အက်ဖ်အေဖလား တတိယအဆင့်အဖြစ် ဗီလာပက်ခ်မှာ သွားရောက် ယှဉ်ပြိုင်ရမှာ လီဗာပူးက မာနေးရဲ့ သွင်းဂိုး ၂ ဂိုး၊ ဝိုက်နယ်ဒမ်၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ နောက်ပိုင်း လီဗာပူးအသင်း ခြေစွမ်းကျနေမှုကို ပြန်ဆယ်တင်ဖို့ ရည်ရွယ်ပြီး စီနီယာအချို့ကို ပွဲပန်းနေခြင်း မရှိတဲ့ လူငယ်တွေဖြင့် တွဲဘက်ပေးကာ အက်စတွန်ဗီလာကို ယှဉ်ပြိုင်စေခဲ့ပါတယ်။

ပထမပိုင်းမှာ ညာတောင်ပံက ဂျုံးရဲ့ ဖြတ်တင်ဘောကို မာနေး ခေါင်းတိုက် သွင်းယူပြီး အဖွင့်ဂိုး စယူပါတယ်။ ပွဲစတည်းက လီဗာပူးက ပိုင်ဆိုင်မှုအသာ ဘောလုံးပေးချက် အသာတွေဖြင့် ကစားနိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာ လူငယ်တွေရဲ့ ခပ်မြန်မြန် ဖိအားပေးနိုင်မှုတွေကြောင့် ကစားကွက်က ထင်သလောက် မသွက်ခဲ့ပါဘူး။

လီဗာပူးဘက်က အမြင့်ဘောကို ပိုအားသန်ကာ တောင်ပံကြောတွေကို ပိုအားပြုတဲ့ ပုံစံ ကစားခဲ့တယ်။ အလယ်ကြော တည့်တည့်ကနေ ဘောလုံးဖြန့်မှုနဲ့ ထိုးဖောက်မှု အတော်လေး နည်းခဲ့ပါတယ်။ လီဗာပူးရဲ့ ကစားဟန်ကို အက်စတွန်ဗီလာဘက်က Low blocks ပုံစံတွေဖြင့် ခုခံခဲ့တာဖြစ်တယ်။

ပထမပိုင်းမှာ လီဗာပူးကစားဟန်က ခန့်မှန်းရလွယ်သလို အရှိန်မြင့်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြုခြင်း မရှိပါဘူး။ ဗီလာဘက်က လူငယ်တွေမို့ တွန်းတွန်းတိုက်တိုက် မကစားတဲ့ သဘောလို့ ယူဆနိုင်ပေမယ့် ရဲရင့်စွာ ကစားတဲ့ အပိုင်းမှာတော့ ဗီလာလူငယ်တွေက ဂုဏ်ယူစရာ ခြေစွမ်းနဲ့ တိုက်ပွဲဝင်လိုစိတ်တွေ ပြသခဲ့တယ်။

တစ်ဦးချင်း အမှားတွေ မကြာခဏ ကျူးလွန်တာကြောင့် ဂျုံး၊ ဖာဘင်ညိုတို့ရဲ့ အမှားကနေ ဗီလာဘက်က ကောင်တာ ပြန်ဖောက်ခဲ့တယ်။ ဆာလာရဲ့ ဘောလုံးထိချက် သိသိသာသာ ဆိုးရွားနေခဲ့ကာ အဆိုးဆုံးကတော့ ရိုင်းစ်ရဲ့ အမှားဖြစ်ပြီး ကွင်းလယ်က သူရဲ့ အမှားက ဘယ်ရီ ကျော်ဖြတ်ပြေးသွားကာ ကလယ်ဟာရဲ့ ဘေးဘက်ကို ပိတ်သွင်းကာ ခြေပဂိုး ရယူပါတယ်။

ဘယ်လိုဖြစ်ဖြစ် ပထမပိုင်းမှာ ပျှမ်းမျှ အသက် ၁၈ နှစ်ကျော်ပဲရှိတဲ့ အက်စတွန်ဗီလာ ကစားပုံက ရဲရင့်ပြီး အများကြီး စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့တယ်။ လီဗာပူးကစားဟန်ကတော့ ဖြတ်တင်ဘောတွေ မလိုအပ်တဲ့ အမြင့်ဘော ပေးမှုတွေ တုံ့ဆိုင်းမှုတွေနဲ့ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဟန်ဒါဆန်နေရာ သီယာဂို ဝင်ကစားတာက လီဗာပူးကစားကွက်ကို အပြောင်းအလဲ ဖြစ်လာစေခဲ့တယ်။ သီယာဂိုက တောင်ပံတွေကို ချဲထုတ်တဲ့ အမြင့်ဘောနဲ့ အလယ်ကြောကို တိုက်ရိုက်ပေးတဲ့ အတို အဝေး ပေးချက်တွေကို ပေါင်းစုံအောင် လုပ်ပေးခဲ့တယ်။ တောင်ပံတွေက မာနေးနဲ့ ဆာလာတို့က ပထမပိုင်းလို မဟုတ်ဘဲ ထိုးဖောက် ဝင်ရောက်မှုတွေ ကစားလာခဲ့ပါတယ်။

ကစားပုံတက်လာသလို တွဲဘက်လည်း မိလာတဲ့ လီဗာပူးအတွက် မိနစ် ၆၀ မှာပဲ ဧရိယာထိပ် အပြင်းကန်ချက်ဖြင့် ဝိုက်နယ်ဒမ်က ဦးဆောင်ဂိုး သွင်းပေးခဲ့တယ်။ ရှာကွီရီတို့ လူစားဝင်လာခဲ့သလို ဆွစ်ဇလန်သားက ခပ်မြန်မြန်ပဲ ဖန်တီးပေးနိုင်မှုတွေကနေ မာနေး၊ ဆာလက်တို့က နေက်ထပ် သွင်းဂိုးတွေ ရယူပါတယ်။

ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ကစားပုံ ကွာခြားခဲ့ပြီး အဓိကအားဖြင့် ဘောလုံး ဖြန့်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အားပြု ကစားခြင်းတွေမှာ ဒုတိယပိုင်းက ပိုလေးနက်စွာ ကစားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

လီဗာပူးဘက်က သီယာဂိုနဲ့ ရှာကွီရီတို့က ပွဲအပေါ် လွှမ်းမိုးမှု ကြီးခဲ့တယ်။ လီဗာပူးအသင်းသားတွေ အရှက်ရအောင်ကို လုပ်ပြနိုင်ခဲ့ကာ ပွဲအဆုံးထိ ကြိုးစားကစားခဲ့တဲ့ ဗီလာ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကလည်း လေးစားစရာပဲ ဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအဖလား တတိယအဆင့္အျဖစ္ ဗီလာပက္ခ္မွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာ လီဗာပူးက မာေနးရဲ႕ သြင္းဂိုး ၂ ဂိုး၊ ဝိုက္နယ္ဒမ္၊ ဆာလာတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ ၄-၁ ဆိုတဲ့ ရလဒ္နဲ႔ အနုိင္ရခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ေနာက္ပိုင္း လီဗာပူးအသင္း ေျခစြမ္းက်ေနမႈကို ျပန္ဆယ္တင္ဖို႔ ရည္ရြယ္ျပီး စီနီယာအခ်ိဳ႔ကို ပြဲပန္းေနျခင္း မရွိတဲ့ လူငယ္ေတြျဖင့္ တြဲဘက္ေပးကာ အက္စတြန္ဗီလာကို ယွဥ္ျပိဳင္ေစခဲ့ပါတယ္။

ပထမပိုင္းမွာ ညာေတာင္ပံက ဂ်ံဳးရဲ႕ ျဖတ္တင္ေဘာကို မာေနး ေခါင္းတိုက္ သြင္းယူျပီး အဖြင့္ဂိုး စယူပါတယ္။ ပြဲစတည္းက လီဗာပူးက ပိုင္ဆိုင္မႈအသာ ေဘာလံုးေပးခ်က္ အသာေတြျဖင့္ ကစားႏုိင္ခဲ့ေပမယ့္ အက္စတြန္ဗီလာ လူငယ္ေတြရဲ႕ ခပ္ျမန္ျမန္ ဖိအားေပးနုိင္မႈေတြေၾကာင့္ ကစားကြက္က ထင္သေလာက္ မသြက္ခဲ့ပါဘူး။

လီဗာပူးဘက္က အျမင့္ေဘာကို ပိုအားသန္ကာ ေတာင္ပံေၾကာေတြကို ပိုအားျပဳတဲ့ ပံုစံ ကစားခဲ့တယ္။ အလယ္ေၾကာ တည့္တည့္ကေန ေဘာလံုးျဖန္႔မႈနဲ႔ ထိုးေဖာက္မႈ အေတာ္ေလး နည္းခဲ့ပါတယ္။ လီဗာပူးရဲ႕ ကစားဟန္ကို အက္စတြန္ဗီလာဘက္က Low blocks ပံုစံေတြျဖင့္ ခုခံခဲ့တာျဖစ္တယ္။

ပထမပိုင္းမွာ လီဗာပူးကစားဟန္က ခန္႔မွန္းရလြယ္သလို အရွိန္ျမင့္ျခင္းနဲ႔ ရုပ္ပိုင္းဆိုင္ရာ အားျပဳျခင္း မရွိပါဘူး။ ဗီလာဘက္က လူငယ္ေတြမို႔ တြန္းတြန္းတိုက္တိုက္ မကစားတဲ့ သေဘာလို႔ ယူဆႏုိင္ေပမယ့္ ရဲရင့္စြာ ကစားတဲ့ အပိုင္းမွာေတာ့ ဗီလာလူငယ္ေတြက ဂုဏ္ယူစရာ ေျခစြမ္းနဲ႔ တိုက္ပြဲဝင္လိုစိတ္ေတြ ျပသခဲ့တယ္။

တစ္ဦးခ်င္း အမွားေတြ မၾကာခဏ က်ဴးလြန္တာေၾကာင့္ ဂ်ံဳး၊ ဖာဘင္ညိဳတို႔ရဲ႕ အမွားကေန ဗီလာဘက္က ေကာင္တာ ျပန္ေဖာက္ခဲ့တယ္။ ဆာလာရဲ႔ ေဘာလံုးထိခ်က္ သိသိသာသာ ဆိုးရြားေနခဲ့ကာ အဆိုးဆံုးကေတာ့ ရိုင္းစ္ရဲ႕ အမွားျဖစ္ျပီး ကြင္းလယ္က သူရဲ႕ အမွားက ဘယ္ရီ ေက်ာ္ျဖတ္ေျပးသြားကာ ကလယ္ဟာရဲ႕ ေဘးဘက္ကို ပိတ္သြင္းကာ ေျခပဂိုး ရယူပါတယ္။

ဘယ္လိုျဖစ္ျဖစ္ ပထမပိုင္းမွာ ပွ်မ္းမွ် အသက္ ၁၈ ႏွစ္ေက်ာ္ပဲရွိတဲ့ အက္စတြန္ဗီလာ ကစားပံုက ရဲရင့္ျပီး အမ်ားၾကီး စိတ္လႈပ္ရွားဖြယ္ ေကာင္းခဲ့တယ္။ လီဗာပူးကစားဟန္ကေတာ့ ျဖတ္တင္ေဘာေတြ မလိုအပ္တဲ့ အျမင့္ေဘာ ေပးမႈေတြ တံု႔ဆုိင္းမႈေတြနဲ႔ စိတ္ပ်က္ဖြယ္ ျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ဟန္ဒါဆန္ေနရာ သီယာဂို ဝင္ကစားတာက လီဗာပူးကစားကြက္ကို အေျပာင္းအလဲ ျဖစ္လာေစခဲ့တယ္။ သီယာဂိုက ေတာင္ပံေတြကို ခ်ဲထုတ္တဲ့ အျမင့္ေဘာနဲ႔ အလယ္ေၾကာကို တိုက္ရိုက္ေပးတဲ့ အတို အေဝး ေပးခ်က္ေတြကို ေပါင္းစံုေအာင္ လုပ္ေပးခဲ့တယ္။ ေတာင္ပံေတြက မာေနးနဲ႔ ဆာလာတို႔က ပထမပိုင္းလို မဟုတ္ဘဲ ထိုးေဖာက္ ဝင္ေရာက္မႈေတြ ကစားလာခဲ့ပါတယ္။

ကစားပံုတက္လာသလို တြဲဘက္လည္း မိလာတဲ့ လီဗာပူးအတြက္ မိနစ္ ၆၀ မွာပဲ ဧရိယာထိပ္ အျပင္းကန္ခ်က္ျဖင့္ ဝိုက္နယ္ဒမ္က ဦးေဆာင္ဂိုး သြင္းေပးခဲ့တယ္။ ရွာကီြရီတို႔ လူစားဝင္လာခဲ့သလို ဆြစ္ဇလန္သားက ခပ္ျမန္ျမန္ပဲ ဖန္တီးေပးႏုိင္မႈေတြကေန မာေနး၊ ဆာလက္တို႔က ေနက္ထပ္ သြင္းဂိုးေတြ ရယူပါတယ္။

ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ ကစားပံု ကြာျခားခဲ့ျပီး အဓိကအားျဖင့္ ေဘာလံုး ျဖန္႔မႈနဲ႔ ရုပ္ပိုင္းဆိုင္ရာ အားျပဳ ကစားျခင္းေတြမွာ ဒုတိယပိုင္းက ပိုေလးနက္စြာ ကစားခဲ့တယ္လို႔ ဆိုႏုိင္ပါတယ္။

လီဗာပူးဘက္က သီယာဂိုနဲ႔ ရွာကီြရီတို႔က ပြဲအေပၚ လႊမ္းမိုးမႈ ၾကီးခဲ့တယ္။ လီဗာပူးအသင္းသားေတြ အရွက္ရေအာင္ကို လုပ္ျပႏုိင္ခဲ့ကာ ပြဲအဆံုးထိ ၾကိဳးစားကစားခဲ့တဲ့ ဗီလာ လူငယ္ေတြရဲ႕ စြမ္းေဆာင္ရည္ကလည္း ေလးစားစရာပဲ ျဖစ္ပါတယ္။