လူစာရင်းအတိုင်းပဲ ယှဉ်ပြိုင်မှာဖြစ်တယ်။ ဒါပေမယ့်လို့ ခံစစ်အတွက် အစီအစဉ် မရှိတာမျိုး မဟုတ်ပါဘူး။

Independent သတင်းဌာနမှ လီဗာပူးသတင်းထောက် Melissa Reddy က ဖော်ပြရာမှာ လီဗာပူးဟာ ၂၀၁၇ တုန်းက ဗန်ဒိုက်ကို ကမ္ဘာစံချိန်တင်ကြေးပေးပြီး ခေါ်ယူရေး ပြုလုပ်ခြင်း မတိုင်ခင် ခံစစ်အတွက် ရှာဖွေမှုတွေ အများကြီး လုပ်ခဲ့သလို ဒီတစ်ကြိမ်မှာလည်း ရှာဖွေမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ကူလီဘာလေ၊ လာပေါ်တေး၊ အကန်ဂျီ၊ ဂျီမီနက်စ်တို့လို ကစားသမားတွေကိုလည်း စောင့်ကြည့်ခဲ့တယ်။ ဒါပေမယ့်လို့ အကောင်းဆုံး အလားအလာရှိသူအဖြစ် ဗန်ဒိုက်ကိုပဲ မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ အူပါမီကာနို၊ ဂါဘက်နဲ့ ဘမ်ဝိုက်တို့ဟာ လီဗာပူးရဲ့ စိတ်ဝင်စားစာရင်းထဲမှာ ရှိနေခဲ့တယ်။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာရချိန်မှာ အသင်းပရိသတ်တွေက ခံစစ်သမားသစ် အားဖြည့်တာကို မြင်လိုပေမယ့် မန်နေဂျာတစ်ယောက်အဖြစ် အဲ့တာက အလုပ်ဖြစ်ဖို့ မသေချာတဲ့ အနေအထားကို အသင်းပိုင်ရှင်တွေထံ ဖိအားပေး တောင်းဆိုခြင်းကို ကလော့ပ်က မလုပ်လိုဘူး။

နွေတုန်းကလည်း ဂျိုတာကို ခေါ်ယူခဲ့ပေမယ့် ဘဏ္ဍာရေး အခြေအနေအရ ကနဦး ပြောင်းရွှေ့ကြေးရဲ့ ၁၀% ပဲ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပြောင်းရွှေ့ကြေးဟာ ဟိုဗာထံကရတဲ့ ပေါင် ၁၃.၅ သန်းဖြင့် တစ်စိတ်တစ်ဒေသ ပေးချေခဲ့တာဖြစ်တယ်။ သီယာဂိုအတွက်လည်း ပေါင် သန်း ၂၀ အာမခံတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေခဲ့တယ်။

ကလပ်အတွက် လိုအပ်တဲ့ ဘယ်အစွန်၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတွေကို အားဖြည့်ပြီးတဲ့နောက် အသင်းဘက်က ခံစစ်မှူးနေရာအတွက် ပြန်လည် အာရုံစိုက်လာပါတယ်။ ရေရှည်အတွက် ရည်ရွယ်တဲ့ ခံစစ်မှူးကောင်း နှစ်ဦးကို ခေါ်ယူသွားဖို့ရှိပြီး အဲ့အတွက်လည်း ဒီရာသီကုန်ထိ စောင့်ကြည့် ရှာဖွေမှုတွေ ပြုလုပ်သွားမှာပါ။

ခံစစ်မှာ ပြဿနာတွေရှိနေတာကြောင့် အလောတကြီး ခေါ်ယူမှုဖြင့် အရဲစွန့်မှုတွေကို လုပ်မယ့်အစား အသင်းနဲ့ သင့်လျော် အံဝင်မယ့် ခံစစ်မှူး နှစ်ဦးကို နွေမှ ခေါ်ယူသွားဖို့က လီဗာပူးအသင်းရဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ခံစစ္မွဴးသစ္ ေခၚယူသြားဖို႔ မရွိဘဲ လက္ရွိ လူစာရင္းအတိုင္းပဲ ယွဥ္ျပိဳင္မွာျဖစ္တယ္။ ဒါေပမယ့္လို႔ ခံစစ္အတြက္ အစီအစဥ္ မရွိတာမ်ိဳး မဟုတ္ပါဘူး။

Independent သတင္းဌာနမွ လီဗာပူးသတင္းေထာက္ Melissa Reddy က ေဖာ္ျပရာမွာ လီဗာပူးဟာ ၂၀၁၇ တုန္းက ဗန္ဒိုက္ကို ကမၻာစံခ်ိန္တင္ေၾကးေပးျပီး ေခၚယူေရး ျပဳလုပ္ျခင္း မတိုင္ခင္ ခံစစ္အတြက္ ရွာေဖြမႈေတြ အမ်ားၾကီး လုပ္ခဲ့သလို ဒီတစ္ၾကိမ္မွာလည္း ရွာေဖြမႈေတြ လုပ္ေနတယ္လို႔ ဆိုပါတယ္။

ကူလီဘာေလ၊ လာေပၚေတး၊ အကန္ဂ်ီ၊ ဂ်ီမီနက္စ္တို႔လို ကစားသမားေတြကိုလည္း ေစာင့္ၾကည့္ခဲ့တယ္။ ဒါေပမယ့္လို႔ အေကာင္းဆံုး အလားအလာရွိသူအျဖစ္ ဗန္ဒိုက္ကိုပဲ ျမင္ခဲ့တာ ျဖစ္ပါတယ္။

ဒီတစ္ၾကိမ္မွာေတာ့ အူပါမီကာႏို၊ ဂါဘက္နဲ႔ ဘမ္ဝိုက္တို႔ဟာ လီဗာပူးရဲ႕ စိတ္ဝင္စားစာရင္းထဲမွာ ရွိေနခဲ့တယ္။ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ဒဏ္ရာရခ်ိန္မွာ အသင္းပရိသတ္ေတြက ခံစစ္သမားသစ္ အားျဖည့္တာကို ျမင္လိုေပမယ့္ မန္ေနဂ်ာတစ္ေယာက္အျဖစ္ အဲ့တာက အလုပ္ျဖစ္ဖို႔ မေသခ်ာတဲ့ အေနအထားကို အသင္းပိုင္ရွင္ေတြထံ ဖိအားေပး ေတာင္းဆိုျခင္းကို ကေလာ့ပ္က မလုပ္လိုဘူး။

ေႏြတုန္းကလည္း ဂ်ိဳတာကို ေခၚယူခဲ့ေပမယ့္ ဘ႑ာေရး အေျခအေနအရ ကနဦး ေျပာင္းေရႊ႔ေၾကးရဲ႕ ၁၀% ပဲ ေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ အဆိုပါ ေျပာင္းေရႊ႔ေၾကးဟာ ဟိုဗာထံကရတဲ့ ေပါင္ ၁၃.၅ သန္းျဖင့္ တစ္စိတ္တစ္ေဒသ ေပးေခ်ခဲ့တာျဖစ္တယ္။ သီယာဂိုအတြက္လည္း ေပါင္ သန္း ၂၀ အာမခံတဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးေခ်ခဲ့တယ္။

ကလပ္အတြက္ လိုအပ္တဲ့ ဘယ္အစြန္၊ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းေတြကို အားျဖည့္ျပီးတဲ့ေနာက္ အသင္းဘက္က ခံစစ္မွဴးေနရာအတြက္ ျပန္လည္ အာရံုစိုက္လာပါတယ္။ ေရရွည္အတြက္ ရည္ရြယ္တဲ့ ခံစစ္မွဴးေကာင္း ႏွစ္ဦးကို ေခၚယူသြားဖို႔ရွိျပီး အဲ့အတြက္လည္း ဒီရာသီကုန္ထိ ေစာင့္ၾကည့္ ရွာေဖြမႈေတြ ျပဳလုပ္သြားမွာပါ။

ခံစစ္မွာ ျပႆနာေတြရွိေနတာေၾကာင့္ အေလာတၾကီး ေခၚယူမႈျဖင့္ အရဲစြန္႔မႈေတြကို လုပ္မယ့္အစား အသင္းနဲ႔ သင့္ေလ်ာ္ အံဝင္မယ့္ ခံစစ္မွဴး ႏွစ္ဦးကို ေႏြမွ ေခၚယူသြားဖို႔က လီဗာပူးအသင္းရဲ႕ အစီအစဥ္ျဖစ္တယ္လို႔ သိရပါတယ္။