ညက ဗီလာပါ့ခ်မှာ ကစားသွားတဲ့ အက်စတွန်ဗီလာ အသင်းနဲ့ လီဗာပူးတို့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒုတိယပိုင်းမှ ၄၅ မိနစ် ဝင်ကစားသွားတဲ့ လီဗာပူး ကွင်းလယ်သမား သီယေဂို အယ်ကန်တာရာ ရဲ့ ခြေစွမ်းကို မိုက်ကယ်အိုဝင်က အထင်ကြီး သဘောကျနေပြီး ချီးကျူးပြောဆိုမှုများ ပြုလုပ်သွားခဲ့ပါတယ်။

ဗီလာ အသင်းဟာ စီနီယာ ကစားသမားများ ကိုဗစ် ကူးစက်ခံထားရတာကြောင့် အကယ်ဒမီ လူငယ် ကစားသမားတွေနဲ့သာ ပွဲထွက် ကစားခဲ့ပြီး လီဗာပူးက တောင့်တင်းတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ပထမပိုင်းမှာ လီဗာပူးက ဦးဆောင် မထားနိုင်ခဲ့ဘဲ ၁ဂိုးစီသာ သရေရလဒ် ထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးဘက်က ကွင်းလယ် ကစားသမား သီယေဂို အယ်ကန်တာရာ ဝင်လာပြီး အသင်းလိုက် ကစားပုံလည်း ပိုမို ကောင်းမွန်လာခဲ့ကာ ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့ကြတာပါ။ ဟန်ဒါဆန် နေရာ လူစားဝင်လာတဲ့ သီယေဂိုဟာ သူ့ရဲ့ ထူးချွန်တဲ့ ခြေစွမ်းနဲ့ ကျွမ်းကျင်မှုတွေကို ပြသသွားခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် စပိန်သားဟာ အန်းဖီးရောက်လာတည်းက သူ့ရဲ့ ဒဏ်ရာတွေနဲ့ ကြံ့ခိုင်မှု အခြေအနေတွေကြောင့် ပွဲကစားချိန် များများ မရှိခဲ့ပါဘူး။ ဒါပေမယ့် အိုဝင်ကတော့ သီယေဂို အရည်အချင်းကို သံသယ မရှိဘဲ အခုလို ခြေစွမ်းကောင်းတွေ မြင်ရချိန်မှာတော့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

” ဒီလူ (သီယေဂို) ကတော့ ကျနော့်ကို တစ်ရက် ၂၄ နာရီလုံး ဘောလုံး ထိုင်ကြည့်ချင်လောက်အောင် လုပ်တော့တာပဲ။ သူ ပွဲထဲမှာ ပတ်ဝန်းကျင်ကို လေ့လာပုံ၊ မျက်စိပသာဒဖြစ်အောင် ဘောလုံး ပေးပို့ပုံတွေက အလန်းစားပဲ။ ပရီးမီးယားလိဂ်မှာ သူ့လို ကစားသမား မရှိဘူး။ သူ့လို ဘယ်သူမှ လိုက် မကစားနိုင်ကြဘူး။

သူက တခြားသူတွေ အားလုံးနဲ့ မတူတဲ့ စတိုင်နဲ့ ပွဲထဲမှာ ကစားပြသွားတာ။ သူ ဘောလုံး ပေးပို့မှု လှုပ်ရှားသွားတာတွေက မယုံနိုင်စရာပဲဗျာ။ ” လို့ အိုဝင်က တသသ ချီးကျူးသွားခဲ့ပါတယ်။

Zawgyi – ညက ဗီလာပါ့ခ္မွာ ကစားသြားတဲ့ အက္စတြန္ဗီလာ အသင္းနဲ႕ လီဗာပူးတို႔ အက္ဖ္ေအဖလား ပြဲစဥ္မွာ ဒုတိယပိုင္းမွ ၄၅ မိနစ္ ၀င္ကစားသြားတဲ့ လီဗာပူး ကြင္းလယ္သမား သီေယဂို အယ္ကန္တာရာ ရဲ႕ ေျခစြမ္းကို မိုက္ကယ္အို၀င္က အထင္ၾကီး သေဘာက်ေနျပီး ခ်ီးက်ဴးေျပာဆိုမႈမ်ား ျပဳလုပ္သြားခဲ့ပါတယ္။

ဗီလာ အသင္းဟာ စီနီယာ ကစားသမားမ်ား ကိုဗစ္ ကူးစက္ခံထားရတာေၾကာင့္ အကယ္ဒမီ လူငယ္ ကစားသမားေတြနဲ႕သာ ပြဲထြက္ ကစားခဲ့ျပီး လီဗာပူးက ေတာင့္တင္းတဲ့ လူစာရင္းနဲ႕ ယွဥ္ျပိဳင္ခဲ့တာပါ။ ဒါေပမယ့္ ပြဲခ်ိန္ ပထမပိုင္းမွာ လီဗာပူးက ဦးေဆာင္ မထားနုိင္ခဲ့ဘဲ ၁ဂိုးစီသာ သေရရလဒ္ ထြက္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးဘက္က ကြင္းလယ္ ကစားသမား သီေယဂို အယ္ကန္တာရာ ၀င္လာျပီး အသင္းလိုက္ ကစားပံုလည္း ပိုမို ေကာင္းမြန္လာခဲ့ကာ ဂိုးမ်ား ထပ္မံသြင္းယူနိုင္ခဲ့ၾကတာပါ။ ဟန္ဒါဆန္ ေနရာ လူစား၀င္လာတဲ့ သီေယဂိုဟာ သူ႔ရဲ႕ ထူးခၽြန္တဲ့ ေျခစြမ္းနဲ႕ ကၽြမ္းက်င္မႈေတြကို ျပသသြားခဲ့ပါတယ္။

အသက္ ၂၉ နွစ္ အရြယ္ စပိန္သားဟာ အန္းဖီးေရာက္လာတည္းက သူ႔ရဲ႕ ဒဏ္ရာေတြနဲ႕ ၾကံ႕ခိုင္မႈ အေျခအေနေတြေၾကာင့္ ပြဲကစားခ်ိန္ မ်ားမ်ား မရွိခဲ့ပါဘူး။ ဒါေပမယ့္ အို၀င္ကေတာ့ သီေယဂို အရည္အခ်င္းကို သံသယ မရွိဘဲ အခုလို ေျခစြမ္းေကာင္းေတြ ျမင္ရခ်ိန္မွာေတာ့ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။

” ဒီလူ (သီေယဂို) ကေတာ့ က်ေနာ့္ကို တစ္ရက္ ၂၄ နာရီလံုး ေဘာလံုး ထိုင္ၾကည့္ခ်င္ေလာက္ေအာင္ လုပ္ေတာ့တာပဲ။ သူ ပြဲထဲမွာ ပတ္၀န္းက်င္ကို ေလ့လာပံု၊ မ်က္စိပသာဒျဖစ္ေအာင္ ေဘာလံုး ေပးပို႔ပံုေတြက အလန္းစားပဲ။ ပရီးမီးယားလိဂ္မွာ သူ႔လို ကစားသမား မရွိဘူး။ သူ႔လို ဘယ္သူမွ လိုက္ မကစားနိုင္ၾကဘူး။

သူက တျခားသူေတြ အားလံုးနဲ႕ မတူတဲ့ စတိုင္နဲ႕ ပြဲထဲမွာ ကစားျပသြားတာ။ သူ ေဘာလံုး ေပးပို႔မႈ လႈပ္ရွားသြားတာေတြက မယံုနုိင္စရာပဲဗ်ာ။ ” လို႔ အို၀င္က တသသ ခ်ီးက်ဴးသြားခဲ့ပါတယ္။