လီဗာပူးက အက်စတွန်ဗီလာကို ရင်ဆိုင်ကစားရာမှာ ပျှမ်းမျှအသက် ၁၈ နှစ်ကျော်ပဲရှိတဲ့ လူငယ်အသင်းကို အနိုင်ရခဲ့ပေမယ့် ဂုဏ်ယူစရာ စွမ်းဆောင်ရည် မဟုတ်ဘူးလို့ ဗီလာ ကစားသမားဟောင်းကြီး ဂျိမ်းမီလ်နာက ခံယူပါတယ်။
စီနီယာအသင်းသားတွေ ကိုဗစ်ကူးစက်မှုတွေကြောင့် စောင့်ကြည့်ခံနေရလို့ ဒီပွဲမှာ လူငယ်တွေဖြင့် ယှဉ်ပြိုင်လာခဲ့တာဖြစ်တယ်။ လီဗာပူးဘက်က လူငယ်တွေကော ဝါရင့်တွေပါ ပေါင်းစပ် ကစားပေမယ့် လိုအပ်ချက်တွေ များနေခဲ့ပြီး အထူးသဖြင့် ဂိုးသွင်းရမယ့် အနေအထားတွေမှာ ဘောလုံးကို သေချာ မပေးနိုင်ဘူးလို့ မီလ်နာက ဆိုပါတယ်။
မီလ်နာက ” ဗီလာအသင်းရဲ့ ကောင်းမွန်တဲ့ ကောင်လေးတွေပါ။ သူတို့က အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တယ်။ ပထမပိုင်းမှာ သူတို့ ရည်မှန်းထားတဲ့ အတိုင်းလည်း ကစားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အနိုင်ရခဲ့တယ်ဆိုပေမယ့် အသင်းကျေနပ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
ကျနေ်ာတို့က ကိုယ်ရောက်ရမယ့် ဧရိယာတွေကို ရောက်ပေမယ့် နောက်ဆုံးဘောလုံးတွေကို မပေးနိုင်ခဲ့ပါဘူး။ ဒါမျိုးက ပြီးခဲ့တဲ့ ပွဲတွေမှာလည်း ဖြစ်ထားခဲ့ပြီးပါပြီ။ ဆက်လက်ပြီး ကြိုးစားဖို့ လိုအပ်သလို ဒီကိစ္စတွေကို မှန်ကန်အောင် တွန်းအားပေး လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။
ကျနေ်ာတို့ ပိုကောင်းအောင် လုပ်နိုင်ရမယ်ဆိုတာ သိပါတယ်။ ကျနေ်ာတို့ ကိစ္စတွေကို မှန်အောင် မလုပ်နိုင်ပါဘူး။ အထူးသဖြင့် သူတို့ သွင်းသွားတဲ့ သွင်းဂိုးလို အနေအထားမှာပေါ့။ ဗီလာလူငယ်တွေထဲက တစ်ဦးက ပြောပါတယ်။ သူပွဲမကစားရတာ နှစ်လလောက် ရှိနေပါပြီတဲ့ ” ဆိုပြီး လီဗာပူးရဲ့ အားနည်းချက်တွေကို ဝန်ခံသွားတာ ဖြစ်ပါတယ်။
လီဗာပူးက ရက်ရှည် အနားရမှာဖြစ်ပြီး လာမယ့်ပွဲကတော့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ယူနိုက်တက်နဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။
ZAWGYI