ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးက ကစားသမားသစ် ခေါ်ယူဖို့ မရှိကြောင်း ယာဂင်ကလော့ပ်က ထုတ်ပြောထားပါတယ်။

အခြားတစ်ဖက်မှာ အပြောင်းအရွှေ့ဆိုင်ရာ နာမည်ကျော် သတင်းထောက်ဖြစ်တဲ့ Fabrizio Romano က သူ့ရဲ့ Here We Go podcast ကနေပဲ ကစားသမားတွေက လီဗာပူးကို ပြောင်းလိုစိတ်လည်း မရှိကြဘူးလို့ ထုတ်ဖော်သွားခဲ့တယ်။

လီဗာပူးက ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမယ်ဆိုရင် ကာလတိုအတွက်ပဲဖြစ်ကာ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဒဏ်ရာရနေချိန်မှာ ဝင်ကစားပေးဖို့တင် ဖြစ်ပါတယ်။ ဒါပေမယ့် ခံစစ်သမားတွေ ပြန်သက်သာလာရင် ပွဲကစားခွင့်တွေ မရတော့မယ့် အနေအထားအပေါ် ကစားသမားတွေက မစွန့်စားလိုတာပါ။

Fabrizio Romano က ပြောရာမှာ ” ကစားသမား အများအပြားက လီဗာပူးကို ပြောင်းပြီး ပွဲလေး ၅ ပွဲ၊ ၆ ပွဲ၊ ၇ ပွဲလောက် ကစားရမှာကို အလိုမရှိပါဘူး။ လီဗာပူးရဲ့ အဓိက ကစားသမားကြီးတွေ ဒဏ်ရာက ပြန်သက်သာလာမယ်ဆိုရင် သူတို့က တစ်ရာသီလုံး (သို့) အဲ့ထက်ပိုတဲ့ ကာလတွေမှာ အရန်ခုံထိုင်နေရမှာကို မလိုလားကြပါဘူး ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ဇန်နဝါရီမှာ လူသစ် စွန့်စားခေါ်ယူမှုက အသင်းရဲ့ ကာလရှည် အစီအစဉ်တွေကို ထိခိုက်နိုင်တာကြောင့် မခေါ်လိုတာလို့ ပြောဆိုထားတယ်။ လီဗာပူးအသင်းမှာ ပြဿနာတစ်ခုရှိတာက ပြင်ပကစားသမား အရည်အတွက် ပြည့်နေခြင်းဖြစ်ပြီး ကစားသမားသစ် ခေါ်ယူလိုရင် လက်ရှိ အသင်းသားတွေထဲက တစ်ဦးကို လူစာရင်းက ချန်ခဲ့ရပါမယ်။

လီဗာပူးလူစာရင်းမှာ အင်္ဂလန်သား ကစားသမားအတွက်တော့ နောက်ထပ် တစ်ဦး ထပ်ဖြည့်ဖို့ နေရာကျန်နေသေးတာ ဖြစ်ပါတယ်။

ZAWGYI

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ လီဗာပူးက ကစားသမားသစ္ ေခၚယူဖို႔ မရွိေၾကာင္း ယာဂင္ကေလာ့ပ္က ထုတ္ေျပာထားပါတယ္။

အျခားတစ္ဖက္မွာ အေျပာင္းအေရႊ႔ဆိုင္ရာ နာမည္ေက်ာ္ သတင္းေထာက္ျဖစ္တဲ့ Fabrizio Romano က သူ႔ရဲ႕ Here We Go podcast ကေနပဲ ကစားသမားေတြက လီဗာပူးကို ေျပာင္းလိုစိတ္လည္း မရွိၾကဘူးလို႔ ထုတ္ေဖာ္သြားခဲ့တယ္။

လီဗာပူးက ဇန္နဝါရီမွာ ကစားသမား ေခၚယူမယ္ဆိုရင္ ကာလတိုအတြက္ပဲျဖစ္ကာ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ ဒဏ္ရာရေနခ်ိန္မွာ ဝင္ကစားေပးဖို႔တင္ ျဖစ္ပါတယ္။ ဒါေပမယ့္ ခံစစ္သမားေတြ ျပန္သက္သာလာရင္ ပြဲကစားခြင့္ေတြ မရေတာ့မယ့္ အေနအထားအေပၚ ကစားသမားေတြက မစြန္႔စားလိုတာပါ။

Fabrizio Romano က ေျပာရာမွာ ” ကစားသမား အမ်ားအျပားက လီဗာပူးကို ေျပာင္းျပီး ပြဲေလး ၅ ပြဲ၊ ၆ ပြဲ၊ ၇ ပြဲေလာက္ ကစားရမွာကို အလိုမရွိပါဘူး။ လီဗာပူးရဲ႕ အဓိက ကစားသမားၾကီးေတြ ဒဏ္ရာက ျပန္သက္သာလာမယ္ဆိုရင္ သူတို႔က တစ္ရာသီလံုး (သို႔) အဲ့ထက္ပိုတဲ့ ကာလေတြမွာ အရန္ခံုထိုင္ေနရမွာကို မလိုလားၾကပါဘူး ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဇန္နဝါရီမွာ လူသစ္ စြန္႔စားေခၚယူမႈက အသင္းရဲ႕ ကာလရွည္ အစီအစဥ္ေတြကို ထိခိုက္ႏုိင္တာေၾကာင့္ မေခၚလိုတာလို႔ ေျပာဆိုထားတယ္။ လီဗာပူးအသင္းမွာ ျပႆနာတစ္ခုရွိတာက ျပင္ပကစားသမား အရည္အတြက္ ျပည့္ေနျခင္းျဖစ္ျပီး ကစားသမားသစ္ ေခၚယူလိုရင္ လက္ရွိ အသင္းသားေတြထဲက တစ္ဦးကို လူစာရင္းက ခ်န္ခဲ့ရပါမယ္။

လီဗာပူးလူစာရင္းမွာ အဂၤလန္သား ကစားသမားအတြက္ေတာ့ ေနာက္ထပ္ တစ္ဦး ထပ္ျဖည့္ဖို႔ ေနရာက်န္ေနေသးတာ ျဖစ္ပါတယ္။