မန်နေဂျာယာဂင်ကလော့ပ်က အက်စတွန်ဗီလာနဲ့ပွဲ ပထမပိုင်း ခြေစွမ်းကို သံချေးတက်နေတဲ့ ခြေစွမ်းလို့ ခိုင်းနှိုင်းမှု ပြုလုပ်သွားပါတယ်။

ဒါပေမယ့်လည်း အသင်းရဲ့ အမှားတွေက မသိမြင်နိုင်တဲ့ ကိစ္စတွေ မဟုတ်ဘဲ ပေးမှုနဲ့ ရွေးလျားမှုတွေမှာ လိုအပ်ချက် မများတာက အသင်းကို ထိခိုက်စေခဲ့တယ်လို့ သူကဆိုတယ်။ အဲ့အပိုင်းကို ပြင်ဆင်နိုင်ခဲ့တာကြောင့် အသင်းကစား တိုးတက်လာခဲ့တယ်လို့လည်း မန်နေဂျာက ယုံကြည်နေပါတယ်။

မန်နေဂျာကလော့ပ်က ” ကောင်လေးတွေ အကောင်းဆုံး ကစားသွားပါတယ်။ အဲ့တာတော့ ကောင်းပါတယ်။ ကျနေ်ာတို့ရဲ့ ဘောလုံး ကစားမှုမှာ ပြဿနာတွေ ရှိခဲ့တယ်။ အဲ့တာကို ဖြေရှင်းဖို့ အချိန် ပိုယူခဲ့ရပေမယ့် ပြဿနာက ဘာတွေလဲဆိုတာတော့ ရှင်းပါတယ်။

ကျနေ်ာတို့ရဲ့ ပြဿနာက ပေးမှုနဲ့ ရွေ့လျားမှုတွေမှာ ဖြစ်ပါတယ်။ ဘောလုံးကို မှားယွင်းတဲ့ဘက်ခြမ်းတွေကို အကြိမ်တွေ အများကြီး ပေးခဲ့မိပြီး ပေးချက်တွေအတွက် လုံလောက်တဲ့ ပြန်ဆယ်မှုကိုလည်း မလုပ်နိုင်ခဲ့ပါဘူး။ ကျနေ်ာတို့ ဂိုးသမားထံ အခွင့်အရေးတွေ ရခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပြောင်းလဲနိုင်ခဲ့ပါတယ်။

သံချေးတက်နေတဲ့ ခြေစွမ်းဖြစ်ပေမယ့် ဒုတိယပိုင်းမှာတော့ ပိုကောင်းလာခဲ့တယ်။ ဆောက်သမ်တန်ကို ရင်ဆိုင်တုန်းကလို မဟုတ်ဘဲ ကွင်းထဲ ပိုကစားနိုင်ပြီး ခပ်စောစော ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲ မတိုင်ခင် ၉ ရက်လောက် အနားရထားတာနဲ့ ပက်သက်လို့လည်း ” ကစားသမား အများအပြားက ပုံမှန်ခြေစွမ်း ပြန်မရသေးပါဘူး။ လေ့ကျင့်ရေးမှာ 11 v 11 ကစားမှုတွေနဲ့အတူ အများကြီး ကြိုးစားရဖို့ ရှိပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အက္စတြန္ဗီလာနဲ႔ပြဲ ပထမပိုင္း ေျခစြမ္းကို သံေခ်းတက္ေနတဲ့ ေျခစြမ္းလို႔ ခိုင္းႏိႈင္းမႈ ျပဳလုပ္သြားပါတယ္။

ဒါေပမယ့္လည္း အသင္းရဲ႕ အမွားေတြက မသိျမင္ႏုိင္တဲ့ ကိစၥေတြ မဟုတ္ဘဲ ေပးမႈနဲ႔ ေရြးလ်ားမႈေတြမွာ လိုအပ္ခ်က္ မမ်ားတာက အသင္းကို ထိခိုက္ေစခဲ့တယ္လို႔ သူကဆိုတယ္။ အဲ့အပိုင္းကို ျပင္ဆင္ႏုိင္ခဲ့တာေၾကာင့္ အသင္းကစား တိုးတက္လာခဲ့တယ္လို႔လည္း မန္ေနဂ်ာက ယံုၾကည္ေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ေကာင္ေလးေတြ အေကာင္းဆံုး ကစားသြားပါတယ္။ အဲ့တာေတာ့ ေကာင္းပါတယ္။ က်ေန္ာတို႔ရဲ႕ ေဘာလံုး ကစားမႈမွာ ျပႆနာေတြ ရွိခဲ့တယ္။ အဲ့တာကို ေျဖရွင္းဖို႔ အခ်ိန္ ပိုယူခဲ့ရေပမယ့္ ျပႆနာက ဘာေတြလဲဆိုတာေတာ့ ရွင္းပါတယ္။

က်ေန္ာတို႔ရဲ႕ ျပႆနာက ေပးမႈနဲ႔ ေရြ႔လ်ားမႈေတြမွာ ျဖစ္ပါတယ္။ ေဘာလံုးကို မွားယြင္းတဲ့ဘက္ျခမ္းေတြကို အၾကိမ္ေတြ အမ်ားၾကီး ေပးခဲ့မိျပီး ေပးခ်က္ေတြအတြက္ လံုေလာက္တဲ့ ျပန္ဆယ္မႈကိုလည္း မလုပ္ႏုိင္ခဲ့ပါဘူး။ က်ေန္ာတို႔ ဂိုးသမားထံ အခြင့္အေရးေတြ ရခဲ့ျပီး ဒုတိယပိုင္းမွာေတာ့ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။

သံေခ်းတက္ေနတဲ့ ေျခစြမ္းျဖစ္ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ပိုေကာင္းလာခဲ့တယ္။ ေဆာက္သမ္တန္ကို ရင္ဆိုင္တုန္းကလို မဟုတ္ဘဲ ကြင္းထဲ ပိုကစားႏုိင္ျပီး ခပ္ေစာေစာ ဂိုးသြင္းႏုိင္ခဲ့ပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။

ယူနုိက္တက္နဲ႔ပြဲ မတုိင္ခင္ ၉ ရက္ေလာက္ အနားရထားတာနဲ႔ ပက္သက္လို႔လည္း ” ကစားသမား အမ်ားအျပားက ပံုမွန္ေျခစြမ္း ျပန္မရေသးပါဘူး။ ေလ့က်င့္ေရးမွာ 11 v 11 ကစားမႈေတြနဲ႔အတူ အမ်ားၾကီး ၾကိဳးစားရဖို႔ ရွိပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။