မာဆေးဆိုဒ်ဒါဘီမှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ မိုင်ကယ် အိုလီဗာက ဗန်ဒိုက်ကို ဖျက်ထုတ်မှုကြီး လုပ်ခဲ့တာအတွက် အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့်ကို ကွင်းထဲကနေ ထုတ်ပယ်ခဲ့သင့်တယ်လို့ ဝန်ခံလိုက်ပါတယ်။

အိုလီဗာနဲ့ ကိုတီတို့ဟာ အဆိုပါပွဲမှာ အခြားသော ဆုံးဖြတ်ချက်တွေ ပြုလုပ်ရေးထက် စိန်ခေါ်မှု ဖြစ်ခဲ့တဲ့ အနေအထားက လူကျွံမကျွံကိုပဲ အာရုံစိုက်နေခဲ့တာပါ။ နောက်ပိုင်းမှာ VAR ဒိုင် ကိုတီကလည်း သူဟာ လူကျွံဘောကိုပဲ အာရုံစိုက်နေခဲ့မိတာကြောင့် ဖျက်ထုတ်မှုနဲ့ ပက်သက်လို့ မစစ်ဆေးခဲ့မိဘူးလို့ ဝန်ခံခဲ့တယ်။

ထိုစဉ်က ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့သူ အိုလီဗာက ပြောရာမှာ “ ကျနေ်ာတို့ အားလုံး အမှားတွေရှိပါတယ်။ ကျနော် ကိုယ်တိုင် အပါအဝင်ပါပဲ။ ကွင်းထဲက စိန်ခေါ်မှုနဲ့ ပက်သက်ပြီး ကျနော်တို့ လုပ်သင့်သလို မတွေးနိုင်ခဲ့ဘူး။ လူကျွံဘော ဖြစ်ခဲ့ပြီးတာတောင် ပစ်ဖိုဒ့်ကို ထုတ်ပယ်နိုင်ခဲ့သေးတာပါ။

ကျျနော် အံသြခဲ့ရတာက ကွင်းထဲက ဘယ်သူမှလည်း အနီကဒ် ပေးသင့်တယ်လို့ မမျှော်လင့်ထားတာပါ။ ဘယ်ကစားသမားကမှ ကဒ်ပြဖို့ကို မတောင်းဆိုခဲ့ပါဘူး။ ကျနေ်ာတို့က ပင်နယ်တီ ဟုတ်လား မဟုတ်လားဆိုတဲ့ ကိစ္စအပြင်ကို ဒီထက် ပိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေကို ကြည့်ခဲ့သင့်တာပါ။

လူကျွံဘောအဖြစ် ပွဲကို ပြန်စခဲ့သင့်ပြီး ပြန်လည်း စတင်ခဲ့တယ်။ ဒါပေမယ့် ပစ်ဖိုဒ့်ကိုတော့ ခြားနားတဲ့ အပြစ် ပေးခဲ့သင့်ပါတယ် ” လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက် ဒဏ်ရာကြောင့် တစ်ရာသီလုံး နီးပါး အနားယူရတာက လီဗာပူးအတွက် နစ်နာလှပါတယ်။ ဒီရာသီ ဇယားထိပ်ပိုင်း တစ်နေရာမှာ ရှိနေဆဲဖြစ်တဲ့ လီဗာပူးမှာ ဗန်ဒိုက်လို ကမ္ဘာအကောင်းဆုံး ခံစစ်သမား ပါဝင်မယ်ဆိုရင် ပြိုင်ဘက်အသင်းတွေအား ရလဒ်တွေ ပိုပြီး ဖြတ်ထားနိုင်မှာပါ။

“ စတွေးမိတာက အဲ့တာက ပင်နယ်တီတော့ မဟုတ်ဘူး။ အခြေအနေက လူကျွံနေတယ်လေ။ ဒီတော့ ကျနေ်ာတို့ ပထမဆုံး လူကျွံဘောကိစ္စကို အရင်စစ်ခဲ့ရတယ်။ ကျနော်က VAR ကို ‘အဲ့တာက လူကျွံဘော မဟုတ်ရင် ပင်နယ်တီ ပေးလိုက်မယ်’ လို့ ပြောခဲ့တယ်လို့ ထင်ပါတယ်။

အဲ့ကိစ္စကို အကြိမ် အများကြီး ပြန်ကြည့်ခဲ့ပါတယ်။ ပစ်ဖိုဒ့်က သူ့ဘာသာ ကာကွယ်တာကလွဲလို့ အခြား မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် သူက မှားယွင်းတဲ့ နည်းလမ်းနဲ့ လုပ်ခဲ့တယ်ဆိုတာ ဒဏ်ရာက သက်သေပြနေပါတယ် ” လို့ အိုလီဗာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ဒါဘီမွာ ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူခဲ့တဲ့ မိုင္ကယ္ အိုလီဗာက ဗန္ဒိုက္ကို ဖ်က္ထုတ္မႈၾကီး လုပ္ခဲ့တာအတြက္ အဲဗာတန္ ဂိုးသမား ပစ္ဖိုဒ့္ကို ကြင္းထဲကေန ထုတ္ပယ္ခဲ့သင့္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

အိုလီဗာနဲ႔ ကိုတီတို႔ဟာ အဆိုပါပြဲမွာ အျခားေသာ ဆံုးျဖတ္ခ်က္ေတြ ျပဳလုပ္ေရးထက္ စိန္ေခၚမႈ ျဖစ္ခဲ့တဲ့ အေနအထားက လူကၽြံမကၽြံကိုပဲ အာရံုစိုက္ေနခဲ့တာပါ။ ေနာက္ပိုင္းမွာ VAR ဒိုင္ ကိုတီကလည္း သူဟာ လူကၽြံေဘာကိုပဲ အာရံုစိုက္ေနခဲ့မိတာေၾကာင့္ ဖ်က္ထုတ္မႈနဲ႔ ပက္သက္လို႔ မစစ္ေဆးခဲ့မိဘူးလို႔ ဝန္ခံခဲ့တယ္။

ထိုစဥ္က ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူခဲ့သူ အိုလီဗာက ေျပာရာမွာ “ က်ေန္ာတို႔ အားလံုး အမွားေတြရွိပါတယ္။ က်ေနာ္ ကိုယ္တိုင္ အပါအဝင္ပါပဲ။ ကြင္းထဲက စိန္ေခၚမႈနဲ႔ ပက္သက္ျပီး က်ေနာ္တို႔ လုပ္သင့္သလို မေတြးႏုိင္ခဲ့ဘူး။ လူကၽြံေဘာ ျဖစ္ခဲ့ျပီးတာေတာင္ ပစ္ဖိုဒ့္ကို ထုတ္ပယ္ႏုိင္ခဲ့ေသးတာပါ။

က််ေနာ္ အံၾသခဲ့ရတာက ကြင္းထဲက ဘယ္သူမွလည္း အနီကဒ္ ေပးသင့္တယ္လို႔ မေမွ်ာ္လင့္ထားတာပါ။ ဘယ္ကစားသမားကမွ ကဒ္ျပဖို႔ကို မေတာင္းဆိုခဲ့ပါဘူး။ က်ေန္ာတို႔က ပင္နယ္တီ ဟုတ္လား မဟုတ္လားဆိုတဲ့ ကိစၥအျပင္ကို ဒီထက္ ပိုက်ယ္ျပန္႔တဲ့ ရႈေထာင့္ကေနကို ၾကည့္ခဲ့သင့္တာပါ။

လူကၽြံေဘာအျဖစ္ ပြဲကို ျပန္စခ့ဲသင့္ျပီး ျပန္လည္း စတင္ခဲ့တယ္။ ဒါေပမယ့္ ပစ္ဖိုဒ့္ကိုေတာ့ ျခားနားတဲ့ အျပစ္ ေပးခဲ့သင့္ပါတယ္ ” လို႔ ဝန္ခံခ့ဲတာျဖစ္ပါတယ္။

ဗန္ဒိုက္ ဒဏ္ရာေၾကာင့္ တစ္ရာသီလံုး နီးပါး အနားယူရတာက လီဗာပူးအတြက္ နစ္နာလွပါတယ္။ ဒီရာသီ ဇယားထိပ္ပိုင္း တစ္ေနရာမွာ ရွိေနဆဲျဖစ္တဲ့ လီဗာပူးမွာ ဗန္ဒိုက္လို ကမၻာအေကာင္းဆံုး ခံစစ္သမား ပါဝင္မယ္ဆိုရင္ ျပိဳင္ဘက္အသင္းေတြအား ရလဒ္ေတြ ပိုျပီး ျဖတ္ထားႏုိင္မွာပါ။

“ စေတြးမိတာက အဲ့တာက ပင္နယ္တီေတာ့ မဟုတ္ဘူး။ အေျခအေနက လူကၽြံေနတယ္ေလ။ ဒီေတာ့ က်ေန္ာတို႔ ပထမဆံုး လူကၽြံေဘာကိစၥကို အရင္စစ္ခဲ့ရတယ္။ က်ေနာ္က VAR ကို ‘အဲ့တာက လူကၽြံေဘာ မဟုတ္ရင္ ပင္နယ္တီ ေပးလိုက္မယ္’ လို႔ ေျပာခဲ့တယ္လို႔ ထင္ပါတယ္။

အဲ့ကိစၥကို အၾကိမ္ အမ်ားၾကီး ျပန္ၾကည့္ခဲ့ပါတယ္။ ပစ္ဖိုဒ့္က သူ႔ဘာသာ ကာကြယ္တာကလြဲလို႔ အျခား မရည္ရြယ္ခဲ့ပါဘူး။ ဒါေပမယ့္ သူက မွားယြင္းတဲ့ နည္းလမ္းနဲ႔ လုပ္ခဲ့တယ္ဆိုတာ ဒဏ္ရာက သက္ေသျပေနပါတယ္ ” လို႔ အိုလီဗာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။