လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ပြိုင်ဘက် မရင်း အက်ဖ်စီ အသင်းကို အကူအညီ ပေးနေတဲ့ အပေါ် စပါးနည်းပြ မော်ရင်ညိုက သူ့သဘောထား ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

စပါးအသင်းဟာ အက်ဖ်အေဖလား သမိုင်းကြောင်းမှာ ထူးထူးခြားခြား အနေနဲ့ အင်္ဂလန်ရဲ့ အဌမ အဆင့်လောက်မှာ ရှိတဲ့ အမှတ်ပေးပြိုင်ပွဲမှ အသင်း ငယ် တစ်သင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မာဆေးဆိုဒ် အခြေစိုက် တစ်သင်း ပဲ ဖြစ်တဲ့ မရင်း အက်ဖ်စီ အသင်းက စပါးနဲ့ပွဲကြို လေ့ကျင့်မှုများ အတွက် လီဗာပူးကလပ်အသင်းကြီးရဲ့ လေ့ကျင့်မှုနဲ့ မှတ်တမ်းများ အတွက် အကူအညီ တောင်းခံလာခဲ့ရာမှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညိုက လီဗာပူးအသင်းဟာ သူ့မြို့ခံ ကလပ်အသင်း အပေါ် ကူညီပေးတာကို နားလည်မှု ရှိကြောင်း ပြောဆိုလာခဲ့တာပါ။

” လီဗာပူးက မရင်း အသင်းကို ကူညီနေတယ် ဆိုတာ ပုံမှန်ပဲလို့ ကျနော် ထင်ပါတယ်။ သူတို့က အိမ်နီးချင်းကလပ်အသင်းတွေပဲလေ။ ဒီတော့ အသင်းချင်းမှာ ထူးခြားတဲ့ ရင်းနှီးမှုတွေ ရှိနေမယ် ဆိုတာ သေချာပါတယ်။ တကယ်လို့ ကျေနာ်တို့ အသင်း အကြောင်းနဲ့ မှတ်တမ်းတွေကို မရင်း အသင်းမှာ မရှိလို့ လီဗာပူးက ကူညီမယ် ဆိုလည်း ကျနော်ကတော့ ဒါက ပုံမှန် ကိစ္စရပ် အနေနဲ့ မြင်ပါတယ်။

ဒီပွဲကနေဘာကို မျှော်လင့်လဲ ဆိုရင်တော့ ကွင်းကို ကျနေ်ာတို့ ကြည့်ရပါမယ်။ ဒါက ကစားသမားတွေ မထိခိုက်ဖို့အတွက် အရေးကြီးတဲ့ ကိစ္စပါ။ သူတို့ဘက်ကလည်း ကောင်းနိုင်သမျှ ကောင်းအောင်တော့ ကွင်းကို ပြင်ဆင်ထားမယ် ကျနော် ယုံကြည်ပါတယ်။ ” လို့ မော်ရင်ညိုက ဆိုပါတယ်။

လီဗာပူးအသင်းကတော့ ညက အက်ဖ်အေ တတိယအဆင့် ပွဲမှာ အက်စတွန်ဗီလာကို အနိုင်ယူပြီး နောက်တစ်ဆင့် သို့ တက်လှမ်းပြီး ဖြစ်ပါတယ်။ လီဗာပူးရဲ့ မြို့ခံ တစ်သင်း ဖြစ်တဲ့ မရင်း အက်ဖ်စီကတော့ လန်ဒန် အခြေစိုက် စပါးအသင်းကို အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်လှပေမယ့် လီဗာပူးကတော့ မြို့ခံအသင်းချင်း ကူညီတဲ့ အနေနဲ့ စပါးအသင်း မှတ်တမ်း ဗီဒီယိုတွေကို ပေးပို့ ကူညီထားခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ တနဂၤေႏြေန႔ စပါးအသင္းနဲ႕ ရင္ဆိုင္ရမယ့္ အက္ဖ္ေအဖလား ျပိဳင္ဘက္ မရင္း အက္ဖ္စီ အသင္းကို အကူအညီ ေပးေနတဲ့ အေပၚ စပါးနည္းျပ ေမာ္ရင္ညိဳက သူ႔သေဘာထား ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။

စပါးအသင္းဟာ အက္ဖ္ေအဖလား သမိုင္းေၾကာင္းမွာ ထူးထူးျခားျခား အေနနဲ႕ အဂၤလန္ရဲ႕ အဌမ အဆင့္ေလာက္မွာ ရွိတဲ့ အမွတ္ေပးျပိဳင္ပြဲမွ အသင္း ငယ္ တစ္သင္းကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

လီဗာပူးအသငး္ဟာ မာေဆးဆိုဒ္ အေျခစိုက္ တစ္သင္း ပဲ ျဖစ္တဲ့ မရင္း အက္ဖ္စီ အသင္းက စပါးနဲ႕ပြဲၾကိဳ ေလ့က်င့္မႈမ်ား အတြက္ လီဗာပူးကလပ္အသင္းၾကီးရဲ႕ ေလ့က်င့္မႈနဲ႕ မွတ္တမ္းမ်ား အတြက္ အကူအညီ ေတာင္းခံလာခဲ့ရာမွာ ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ ေမာ္ရင္ညိဳက လီဗာပူးအသင္းဟာ သူ႔ျမိဳ႔ခံ ကလပ္အသင္း အေပၚ ကူညီေပးတာကို နားလည္မႈ ရွိေၾကာင္း ေျပာဆိုလာခဲ့တာပါ။

” လီဗာပူးက မရင္း အသင္းကို ကူညီေနတယ္ ဆိုတာ ပံုမွန္ပဲလို႔ က်ေနာ္ ထင္ပါတယ္။ သူတို႔က အိမ္နီးခ်င္းကလပ္အသင္းေတြပဲေလ။ ဒီေတာ့ အသင္းခ်င္းမွာ ထူးျခားတဲ့ ရင္းနွီးမႈေတြ ရွိေနမယ္ ဆိုတာ ေသခ်ာပါတယ္။ တကယ္လို႔ ကေ်နာ္တို႔ အသင္း အေၾကာင္းနဲ႕ မွတ္တမ္းေတြကို မရင္း အသင္းမွာ မရွိလို႔ လီဗာပူးက ကူညီမယ္ ဆိုလည္း က်ေနာ္ကေတာ့ ဒါက ပံုမွန္ ကိစၥရပ္ အေနနဲ႕ ျမင္ပါတယ္။

ဒီပြဲကေနဘာကို ေမွ်ာ္လင့္လဲ ဆိုရင္ေတာ့ ကြင္းကို က်ေန္ာတို႔ ၾကည့္ရပါမယ္။ ဒါက ကစားသမားေတြ မထိခိုက္ဖို႔အတြက္ အေရးၾကီးတဲ့ ကိစၥပါ။ သူတို႔ဘက္ကလည္း ေကာင္းနုိင္သမွ် ေကာင္းေအာင္ေတာ့ ကြင္းကို ျပင္ဆင္ထားမယ္ က်ေနာ္ ယံုၾကည္ပါတယ္။ ” လို႔ ေမာ္ရင္ညိဳက ဆိုပါတယ္။

လီဗာပူးအသင္းကေတာ့ ညက အက္ဖ္ေအ တတိယအဆင့္ ပြဲမွာ အက္စတြန္ဗီလာကို အနိုင္ယူျပီး ေနာက္တစ္ဆင့္ သို႔ တက္လွမ္းျပီး ျဖစ္ပါတယ္။ လီဗာပူးရဲ႕ ျမိဳ႔ခံ တစ္သင္း ျဖစ္တဲ့ မရင္း အက္ဖ္စီကေတာ့ လန္ဒန္ အေျခစိုက္ စပါးအသင္းကို အနုိင္ယူနုိင္ဖို႔ မျဖစ္နုိင္လွေပမယ့္ လီဗာပူးကေတာ့ ျမိဳ႔ခံအသင္းခ်င္း ကူညီတဲ့ အေနနဲ႕ စပါးအသင္း မွတ္တမ္း ဗီဒီယိုေတြကို ေပးပို႔ ကူညီထားခဲ့ပါတယ္။