ပဲလေစ့်တိုက်စစ်သမား ဇာဟာက ပရီးမီးယားလိဂ်မှာ သူ အလေးထားရတဲ့ ခံစစ်သမားဆိုလို ဗန်ဒိုက် တစ်ဦးတည်းရှိကြောင်းကို ထုတ်ဖော် ဝန်ခံမှု လုပ်သွားပါတယယ်။

တောင်ပံမှာ မြန်ဆန်လွန်းသလို လှိမ်ခေါက် ကျော်ဖြတ်မှုလည်း ကောင်းမွန်တဲ့ ဇာဟာက ရင်ဆိုင်ရမယ့် ခံစစ်သမားတွေနဲ့ ပက်သက်လို့ သိပ်ပြီး ဂရုမစိုက်ပေမယ့် ဗန်ဒိုက်ကိုတော့ ရှိန်တဲ့အကြောင်း ဝန်ခံခဲ့တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမားတွေထဲက တစ်ဦးလို့ ညွှန်းဆိုကြတဲ့ ဖာဒီနန်ထက်တောင် ခံစစ်ပိုင်း အရည်အချင်း များစွာမှာ ဗန်ဒိုက်က သာလွန်တယ်လို့ သူက မြင်ပါတယ်။

ဇာဟာက ပြောရာမှာ “ ဗန်ဒိုက်က မြန်တယ်၊ တည်ငြိမ်တယ်၊ သန်မာတယ်။ ခံစစ်သမားကောင်းတွေ ရှိရမယ့် အရည်အချင်းတွေ အားလုံး သူ့မှာရှိပါတယ်။ ဖာဒီနန်က စိတ်တည်ငြိမ်မှုပိုင်းမှာ တစ်ဆင့်သာနေတာကလွဲရင် ကျန်တဲ့ အချက်တွေ အားလုံးမှာ ဗန်ဒိုက်က သာလွန်နေပါတယ်။

ထောက်ပြရမယ်ဆိုရင် အမြင့်ဘောကနေ ကျလာတဲ့ ဘောလုံးကို ယှဉ်လုရင်း တစ်ချက်လောက် တိုက်ချပြီး ပြိုင်ဘက် တိုက်စစ်သမားကို လှည့်ထုတ်ကာ ဘောလုံးကို ပြန်ဦးနိုင်ဖို့ သူက လုံလောက်အောင် မြန်ဆန်တာမျိုးပေါ့။

ခံစစ်သမားတွေနဲ့ ရင်ဆိုင်ရာမှာ ကျနော်က ပြိုင်ဘက် ခံစစ်သမားတွေရဲ့ ပွဲတွေကို သိပ်ပြီး ကြည့်လေ့ မရှိပါဘူး။ လီဗာပူးကို ရင်ဆိုင်ကစားချိန်မှာတော့ ဗန်ဒိုက်ကို ဘယ်လို ကျော်ဖြတ်ရမလဲ? ဆိုတာကို လေ့လာကြည့်ရှုရပါတယ် ” လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗန်ဒိုက် မရှိချိန်မှာ ရလဒ်ကောင်း ယူနိုင်ဖို့ကို ကြိုးစားနိုင်ခဲ့ပေမယ့် ကစားကွက် တည်ဆောက်မှုနဲ့ ခံစစ်သမားတွေ ပါဝင်ရတဲ့ လွှမ်းမိုးကစားနိုင်စွမ်းမှာတော့ အားနည်းလာခဲ့ပြီး ဒီနောက်ပိုင်းမှာ ရလဒ်တွေ ထိခိုက်လာနေတာ ဖြစ်ပါတယ်။

ZAWGYI

ပဲေလစ့္တိုက္စစ္သမား ဇာဟာက ပရီးမီးယားလိဂ္မွာ သူ အေလးထားရတဲ့ ခံစစ္သမားဆိုလို ဗန္ဒိုက္ တစ္ဦးတည္းရွိေၾကာင္းကို ထုတ္ေဖာ္ ဝန္ခံမႈ လုပ္သြားပါတယယ္။

ေတာင္ပံမွာ ျမန္ဆန္လြန္းသလို လွိမ္ေခါက္ ေက်ာ္ျဖတ္မႈလည္း ေကာင္းမြန္တဲ့ ဇာဟာက ရင္ဆိုင္ရမယ့္ ခံစစ္သမားေတြနဲ႔ ပက္သက္လို႔ သိပ္ျပီး ဂရုမစိုက္ေပမယ့္ ဗန္ဒိုက္ကိုေတာ့ ရွိန္တဲ့အေၾကာင္း ဝန္ခံခဲ့တယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ခံစစ္သမားေတြထဲက တစ္ဦးလို႔ ညႊန္းဆိုၾကတဲ့ ဖာဒီနန္ထက္ေတာင္ ခံစစ္ပိုင္း အရည္အခ်င္း မ်ားစြာမွာ ဗန္ဒိုက္က သာလြန္တယ္လို႔ သူက ျမင္ပါတယ္။

ဇာဟာက ေျပာရာမွာ “ ဗန္ဒိုက္က ျမန္တယ္၊ တည္ျငိမ္တယ္၊ သန္မာတယ္။ ခံစစ္သမားေကာင္းေတြ ရွိရမယ့္ အရည္အခ်င္းေတြ အားလံုး သူ႔မွာရွိပါတယ္။ ဖာဒီနန္က စိတ္တည္ျငိမ္မႈပိုင္းမွာ တစ္ဆင့္သာေနတာကလြဲရင္ က်န္တဲ့ အခ်က္ေတြ အားလံုးမွာ ဗန္ဒိုက္က သာလြန္ေနပါတယ္။

ေထာက္ျပရမယ္ဆိုရင္ အျမင့္ေဘာကေန က်လာတဲ့ ေဘာလံုးကို ယွဥ္လုရင္း တစ္ခ်က္ေလာက္ တိုက္ခ်ျပီး ျပိဳင္ဘက္ တိုက္စစ္သမားကို လွည့္ထုတ္ကာ ေဘာလံုးကို ျပန္ဦးႏုိင္ဖို႔ သူက လံုေလာက္ေအာင္ ျမန္ဆန္တာမ်ိဳးေပါ့။

ခံစစ္သမားေတြနဲ႔ ရင္ဆိုင္ရာမွာ က်ေနာ္က ျပိဳင္ဘက္ ခံစစ္သမားေတြရဲ႕ ပြဲေတြကို သိပ္ျပီး ၾကည့္ေလ့ မရွိပါဘူး။ လီဗာပူးကို ရင္ဆိုင္ကစားခ်ိန္မွာေတာ့ ဗန္ဒိုက္ကို ဘယ္လို ေက်ာ္ျဖတ္ရမလဲ? ဆိုတာကို ေလ့လာၾကည့္ရႈရပါတယ္ ” လို႔ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဗန္ဒိုက္ မရွိခ်ိန္မွာ ရလဒ္ေကာင္း ယူႏုိင္ဖို႔ကို ၾကိဳးစားႏုိင္ခဲ့ေပမယ့္ ကစားကြက္ တည္ေဆာက္မႈနဲ႔ ခံစစ္သမားေတြ ပါဝင္ရတဲ့ လႊမ္းမိုးကစားႏုိင္စြမ္းမွာေတာ့ အားနည္းလာခဲ့ျပီး ဒီေနာက္ပိုင္းမွာ ရလဒ္ေတြ ထိခိုက္လာေနတာ ျဖစ္ပါတယ္။