ဘာစီလိုနာ အကယ်ဒမီ ကစားသမားဖြစ်ကာ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ အက်ဖ်အေ တတိယအဆင့်ပွဲမှာ ခြေပဂိုး သွင်းယူနိုင်ခဲ့တာက သူ့အတွက် ဂုဏ်အယူရဆုံး အခိုက်အတန့်ဖြစ်ကြောင်း ဗီလာလူငယ်လေး ဘယ်ရီက ထုတ်ပြောခဲ့ပါတယ်။

၁၇ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဘယ်ရီက ” မြင်လိုက်ချိန်မှာပဲ သိခဲ့ပါတယ်။ ဂိုးပေါက်ထဲကို ဘောလုံး ရောက်သွားတာက ကျနော် ဂုဏ်အယူရဆုံးပါပဲ။ မိသားစုကလည်း တီဗီကနေ ကြည့်နေမှာပါ။ ဂိုးသွင်းနိုင်တာအတွက် သိပ်ပျော်သလို သွင်းဂိုးတွေ အများကြီး ဆက်ရဖို့လည်း မျှော်လင့်ပါတယ်။

ကျနော် သိပ်ကြိုးစားခဲ့ပါတယ်။ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့ရတဲ့နောက် တစ်ကိုယ်လုံး ပွင့်ထွက်သွားတော့တာပါပဲ။ အဲ့တာက သိပ်ကောင်းပါတယ်။ အသင်းအတွက် သိပ်ဂုဏ်ယူပါတယ်။ ပွဲစကနေ ပွဲဆုံးထိ အစွမ်းကုန် ပေးဆပ်ခဲ့ကြတာဖြစ်ပါတယ်။

အသင်းနဲ့ ကျနော်တို့ ကိုယ်ဘာသာ ဂုဏ်ယူပါတယ်။ ပွဲပြီးခါနီးမှာ ကြွက်တက်ချင်သလိုလို ဖြစ်ခဲ့တယ်။ ဒါမျိုးကို ကျနော် အကျွမ်းတဝင် ရှိရမှာပါ။ အသက်အရွယ် ပိုရလာရင်တေ့ာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ပိုကောင်းလာမှာပါ ” လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ဘယ်ရီဟာ ပွဲအပြီးမှာ လီဗာပူးအသင်းသား ဖာဘင်ညိုနဲ့ ဂျာစီ လဲခဲ့ပါတယ်။ ဒါပေမယ့် ဗီလာ အသင်းဝန်ထမ်းတွေနဲ့ စကားပြောမှု အနည်းငယ် လုပ်အပြီးမှာ ဖာဘင်ညိုထံ ပြေးလိုက်သွားပြီး သူ့ရဲ့ ပွဲဦးထွက် ဂျာစီဖြစ်လို့ ပြန်ပေးနိုင်မလား ခွင့်တောင်းခဲ့ပါတယ်။

ဖာဘင်ညိုက ဘယ်ရီရဲ့ ဂျာစီကို ပြန်ပေးခဲ့ပြီး ကစားသမားလေးကလည်း ဖာဘင်ညိုရဲ့ ဂျာစီကို ပြန်ပေးခဲ့ပါတယ်။ ကစားသမားဘဝ ပထမဆုံး ဂျာစီကို လဲပစ်ရအောင်ကို ကောင်လေးက စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာ အကယ္ဒမီ ကစားသမားျဖစ္ကာ လီဗာပူးကို ရင္ဆိုင္ကစားတဲ့ အက္ဖ္ေအ တတိယအဆင့္ပြဲမွာ ေျခပဂိုး သြင္းယူႏုိင္ခဲ့တာက သူ႔အတြက္ ဂုဏ္အယူရဆံုး အခိုက္အတန္႔ျဖစ္ေၾကာင္း ဗီလာလူငယ္ေလး ဘယ္ရီက ထုတ္ေျပာခဲ့ပါတယ္။

၁၇ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ဘယ္ရီက ” ျမင္လိုက္ခ်ိန္မွာပဲ သိခဲ့ပါတယ္။ ဂိုးေပါက္ထဲကို ေဘာလံုး ေရာက္သြားတာက က်ေနာ္ ဂုဏ္အယူရဆံုးပါပဲ။ မိသားစုကလည္း တီဗီကေန ၾကည့္ေနမွာပါ။ ဂိုးသြင္းႏုိင္တာအတြက္ သိပ္ေပ်ာ္သလို သြင္းဂိုးေတြ အမ်ားၾကီး ဆက္ရဖို႔လည္း ေမွ်ာ္လင့္ပါတယ္။

က်ေနာ္ သိပ္ၾကိဳးစားခဲ့ပါတယ္။ ဂိုးသြင္းျပီး ေအာင္ပြဲခံခဲ့ရတဲ့ေနာက္ တစ္ကိုယ္လံုး ပြင့္ထြက္သြားေတာ့တာပါပဲ။ အဲ့တာက သိပ္ေကာင္းပါတယ္။ အသင္းအတြက္ သိပ္ဂုဏ္ယူပါတယ္။ ပြဲစကေန ပြဲဆံုးထိ အစြမ္းကုန္ ေပးဆပ္ခဲ့ၾကတာျဖစ္ပါတယ္။

အသင္းနဲ႔ က်ေနာ္တို႔ ကိုယ္ဘာသာ ဂုဏ္ယူပါတယ္။ ပြဲျပီးခါနီးမွာ ၾကြက္တက္ခ်င္သလိုလို ျဖစ္ခဲ့တယ္။ ဒါမ်ိဳးကို က်ေနာ္ အကၽြမ္းတဝင္ ရွိရမွာပါ။ အသက္အရြယ္ ပိုရလာရင္ေတ့ာ ရုပ္ပိုင္းဆိုင္ရာေကာ စိတ္ပိုင္းဆိုင္ရာပါ ပိုေကာင္းလာမွာပါ ” လို႔ ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

ဘယ္ရီဟာ ပြဲအျပီးမွာ လီဗာပူးအသင္းသား ဖာဘင္ညိဳနဲ႔ ဂ်ာစီ လဲခဲ့ပါတယ္။ ဒါေပမယ့္ ဗီလာ အသင္းဝန္ထမ္းေတြနဲ႔ စကားေျပာမႈ အနည္းငယ္ လုပ္အျပီးမွာ ဖာဘင္ညိဳထံ ေျပးလိုက္သြားျပီး သူ႔ရဲ႕ ပြဲဦးထြက္ ဂ်ာစီျဖစ္လို႔ ျပန္ေပးႏုိင္မလား ခြင့္ေတာင္းခဲ့ပါတယ္။

ဖာဘင္ညိဳက ဘယ္ရီရဲ႕ ဂ်ာစီကို ျပန္ေပးခဲ့ျပီး ကစားသမားေလးကလည္း ဖာဘင္ညိဳရဲ႕ ဂ်ာစီကို ျပန္ေပးခဲ့ပါတယ္။ ကစားသမားဘဝ ပထမဆံုး ဂ်ာစီကို လဲပစ္ရေအာင္ကို ေကာင္ေလးက စိတ္လႈပ္ရွားေနခဲ့တာ ျဖစ္ပါတယ္။