အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူးရဲ့ ကစားဟန်ကို သွက်လက်စေပြီး ပိုမို တက်ကြွတဲ့ လှုပ်ရှားမှုတွေကို မြင်လာစေခဲ့တာက ဒုတိယပိုင်းက လူစားဝင် ကစားသမားတွေ ဖြစ်ကြပါတယ်။

ဒီရာသီစမှာ လီဗာပူးက တောင့်တင်းတဲ့ ကွင်းလယ်တွေကို ပိုင်ဆိုင်ခဲ့ပြီး လှုပ်အားနှုန်းကောင်းလှတဲ့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်နဲ့ မီလ်နလို ကစားသမားတွေကို ပိုင်ဆိုင်ခဲ့တယ်။ ဖန်တီးမှုနဲ့ တိုက်စစ်ပိုင်းအတွက် ရှာကွီရီ၊ သီယာဂို၊ ကိတ်တာနဲ့ ချိန်ဘာလိန်လို ကစားသမားတွေက အားကိုးစရာဖြစ်ကာ ခံစစ်ကို ကာကွယ်ပေးဖို့ ဖာဘင်ညိုနဲ့ လူငယ်လေး ဂျုံးတို့လို လူစာရင်းကောင်း ရှိခဲ့တာပါ။

ဒါပေမယ့်လို့ ချိန်ဘာလိန်၊ ကိတ်တာနဲ့ ရှာကွီရီတို့က ဒဏ်ရာတွေ မပြတ် ရနေခဲ့ကာ သီယာဂိုကလည်း ဒူးဒဏ်ရာ၊ ကိုဗစ်ကူးစက်မှုတွေနဲ့ ပွဲမကစားခဲ့ရဘူး။ အကောင်းဆုံး ကွင်းလယ်ခံစစ်ဖြစ်တဲ့ ဖာဘင်ညိုက ခံစစ်မှူးနေရာ ဆင်းကစားတဲ့နောက် လီဗာပူးရဲ့ ကွင်းလယ်က ဖန်တီးမှုပိုင်းကော တောင့်တင်းမှုပိုင်းမှာပါ အားပျော့ခဲ့ပါတယ်။

ဒီနောက်ပိုင်းပွဲတွေမှာ သီယာဂို၊ ရှာကွီရီ၊ ချိန်ဘာလိန်တို့ ပြန်သက်သာလာပေမယ့် ပွဲချိန်ပြည့်တွေကို ဆက်တိုက် ကစားပေးဖို့ ကြံ့ခိုင်မှု မရသေးတာကြောင့် ထိန်းပြီး ပွဲထုတ်လာရတာဖြစ်တယ်။ အခုချိန်ထိလည်း ရှာကွီရီနဲ့ ချိန်ဘာလိန်တို့ရဲ့ ကြံ့ခိုင်ရေးက ရာနှုန်းပြည့် မကောင်းသေးသလို ကိတ်တာက ဒဏ်ရာရှိနေဆဲဖြစ်ပါတယ်။

ဒီနောက်ပိုင်းပွဲတွေမှာ လီဗာပူးကွင်းလယ်က ဘောလုံးပိုင်ဆိုင်မှု ရှိပေမယ့် ဖန်တီးနိုင်စွမ်း နည်းပါးသလို အသင်းကစားကွက်ကို လိုအပ်သလို မြန်ဆန်အောင် မောင်းနှင်ပေးနိုင်ခြင်း မရှိပါဘူး။ ဝက်စ်ဘရွန်းပွဲ၊ နယူးကာဆယ်ပွဲ၊ ဆောင်သမ်တန်ပွဲတွေမှာ ဘောလုံးပိုင်ဆိုင်မှုတွေ များခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုနဲ့ ဘောလုံးပေးချက်တွေက ထိရောက်မှု အားနည်းခဲ့တယ်။

အက်စတွန်ဗီလာပွဲ ဒုတိယပိုင်းမှာတော့ သီယာဂိုဟာ လီဗာပူးကစားကွက်ကို မြန်ဆန်လာအောင်နဲ့ လှုပ်ရှားမှုတွေ ကောင်းလာအောင် ချိတ်ဆက်ပေးခဲ့တယ်။ ရှာကွီရီ ဝင်လာချိန်မှာတော့ တိုက်စစ်သမားတွေက ဘောလုံးတွေ ပိုမို လက်ခံရလာခဲ့ပြီး အဆုံးသတ် နေရာတွေမှာ အခွင့်အရေးကောင်းတွေ အတော်လေး ရလာခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က ပေးမှုနဲ့ ရွေ့လျားမှုတွေမှာ လီဗာပူးက အားပျော့နေတယ်လို့ ပွဲအပြီး ထုတ်ပြောခဲ့တယ်။ ဒီကရှေ့ လာမယ့် ၈ ရက်အတွင်းမှာ ပွဲကစားဖို့ မရှိဘဲ ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ပွဲ အပြီးမှာတော့ ၃ ရက် တစ်ပွဲနှုန်းဖြင့် ပွဲကြပ်တွေကို ပြန်လည် ယှဉ်ပြိုင်သွားရပါမယ်။

သီယာဂိုနဲ့ ရှာကွီရီလို ဘောလုံးထိန်းမှုကောင်းတဲ့ ကွင်းလယ်နဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ်တွေါ ပြန်လည် ပိုင်ဆိုင်လာတာက စွမ်းဆောင်ရည် တိုးတက်လာဖို့ လိုအပ်နေတဲ့ အသင်းအတွက် ကြီးမားတဲ့ အင်အားတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ပြဲမွာ လီဗာပူးရဲ႕ ကစားဟန္ကို သြက္လက္ေစျပီး ပိုမို တက္ၾကြတဲ့ လႈပ္ရွားမႈေတြကို ျမင္လာေစခဲ့တာက ဒုတိယပိုင္းက လူစားဝင္ ကစားသမားေတြ ျဖစ္ၾကပါတယ္။

ဒီရာသီစမွာ လီဗာပူးက ေတာင့္တင္းတဲ့ ကြင္းလယ္ေတြကို ပိုင္ဆိုင္ခဲ့ျပီး လႈပ္အားႏႈန္းေကာင္းလွတဲ့ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္နဲ႔ မီလ္နာလို ကစားသမားေတြကို ပိုင္ဆိုင္ခ့ဲတယ္။ ဖန္တီးမႈနဲ႔ တိုက္စစ္ပိုင္းအတြက္ ရွာကီြရီ၊ သီယာဂို၊ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္လို ကစားသမားေတြက အားကိုးစရာျဖစ္ကာ ခံစစ္ကို ကာကြယ္ေပးဖို႔ ဖာဘင္ညိဳနဲ႔ လူငယ္ေလး ဂ်ံဳးတို႔လို လူစာရင္းေကာင္း ရွိခဲ့တာပါ။

ဒါေပမယ့္လို႔ ခ်ိန္ဘာလိန္၊ ကိတ္တာနဲ႔ ရွာကီြရီတို႔က ဒဏ္ရာေတြ မျပတ္ ရေနခဲ့ကာ သီယာဂိုကလည္း ဒူးဒဏ္ရာ၊ ကိုဗစ္ကူးစက္မႈေတြနဲ႔ ပြဲမကစားခဲ့ရဘူး။ အေကာင္းဆံုး ကြင္းလယ္ခံစစ္ျဖစ္တဲ့ ဖာဘင္ညိဳက ခံစစ္မွဴးေနရာ ဆင္းကစားတဲ့ေနာက္ လီဗာပူးရဲ႕ ကြင္းလယ္က ဖန္တီးမႈပိုင္းေကာ ေတာင့္တင္းမႈပိုင္းမွာပါ အားေပ်ာ့ခဲ့ပါတယ္။

ဒီေနာက္ပိုင္းပြဲေတြမွာ သီယာဂို၊ ရွာကီြရီ၊ ခ်ိန္ဘာလိန္တို႔ ျပန္သက္သာလာေပမယ့္ ပြဲခ်ိန္ျပည့္ေတြကို ဆက္တိုက္ ကစားေပးဖို႔ ၾကံ႕ခိုင္မႈ မရေသးတာေၾကာင့္ ထိန္းျပီး ပြဲထုတ္လာရတာျဖစ္တယ္။ အခုခ်ိန္ထိလည္း ရွာကီြရီနဲ႔ ခ်ိန္ဘာလိန္တို႔ရဲ႕ ၾကံ႕ခိုင္ေရးက ရာႏႈန္းျပည့္ မေကာင္းေသးသလို ကိတ္တာက ဒဏ္ရာရွိေနဆဲျဖစ္ပါတယ္။

ဒီေနာက္ပိုင္းပြဲေတြမွာ လီဗာပူးကြင္းလယ္က ေဘာလံုးပိုင္ဆိုင္မႈ ရွိေပမယ့္ ဖန္တီးႏုိင္စြမ္း နည္းပါးသလို အသင္းကစားကြက္ကို လိုအပ္သလို ျမန္ဆန္ေအာင္ ေမာင္းႏွင္ေပးႏုိင္ျခင္း မရွိပါဘူး။ ဝက္စ္ဘရြန္းပြဲ၊ နယူးကာဆယ္ပြဲ၊ ေဆာင္သမ္တန္ပြဲေတြမွာ ေဘာလံုးပိုင္ဆိုင္မႈေတြ မ်ားခဲ့ေပမယ့္ ဂိုးေပါက္ ျခိမ္းေျခာက္မႈနဲ႔ ေဘာလံုးေပးခ်က္ေတြက ထိေရာက္မႈ အားနည္းခဲ့တယ္။

အက္စတြန္ဗီလာပြဲ ဒုတိယပိုင္းမွာေတာ့ သီယာဂိုဟာ လီဗာပူးကစားကြက္ကို ျမန္ဆန္လာေအာင္နဲ႔ လႈပ္ရွားမႈေတြ ေကာင္းလာေအာင္ ခ်ိတ္ဆက္ေပးခဲ့တယ္။ ရွာကီြရီ ဝင္လာခ်ိန္မွာေတာ့ တိုက္စစ္သမားေတြက ေဘာလံုးေတြ ပိုမို လက္ခံရလာခဲ့ျပီး အဆံုးသတ္ ေနရာေတြမွာ အခြင့္အေရးေကာင္းေတြ အေတာ္ေလး ရလာခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ေပးမႈနဲ႔ ေရြ႔လ်ားမႈေတြမွာ လီဗာပူးက အားေပ်ာ့ေနတယ္လို႔ ပြဲအျပီး ထုတ္ေျပာခဲ့တယ္။ ဒီကေရွ႔ လာမယ့္ ၈ ရက္အတြင္းမွာ ပြဲကစားဖို႔ မရွိဘဲ ပထမဆံုး ျပန္လည္ ယွဥ္ျပိဳင္ရမယ့္ ယူႏုိက္တက္ပြဲ အျပီးမွာေတာ့ ၃ ရက္ တစ္ပြဲႏႈန္းျဖင့္ ပြဲၾကပ္ေတြကို ျပန္လည္ ယွဥ္ျပိဳင္သြားရပါမယ္။

သီယာဂိုနဲ႔ ရွာကီြရီလို ေဘာလံုးထိန္းမႈေကာင္းတဲ့ ကြင္းလယ္နဲ႔ တိုက္စစ္အားသန္တဲ့ ကြင္းလယ္ေတြါ ျပန္လည္ ပိုင္ဆိုင္လာတာက စြမ္းေဆာင္ရည္ တိုးတက္လာဖို႔ လိုအပ္ေနတဲ့ အသင္းအတြက္ ၾကီးမားတဲ့ အင္အားေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။