လီဗာပူးအသင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက အကယ်ဒမီ ကစားသမားတွေကို စီနီယာအဆင့်ထံ နှစ်တိုင်း မိတ်ဆက်မှုပေးတာက အသင်းအတွက် အားသာချက်ဖြစ်လာမယ်လို့ ယုံကြည်နေတယ်။

လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ အကယ်ဒမီ ကစားသမားတွေကို ပိုမို နေရာပေးမှုနဲ့ အခွင့်အရေးတွေရဖို့ ပိုမို ဖန်တီးမှုတွေ လုပ်ပေးလာနေတယ်။ ဆိုလန်ကီ၊ ဘရူးစတားနဲ့ ဟိုဗာလို ကစားသမားတွေကို အသင်းကောင်းတွေထံ ရောင်းထုတ်ပေးခဲ့သလို ဒီရာသီမှာ ဂျုံး၊ နီကိုး၊ ရိုင်းစ်နဲ့ ကလယ်ဟာတို့က ပွဲကစားခွင့်တွေ ရလာနေပါတယ်။

ပက်လင်ဒါးက “ ကိုယ်ရဲ့ ကိုယ်ပိုင် ကစားသမားတွေကို ခေါ်ယူ အသုံးပြုတာက တပန်းသာမှု ဖြစ်စေတယ်လို့ ထင်ပါတယ်။ ကလပ်အတွင်း အဖေနဲ့ သား ဆက်ဆံရေးကိုလည်း ဖန်တီးလို့ ရစေတယ်။

ကောင်လေးတွေက အမြဲတမ်း ပေးနိုင်တာထက် ပိုပေးဖို့ ကြိုးစားသလို သူတို့က အသင်းကို မနာကျင်စေဖို့လည်း ကြိုးစားပေးတယ်လို့ ကျနော် မြင်တယ်။ အကောင်းဆုံး အရန်တွေပါ။ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံး ရင်းနှီးမြုပ်နှံ့မှုလည်း ဖြစ်သလို ဘောလုံးရာသီတိုင်းရဲ့ အကောင်းဆုံး လက်မှတ်ထိုးမှုတွေက အကယ်ဒမီ ဖြစ်သင့်ပါတယ်။

ကျနေ်ာတို့ ကြိုးစားလုပ်ဆောင်နေတာက အသင်းလူစာရင်းမှာ နေရာလွတ်တွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျနေ်ာတို့ရဲ့ ဒုတိယ ညာအစွန်လူ နေရာမျိုးပေါ့။ ထရန့်ကလည်း အရည်အချင်းရှိတာကြောင့် သူ့ကို ဒီလို လူစာရင်းကနေပဲ ထည့်သွင်းလာတာဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ ပေါ်တိုနဲ့ ဗီအက်စ်ဗီအသင်းတွေမှာ ကျနေ်ာတို့ လုပ်ခဲ့သလိုပဲ လူငယ်တွေအတွက် မျှော်လင့်ချက်ကို ပေးရမယ်၊ ယာဂင်လို မန်နေဂျာရဲ့ ယုံကြည်မှုကိုရအောင် လုပ်ပေးရပါမယ်။

ယာဂင်နဲ့ ထရန့်ရဲ့ ဆက်ဆံရေးအရ လူငယ်ကစားသမားတွေကို ပိုဆွဲခေါ်လာဖို့နဲ့ ဒီဆက်ဆံရေးအတိုင်း အခြားသူတွေကို လက်မှတ်ထိုးဖို့ အရေးကြီးလာခဲ့တယ်။ ထရန့် စီနီယာအဆင့်ကို ကျော်ဖြတ်လာတာက အကယ်ဒမီက အခြားသော ကစားသမားတွေအတွက် ဖြစ်နိုင်တယ်ဆိုတဲ့ လမ်းစကို မြင်လာစေခဲ့တယ်။

အကယ်ဒမီ ကစားသမားတွေကို ခေါ်ယူမှုတွေက ကလပ်တွေအတွက် အကြီးမားဆုံး အလားအလာဖြစ်သည်။ ဥပမာ အေဂျက်လိုပေါ့ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ပထမအသင်းနဲ့ အကယ်ဒမီ ကစားသမား တိုးတက်မှုဆိုင်ရာ အကြီးအကဲ ရာထူးက ပက်ရဲ့ ရာထူးဟောင်းဖြစ်တယ်။ အခုချိန်မှာတော့ ပေါ်တိုနည်းပြဟောင်း ဗစ်တာ မာတိုစ့်ကို လက်ဆင့်ကမ်းခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ အကယ်ဒမီ ကစားသမားတွေထဲက ထူးချွန်သူတွေကို စီနီယာအဆင့်မှာ ပိုမို အခြေခိုင်စေဖို့ တာဝန်ယူပေးထားရသူတွေ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း လက္ေထာက္နည္းျပ ပပ္လင္ဒါးက အကယ္ဒမီ ကစားသမားေတြကို စီနီယာအဆင့္ထံ ႏွစ္တိုင္း မိတ္ဆက္မႈေပးတာက အသင္းအတြက္ အားသာခ်က္ျဖစ္လာမယ္လို႔ ယံုၾကည္ေနတယ္။

လီဗာပူးဟာ ဒီဘက္ႏွစ္ေတြမွာ အကယ္ဒမီ ကစားသမားေတြကုိ ပိုမို ေနရာေပးမႈနဲ႔ အခြင့္အေရးေတြရဖို႔ ပိုမို ဖန္တီးမႈေတြ လုပ္ေပးလာေနတယ္။ ဆုိလန္ကီ၊ ဘရူးစတားနဲ႔ ဟိုဗာလို ကစားသမားေတြကို အသင္းေကာင္းေတြထံ ေရာင္းထုတ္ေပးခဲ့သလို ဒီရာသီမွာ ဂ်ံဳး၊ နီကိုး၊ ရိုင္းစ္နဲ႔ ကလယ္ဟာတို႔က ပြဲကစားခြင့္ေတြ ရလာေနပါတယ္။

ပက္လင္ဒါးက “ ကိုယ္ရဲ႕ ကိုယ္ပိုင္ ကစားသမားေတြကို ေခၚယူ အသံုးျပဳတာက တပန္းသာမႈ ျဖစ္ေစတယ္လို႔ ထင္ပါတယ္။ ကလပ္အတြင္း အေဖနဲ႔ သား ဆက္ဆံေရးကိုလည္း ဖန္တီးလို႔ ရေစတယ္။

ေကာင္ေလးေတြက အျမဲတမ္း ေပးႏုိင္တာထက္ ပိုေပးဖို႔ ၾကိဳးစားသလို သူတို႔က အသင္းကို မနာက်င္ေစဖို႔လည္း ၾကိဳးစားေပးတယ္လို႔ က်ေနာ္ ျမင္တယ္။ အေကာင္းဆံုး အရန္ေတြပါ။ ကိုယ္လုပ္ႏုိင္တဲ့ အေကာင္းဆံုုး ရင္းႏွီးျမဳပ္ႏွံ႔မႈလည္း ျဖစ္သလို ေဘာလံုးရာသီတိုင္းရဲ႕ အေကာင္းဆံုး လက္မွတ္ထိုးမႈေတြက အကယ္ဒမီ ျဖစ္သင့္ပါတယ္။

က်ေန္ာတို႔ ၾကိဳးစားလုပ္ေဆာင္ေနတာက အသင္းလူစာရင္းမွာ ေနရာလြတ္ေတြ ဖန္တီးေပးဖို႔ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ က်ေန္ာတို႔ရဲ႕ ဒုတိယ ညာအစြန္လူ ေနရာမ်ိဳးေပါ့။ ထရန္႔ကလည္း အရည္အခ်င္းရွိတာေၾကာင့္ သူ႔ကို ဒီလို လူစာရင္းကေနပဲ ထည့္သြင္းလာတာျဖစ္ပါတယ္။

အေရးၾကီးဆံုးကေတာ့ ေပၚတိုနဲ႔ ဗီအက္စ္ဗီအသင္းေတြမွာ က်ေန္ာတို႔ လုပ္ခဲ့သလိုပဲ လူငယ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ကို ေပးရမယ္၊ ယာဂင္လို မန္ေနဂ်ာရဲ႕ ယံုၾကည္မႈကိုရေအာင္ လုပ္ေပးရပါမယ္။

ယာဂင္နဲ႔ ထရန္႔ရဲ႕ ဆက္ဆံေရးအရ လူငယ္ကစားသမားေတြကို ပိုဆြဲေခၚလာဖို႔နဲ႔ ဒီဆက္ဆံေရးအတိုင္း အျခားသူေတြကို လက္မွတ္ထိုးဖို႔ အေရးၾကီးလာခဲ့တယ္။ ထရန္႔ စီနီယာအဆင့္ကို ေက်ာ္ျဖတ္လာတာက အကယ္ဒမီက အျခားေသာ ကစားသမားေတြအတြက္ ျဖစ္ႏုိင္တယ္ဆိုတဲ့ လမ္းစကို ျမင္လာေစခဲ့တယ္။

အကယ္ဒမီ ကစားသမားေတြကို ေခၚယူမႈေတြက ကလပ္ေတြအတြက္ အၾကီးမားဆံုး အလားအလာျဖစ္သည္။ ဥပမာ ေအဂ်က္လိုေပါ့ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ပထမအသင္းနဲ႔ အကယ္ဒမီ ကစားသမား တိုးတက္မႈဆိုင္ရာ အၾကီးအကဲ ရာထူးက ပက္ရဲ႕ ရာထူးေဟာင္းျဖစ္တယ္။ အခုခ်ိန္မွာေတာ့ ေပၚတိုနည္းျပေဟာင္း ဗစ္တာ မာတိုစ့္ကို လက္ဆင့္ကမ္းခဲ့ျပီ ျဖစ္ပါတယ္။ သူတို႔ဟာ အကယ္ဒမီ ကစားသမားေတြထဲက ထူးခၽြန္သူေတြကို စီနီယာအဆင့္မွာ ပိုမို အေျခခိုင္ေစဖို႔ တာဝန္ယူေပးထားရသူေတြ ျဖစ္ပါတယ္။