အက်စတွန်ဗီလာ ကစားသမားဟောင်း တိုနီ ကက်စကာရီနိုက မနေ့က ယှဉ်ပြိုင်တဲ့ အက်ဖ်အေပွဲမှာ လီဗာပူးအသင်းက ယူ-၂၃ အသင်းနဲ့ မပြိုင်ပေးတာအတွက် စိတ်ပျက်တယ်ဆိုပြီး ဝေဖန်သွားပါတယ်။

အက်ဖ်အေပွဲအပြီး ၉ ရက်တောင် အနားရမယ့် လီဗာပူးက လာမယ့် ပွဲအဖြစ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ကလော့ပ်က သူ့ကစားသမားတွေကို ပွဲအဆက် မပြတ်စေဖို့ အဓိက ကစားသမားတွေကို လှည့်သုံးခဲ့ကာ ကြံ့ခိုင်မှု စမ်းသပ်သွားခဲ့တယ်။ ဒါတောင်မှ လိုအပ်ချက် ရှိနေသေးလို့ ကြားရက်တွေမှာ 11 v 11 ခွဲကန်မှုတွေ လုပ်ရမယ်လို့ ကလော့ပ်က ပြောပါတယ်။

ကက်စကာရီနိုကတော့ လီဗာပူးရဲ့ လူထုတ်ပုံကို မကျေနပ်ဘဲ ဗီလာ လူငယ်အသင်းကို ယူ-၂၃ အသင်းနဲ့ပဲ ကန်ပေးသင့်တယ်လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

တိုနီ ကက်စကာရီနိုက ” ရိုးရိုးသားသား ပြောရရင် လီဗာပူးက ယူ-၂၃ အသင်းနဲ့ မယှဉ်ပြိုင်ပေးတာကို စိတ်ပျက်ခဲ့ပါတယ်။ ကျနော် ပြောတာကို ဗြိတိန် တစ်ဝန်းက ဘောလုံးပရိသတ်တွေနဲ့ များစွာသော လီဗာပူး အားပေးသူတွေက သဘောကျမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခြေရည်တူ အဆင့်က ကွင်းထဲမှာ ယှဉ်ပြိုင်တာကို ကျနော် သဘောကျပါတယ်။

ယူ-၂၃ တောင် မဟုတ်ဘဲ ယူ-၁၈ လောက်အဆင့်ရှိတဲ့ အသင်းကို လီဗာပူးက ချန်ပီယံလိဂ် အဆင့်ရှိ ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားတာ ကျနော်တော့ မလိုချင်ဘူး။ ကျနော် သဘောအရ ကလော့ပ်က ‘ငါတို့က လီဗာပူးပါ၊ ဗီလာပက်ခ်မှာ ဖြစ်နေတာတွေကို လေးစားပါတယ်၊ ငါတို့လည်း ယူ-၂၃ နဲ့ ပြိုင်ပါမယ်’ ဆိုပြီး လုပ်ဆောင်ပေးတာမျိုးပါ။

အဲ့လိုဖြစ်စေချင်ခဲ့တယ်။ သူတို့ အဲ့လို မဟုတ်တာက ဒီပွဲက နိုင်မှာသေချာတယ်ဆိုတာ ခံစားရတာကြောင့် ကလော့ပ်က အနိုင်သေချာဖို့ တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးက ဒီလို လူစာရင်းကို ထုတ်လို့ ဗီလာ လူငယ်တွေကို တိုးတက်စေမယ်၊ သင်ယူမှုကောင်းတွေ ရစေခဲ့မယ်ဆိုတာတော့ ကျနော် နားလည်တယ်။ လူငယ်တွေအတွက် ပိုမို တိုးတက်စေမယ့် အခွင့်အရေးဖြစ်လို့ သူတို့ မိဘတွေလည်း ကျေနပ်နေတာ ဖြစ်ကောင်းဖြစ်ပါမယ်။ ကျနော်ကတော့ သဘောမကျပါဘူး ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက လီဗာပူးအသင်းဟာ ကလပ်များ ကမ္ဘာဖလားကို ယှဉ်ပြိုင်ရတာကြောင့် ဗီလာနဲ့ အက်ဖ်အေဖလား ယှဉ်ပြိုင်ရမှာ ယူ-၂၃ မန်နေဂျာနဲ့ အသင်းသားတွေကိုပဲ စေလွှတ်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်ကတော့ ဗီလာက ကိုဗစ်ကူးစက်ခံနေရမှုတွေကြောင့် ယူ-၂၃ မန်နေဂျာနဲ့ အသင်းသားတွေဖြင့် ပြန်လည် ယှဉ်ပြိုင်ရတာဖြစ်တယ်။

ဘောလုံးစက်ဝိုင်းက တစ်ပတ်ပြန်လည်ခဲ့တဲ့ ကိစ္စမှာ မနှစ်တုန်းက အသံတိတ်နေခဲ့ပြီး ဒီနှစ်မှ ထပြောတဲ့ ကက်စကာရီနိုရဲ့ ဝေဖန်ချက်က တစ်ကိုယ်ကောင်းဆန်တယ်လို့ တုန့်ပြန်မှတ်ချက်ပေးရဖို့ပဲ ရှိနေပါလိမ့်မယ်။

ZAWGYI

အက္စတြန္ဗီလာ ကစားသမားေဟာင္း တိုနီ ကက္စကာရီႏိုက မေန႔က ယွဥ္ျပိဳင္တဲ့ အက္ဖ္ေအပြဲမွာ လီဗာပူးအသင္းက ယူ-၂၃ အသင္းနဲ႔ မျပိဳင္ေပးတာအတြက္ စိတ္ပ်က္တယ္ဆိုျပီး ေဝဖန္သြားပါတယ္။

အက္ဖ္ေအပြဲအျပီး ၉ ရက္ေတာင္ အနားရမယ့္ လီဗာပူးက လာမယ့္ ပြဲအျဖစ္ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမွာပါ။ ကေလာ့ပ္က သူ႔ကစားသမားေတြကို ပြဲအဆက္ မျပတ္ေစဖို႔ အဓိက ကစားသမားေတြကို လွည့္သံုးခဲ့ကာ ၾကံ႕ခိုင္မႈ စမ္းသပ္သြားခဲ့တယ္။ ဒါေတာင္မွ လိုအပ္ခ်က္ ရွိေနေသးလို႔ ၾကားရက္ေတြမွာ 11 v 11 ခြဲကန္မႈေတြ လုပ္ရမယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။

ကက္စကာရီႏိုကေတာ့ လီဗာပူးရဲ႕ လူထုတ္ပံုကို မေက်နပ္ဘဲ ဗီလာ လူငယ္အသင္းကို ယူ-၂၃ အသင္းနဲ႔ပဲ ကန္ေပးသင့္တယ္လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။

တိုနီ ကက္စကာရီႏိုက ” ရိုးရိုးသားသား ေျပာရရင္ လီဗာပူးက ယူ-၂၃ အသင္းနဲ႔ မယွဥ္ျပိဳင္ေပးတာကို စိတ္ပ်က္ခဲ့ပါတယ္။ က်ေနာ္ ေျပာတာကို ျဗိတိန္ တစ္ဝန္းက ေဘာလံုးပရိသတ္ေတြနဲ႔ မ်ားစြာေသာ လီဗာပူး အားေပးသူေတြက သေဘာက်မွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေျခရည္တူ အဆင့္က ကြင္းထဲမွာ ယွဥ္ျပိဳင္တာကို က်ေနာ္ သေဘာက်ပါတယ္။

ယူ-၂၃ ေတာင္ မဟုတ္ဘဲ ယူ-၁၈ ေလာက္အဆင့္ရွိတဲ့ အသင္းကို လီဗာပူးက ခ်န္ပီယံလိဂ္ အဆင့္ရွိ ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္သြားတာ က်ေနာ္ေတာ့ မလိုခ်င္ဘူး။ က်ေနာ္ သေဘာအရ ကေလာ့ပ္က ‘ငါတို႔က လီဗာပူးပါ၊ ဗီလာပက္ခ္မွာ ျဖစ္ေနတာေတြကို ေလးစားပါတယ္၊ ငါတို႔လည္း ယူ-၂၃ နဲ႔ ျပိဳင္ပါမယ္’ ဆိုျပီး လုပ္ေဆာင္ေပးတာမ်ိဳးပါ။

အဲ့လိုျဖစ္ေစခ်င္ခဲ့တယ္။ သူတို႔ အဲ့လို မဟုတ္တာက ဒီပြဲက ႏုိင္မွာေသခ်ာတယ္ဆိုတာ ခံစားရတာေၾကာင့္ ကေလာ့ပ္က အႏုိင္ေသခ်ာဖို႔ ေတာင့္တင္းတဲ့ လူစာရင္းကို ထုတ္သံုးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးက ဒီလို လူစာရင္းကို ထုတ္လို႔ ဗီလာ လူငယ္ေတြကို တိုးတက္ေစမယ္၊ သင္ယူမႈေကာင္းေတြ ရေစခဲ့မယ္ဆိုတာေတာ့ က်ေနာ္ နားလည္တယ္။ လူငယ္ေတြအတြက္ ပိုမို တိုးတက္ေစမယ့္ အခြင့္အေရးျဖစ္လို႔ သူတို႔ မိဘေတြလည္း ေက်နပ္ေနတာ ျဖစ္ေကာင္းျဖစ္ပါမယ္။ က်ေနာ္ကေတာ့ သေဘာမက်ပါဘူး ” လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီတုန္းက လီဗာပူးအသင္းဟာ ကလပ္မ်ား ကမၻာဖလားကို ယွဥ္ျပိဳင္ရတာေၾကာင့္ ဗီလာနဲ႔ အက္ဖ္ေအဖလား ယွဥ္ျပိဳင္ရမွာ ယူ-၂၃ မန္ေနဂ်ာနဲ႔ အသင္းသားေတြကိုပဲ ေစလႊတ္ခဲ့ရပါတယ္။ ဒီတစ္ၾကိမ္ကေတာ့ ဗီလာက ကိုဗစ္ကူးစက္ခံေနရမႈေတြေၾကာင့္ ယူ-၂၃ မန္ေနဂ်ာနဲ႔ အသင္းသားေတြျဖင့္ ျပန္လည္ ယွဥ္ျပိဳင္ရတာျဖစ္တယ္။

ေဘာလံုးစက္ဝိုင္းက တစ္ပတ္ျပန္လည္ခဲ့တဲ့ ကိစၥမွာ မႏွစ္တုန္းက အသံတိတ္ေနခဲ့ျပီး ဒီႏွစ္မွ ထေျပာတဲ့ ကက္စကာရီႏိုရဲ႕ ေဝဖန္ခ်က္က တစ္ကိုယ္ေကာင္းဆန္တယ္လို႔ တုန္႔ျပန္မွတ္ခ်က္ေပးရဖို႔ပဲ ရွိေနပါလိမ့္မယ္။