လီဗာပူးရဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ ရှာကွီရီက သူ ပြန်သက်သာလာပြီဖြစ်ကြောင်းနဲ့ ပွဲထွက်ပေးဖို့တွေအတွက် စောင့်မျှော်နေပါကြောင်း ထုတ်ပြောလာပါတယ်။

ရှာကိွီရီက “ ကျနော် ပြန်ပြီး ကြံ့ခိုင်လာပါပြီ၊ ကျနော် ပြန်လာပါပြီ။ ကျနော် ခံစားချက်တွေ ကောင်းနေသလို ကစားဖို့လည်း အဆင်သင့်ပါပဲ ” လို့ ရှာကွီရီက လီဗာပူးအသင်း ဝဘ်ဆိုဒ်ကို ထုတ်ပြောလိုက်ပါတယ်။

ဆွစ်ဇလန်သား ကွင်းလယ်လူဟာ ဒီရာသီစကတည်းက ကြွက်သား ဒဏ်ရာကြောင့် ပုံမှန် လေ့ကျင့်ရေးတောင် မဝင်နိုင်ခဲ့ပါဘူး။ ပြန်ကစားနိုင်မလို အခြေအနေတွေ မကြာခဏ ရှိခဲ့ပေမယ့်လည်း နောက်ဆက်တွဲ ဒဏ်ရာတွေ ပြန်ပြန်ရနေခဲ့တာပါ။ ဒီတစ်ကြိမ်တော့ ရှာကွီရီ တကယ်ကို ပြန်လာခဲ့ပြီဖြစ်ပါတယ်။

ဆွစ်ဇလန်ကွင်းလယ်လူက “ လာမယ့် ပွဲတွေမှာ ပါဝင်ခွင့်ရဖို့နဲ့ ရာသီဝက် ကာလအတွက် စောင့်မျှော်နေပါတယ်။ အသင်း အများကြီး အောင်မြင်ဖို့ ကူညီပေးနိုင်အောင် ကြိုးစားမှာပါ။ ကျနော် စောင့်မျှော်နေပါတယ်။

ဒဏ်ရာရနေရင် အသင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘဲ အဲ့အတွက် စိတ်ပျက်ရတာက ပုံမှန်ပါပဲ။ အိမ်မှာနေပြီး အသင်းရဲ့ ပွဲတွေကို တီဗီကနေ ကြည့်နေရတာထက်စာရင် ကွင်းထဲမှာပဲ ရှိနေလိုတာပါ။ ဒါပေမယ့်လို့ ဒါက ဘဝရဲ့ အစိတ်အပိုင်းနဲ့ ဘောလုံးရဲ့ အစိတ်အပိုင်းတင် ဖြစ်ပါတယ်။

ပြန်သက်သာလာဖို့ ကျနေ်ာ ကြိုးစားခဲ့တယ်။ ဒီတော့ အသင်းနဲ့အတူ ရှိနေတာအတွက် ကျနော် အတော်လေး ပျော်ပါတယ်။ ကစားခွင့်ရလာမယ်ဆိုရင် အသင်းနိုင်ပွဲတွေရဖို့ ကျနော် ကြိုးစား ကူညီသွားမှာ ဖြစ်ပါတယ်။ အဲ့တာကပဲ အရေးကြီးဆုံး ဖြစ်သလို ကျနော်ရဲ့ အရည်အချင်းနဲ့ ကူညီဖို့ ကြိုးစားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီရာသီ သူ့ရဲ့ မျှော်လင့်ချက်ဖြစ်သလို လီဗာပူးရဲ့ ဦးတည်ချက်နဲ့ ပက်သက်ပြီးလည်း ရှာကွီရီက “ ဆုဖလားတွေ အောင်မြင်ဖို့နဲ့ ပွဲကြီးတွေကို ကစားဖို့က လီဗာပူးအသင်းရဲ့ ဦးတည်ချက်လို့ ထင်ပါတယ်။ အဲ့တာကပဲ ဒီရာသီအတွက် ကျနော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ တိုက္စစ္အားသန္ ကြင္းလယ္လူ ရွာကီြရီက သူ ျပန္သက္သာလာျပီျဖစ္ေၾကာင္းနဲ႔ ပြဲထြက္ေပးဖို႔ေတြအတြက္ ေစာင့္ေမွ်ာ္ေနပါေၾကာင္း ထုတ္ေျပာလာပါတယ္။

ရွာကိီြရီက “ က်ေနာ္ ျပန္ျပီး ၾကံ႕ခိုင္လာပါျပီ၊ က်ေနာ္ ျပန္လာပါျပီ။ က်ေနာ္ ခံစားခ်က္ေတြ ေကာင္းေနသလို ကစားဖို႔လည္း အဆင္သင့္ပါပဲ ” လို႔ ရွာကီြရီက လီဗာပူးအသင္း ဝဘ္ဆိုဒ္ကို ထုတ္ေျပာလိုက္ပါတယ္။

ဆြစ္ဇလန္သား ကြင္းလယ္လူဟာ ဒီရာသီစကတည္းက ၾကြက္သား ဒဏ္ရာေၾကာင့္ ပံုမွန္ ေလ့က်င့္ေရးေတာင္ မဝင္ႏုိင္ခဲ့ပါဘူး။ ျပန္ကစားႏုိင္မလို အေျခအေနေတြ မၾကာခဏ ရွိခဲ့ေပမယ့္လည္း ေနာက္ဆက္တြဲ ဒဏ္ရာေတြ ျပန္ျပန္ရေနခဲ့တာပါ။ ဒီတစ္ၾကိမ္ေတာ့ ရွာကီြရီ တကယ္ကို ျပန္လာခဲ့ျပီျဖစ္ပါတယ္။

ဆြစ္ဇလန္ကြင္းလယ္လူက “ လာမယ့္ ပြဲေတြမွာ ပါဝင္ခြင့္ရဖို႔နဲ႔ ရာသီဝက္ ကာလအတြက္ ေစာင့္ေမွ်ာ္ေနပါတယ္။ အသင္း အမ်ားၾကီး ေအာင္ျမင္ဖို႔ ကူညီေပးႏုိင္ေအာင္ ၾကိဳးစားမွာပါ။ က်ေနာ္ ေစာင့္ေမွ်ာ္ေနပါတယ္။

ဒဏ္ရာရေနရင္ အသင္းကို ကူညီေပးႏုိင္မွာ မဟုတ္ဘဲ အဲ့အတြက္ စိတ္ပ်က္ရတာက ပံုမွန္ပါပဲ။ အိမ္မွာေနျပီး အသင္းရဲ႕ ပြဲေတြကို တီဗီကေန ၾကည့္ေနရတာထက္စာရင္ ကြင္းထဲမွာပဲ ရွိေနလိုတာပါ။ ဒါေပမယ့္လို႔ ဒါက ဘဝရဲ႕ အစိတ္အပိုင္းနဲ႔ ေဘာလံုးရဲ႕ အစိတ္အပိုင္းတင္ ျဖစ္ပါတယ္။

ျပန္သက္သာလာဖို႔ က်ေန္ာ ၾကိဳးစားခဲ့တယ္။ ဒီေတာ့ အသင္းနဲ႔အတူ ရွိေနတာအတြက္ က်ေနာ္ အေတာ္ေလး ေပ်ာ္ပါတယ္။ ကစားခြင့္ရလာမယ္ဆိုရင္ အသင္းႏုိင္ပြဲေတြရဖို႔ က်ေနာ္ ၾကိဳးစား ကူညီသြားမွာ ျဖစ္ပါတယ္။ အဲ့တာကပဲ အေရးၾကီးဆံုး ျဖစ္သလို က်ေနာ္ရဲ႕ အရည္အခ်င္းနဲ႔ ကူညီဖို႔ ၾကိဳးစားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီရာသီ သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ျဖစ္သလို လီဗာပူးရဲ႕ ဦးတည္ခ်က္နဲ႔ ပက္သက္ျပီးလည္း ရွာကီြရီက “ ဆုဖလားေတြ ေအာင္ျမင္ဖို႔နဲ႔ ပြဲၾကီးေတြကို ကစားဖို႔က လီဗာပူးအသင္းရဲ႕ ဦးတည္ခ်က္လို႔ ထင္ပါတယ္။ အဲ့တာကပဲ ဒီရာသီအတြက္ က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။