လီဗာပူးသတင်းထောက်ဖြစ်တဲ့ James Pearce က လာမယ့် ယူနိုက်တက်ပွဲမှာ အသင်းက ဘယ်လို ကွင်းလယ်အတွဲ ထုတ်သုံးမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို ဟန်ဒို၊ သီယာဂိုနဲ့ ဂီနီတို့ကို တွဲဘက်ပေးတာကို မြင်လိုပါတယ်လို့ ထုတ်ပြောလာပါတယ်။

အက်ဖ်အေဖလားအပြီး နားရက် ၈ ရက် ရထားတဲ့ လီဗာပူးဟာ နောက်အပတ် စူပါဆန်းဒေးပွဲအဖြစ် အန်ဖီးမှာ ယူနိုက်တက်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒီကြားရက်မှာပဲ ယူနိုက်တက်က ပွဲကျန် ၁ ပွဲအဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ လီဗာပူးကတော့ ပွဲကစားရဖို့ မရှိပါဘူး။

အင်္ဂလန်ဒါဘီပွဲအတွက် ထွက်ပေါ်သင့်တဲ့ ကွင်းလယ်အတွဲနဲ့ ပက်သက်လို့ Pearce က ဖြေပေးရာမှာ ” ယူနိုက်တက်နဲ့ပွဲမှာ မန်နေဂျာကလော့ပ်က ဘယ်လို လူစာရင်း ထုတ်သုံးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကျနော်ကတော့ သီယာဂို၊ ဟန်ဒိုနဲ့ ဂီနီ အတွဲကို ထုတ်သုံးစေလိုပါတယ် ” လို့ ဖြစ်တယ်။

လီဗာပူးအသင်း ကွင်းလယ်ဟာ လက်ရှိ ဘောလုံးရာသီအတွင်း အတောင့်တင်းဆုံးအဖြစ် ကိတ်တာက လွဲလို့ ကျန်ကစားသမားအားလုံး ဒဏ်ရာက ပြန်သက်သာလာနေခဲ့ပြီဖြစ်တယ်။ ကလော့ပ်ဟာ ဒီရာသီမှာ ပုံမှန်အားဖြင့် ဟန်ဒို၊ ဂီနီကို အထိုင်ထားပြီး ဂျုံး၊ မီလ်နာနဲ့ မီနာမီနိုတို့ကို ကျန် ကွင်းလယ် တစ်နေရာတွေမှာ အသုံးပြုထားပါတယ်။

ဆောက်သမ်တန်ပွဲမှာ ဟန်ဒိုက ဗဟိုခံစစ်နေရာ ကစားခဲ့ပြီး နံပါတ် ၆ နောမှာ သီယာဂိုကို မိနစ် ၉၀ မြင်တွေ့ခဲ့ရတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အက်ဖ်အေပွဲမှာတော့ သီယာဂိုနဲ့ ဟန်ဒိုကို နံပါတ် ၆ နေရာမှာ ၄၅ မိနစ်စီ ကစားစေခဲ့ပြပီး လူစားဝင် ကစားသမားအဖြစ် ရှာကွီရီတို့ ပြန်ကစားလာနိုင်ခဲ့ပါတယ်။

Pearce ပြောသလို ဟန်ဒိုကို နံပါတ် ၆ နေရာ ကစားစေပြီး သူ့ရှေ့မှာ သီယာဂိုနဲ့ ဂီနီကို နံပါတ် ၈ နေရာတွေ တွဲကစားစေမယ်ဆိုရင် လီဗာပူးရဲ့ အမြင့်ဘော ရယူမှုနဲ့ Second ball ရယူမှုတွေက ပိုအားကောင်းလာနိုင်တယ်။ ဒီကွင်းလယ် သုံးဦးက ကစားအား သိပ်ကောင်းသလို သီယာဂိုက ဖန်တီးမှုရှိတဲ့ ပေးချက်တွေ လုပ်နိုင်စွမ်း မြင့်မားတယ်။

ဟန်ဒိုဟာ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်ကို အသားကျနေသူဖြစ်ကာ သူဟာ တိုက်စစ်လိုက်ပါသွားမယ့် ညာခြမ်းက ထရန့်နေရာကို အားဖြည့်ပေးနိုင်သူဖြစ်တယ်။ ဂီနီကလည်း ဘယ်ခြမ်းမှာ မာနေးရဲ့ နောက်က နေရာလွတ်တွေကို ဝင်ပါကူပေးလေ့ ရှိသူဖြစ်တယ်။ ကျန် ကွင်းလယ် တစ်နေရာအတွက်တော့ လွတ်လပ်စွာ ကစားခွင့်ရှိသူအဖြစ် သီယာဂိုကို အသုံးပြုတာက အတော်လေး အကျိုးဖြစ်နိုင်ပါတယ်။

ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ တော်မီနေး တို့ရဲ့ ပြိုင်ဘက်ကွင်းလယ်ဟာ ယူနိုက်တက်ရဲ့ ရလဒ်တွေအတွက် အဓိက အရေးပါနေတာပါ။ ဒါကြောင့် ကွင်းလယ် အားပြိုင်မှုဟာ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မှုမှာ အရေးပါတဲ့ နည်းစနစ်ပိုင်း အားပြိုင်ရာ နေရာ ဖြစ်လာဖို့ ရှိလာနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ျဖစ္တဲ့ James Pearce က လာမယ့္ ယူႏုိက္တက္ပြဲမွာ အသင္းက ဘယ္လို ကြင္းလယ္အတြဲ ထုတ္သံုးမလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္သလို ဟန္ဒို၊ သီယာဂိုနဲ႔ ဂီနီတို႔ကို တြဲဘက္ေပးတာကို ျမင္လိုပါတယ္လို႔ ထုတ္ေျပာလာပါတယ္။

အက္ဖ္ေအဖလားအျပီး နားရက္ ၈ ရက္ ရထားတဲ့ လီဗာပူးဟာ ေနာက္အပတ္ စူပါဆန္းေဒးပြဲအျဖစ္ အန္ဖီးမွာ ယူႏုိက္တက္ကို ဧည့္ခံ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဒီၾကားရက္မွာပဲ ယူႏုိက္တက္က ပြဲက်န္ ၁ ပြဲအျဖစ္ ဘန္ေလနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ကာ လီဗာပူးကေတာ့ ပြဲကစားရဖို႔ မရွိပါဘူး။

အဂၤလန္ဒါဘီပြဲအတြက္ ထြက္ေပၚသင့္တဲ့ ကြင္းလယ္အတြဲနဲ႔ ပက္သက္လို႔ Pearce က ေျဖေပးရာမွာ ” ယူႏုိက္တက္နဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ဘယ္လို လူစာရင္း ထုတ္သံုးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ က်ေနာ္ကေတာ့ သီယာဂို၊ ဟန္ဒိုနဲ႔ ဂီနီ အတြဲကို ထုတ္သံုးေစလိုပါတယ္ ” လို႔ ျဖစ္တယ္။

လီဗာပူးအသင္း ကြင္းလယ္ဟာ လက္ရွိ ေဘာလံုးရာသီအတြင္း အေတာင့္တင္းဆံုးအျဖစ္ ကိတ္တာက လြဲလို႔ က်န္ကစားသမားအားလံုး ဒဏ္ရာက ျပန္သက္သာလာေနခဲ့ျပီျဖစ္တယ္။ ကေလာ့ပ္ဟာ ဒီရာသီမွာ ပံုမွန္အားျဖင့္ ဟန္ဒို၊ ဂီနီကို အထိုင္ထားျပီး ဂ်ံဳး၊ မီလ္နာနဲ႔ မီနာမီႏိုတို႔ကို က်န္ ကြင္းလယ္ တစ္ေနရာေတြမွာ အသံုးျပဳထားပါတယ္။

ေဆာက္သမ္တန္ပြဲမွာ ဟန္ဒိုက ဗဟိုခံစစ္ေနရာ ကစားခဲ့ျပီး နံပါတ္ ၆ ေနာမွာ သီယာဂိုကို မိနစ္ ၉၀ ျမင္ေတြ႔ခဲ့ရတယ္။ ေနာက္ဆုံး ယွဥ္ျပိဳင္ထားတဲ့ အက္ဖ္ေအပြဲမွာေတာ့ သီယာဂိုနဲ႔ ဟန္ဒိုကို နံပါတ္ ၆ ေနရာမွာ ၄၅ မိနစ္စီ ကစားေစခဲ့ျပပီး လူစားဝင္ ကစားသမားအျဖစ္ ရွာကီြရီတို႔ ျပန္ကစားလာႏုိင္ခဲ့ပါတယ္။

Pearce ေျပာသလို ဟန္ဒိုကို နံပါတ္ ၆ ေနရာ ကစားေစျပီး သူ႔ေရွ႔မွာ သီယာဂိုနဲ႔ ဂီနီကို နံပါတ္ ၈ ေနရာေတြ တြဲကစားေစမယ္ဆိုရင္ လီဗာပူးရဲ႕ အျမင့္ေဘာ ရယူမႈနဲ႔ Second ball ရယူမႈေတြက ပိုအားေကာင္းလာႏုိင္တယ္။ ဒီကြင္းလယ္ သံုးဦးက ကစားအား သိပ္ေကာင္းသလို သီယာဂိုက ဖန္တီးမႈရွိတဲ့ ေပးခ်က္ေတြ လုပ္ႏုိင္စြမ္း ျမင့္မားတယ္။

ဟန္ဒိုဟာ ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္ကို အသားက်ေနသူျဖစ္ကာ သူဟာ တိုက္စစ္လိုက္ပါသြားမယ့္ ညာျခမ္းက ထရန္႔ေနရာကို အားျဖည့္ေပးႏုိင္သူျဖစ္တယ္။ ဂီနီကလည္း ဘယ္ျခမ္းမွာ မာေနးရဲ႕ ေနာက္က ေနရာလြတ္ေတြကို ဝင္ပါကူေပးေလ့ ရွိသူျဖစ္တယ္။ က်န္ ကြင္းလယ္ တစ္ေနရာအတြက္ေတာ့ လြတ္လပ္စြာ ကစားခြင့္ရွိသူအျဖစ္ သီယာဂိုကို အသံုးျပဳတာက အေတာ္ေလး အက်ိဳးျဖစ္ႏုိင္ပါတယ္။

ဖာနန္ဒက္စ္၊ ေပါ့ဘာ၊ ေတာ္မီေနး တို႔ရဲ႕ ျပိဳင္ဘက္ကြင္းလယ္ဟာ ယူႏုိက္တက္ရဲ႕ ရလဒ္ေတြအတြက္ အဓိက အေရးပါေနတာပါ။ ဒါေၾကာင့္ ကြင္းလယ္ အားျပိဳင္မႈဟာ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ ထိပ္တိုက္ေတြ႔မႈမွာ အေရးပါတဲ့ နည္းစနစ္ပိုင္း အားျပိဳင္ရာ ေနရာ ျဖစ္လာဖို႔ ရွိလာေနတာ ျဖစ္ပါတယ္။