ကုန်ခဲ့တဲ့ တစ်နှစ်ခွဲ ကာလဟာ နယ်သာလန်သား ခံစစ်မှူး ဗန်ဒန်ဘယ်ရာအတွက် အတော်လေး ခက်ခဲခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ လီဗာပူးကို ရောက်လာတဲ့ ဗန်ဒန်ဘယ်ရာဟာ မျှော်လင့်သလို စွမ်းဆောင်နိုင်ခြင်း မရှိဘဲ ရုန်းကန်နေရတယ်။

အသက် ၁၉ နှစ်အရွယ်ပဲ ရှိသေးတဲ့ ခံစစ်သမားဟာ ယူ-၂၃ အသင်းအတွက် ကစားပေးနေပြပီး အကယ်ဒမီအဆင့်မှာ ၉ ပွဲထိ ကစားခွင့် ရထားပါတယ်။ ဒါပေမယ့်လို့ စီနီယာအသင်းမှာတော့ လူစားလဲခြင်း မခံရတဲ့ ပွဲစဉ် တစ်ပွဲတည်းမှာ အရန်ခုံက ရှိနေခဲ့တာပါ။

ခံစစ်သမားက တိုးတက်နေပေမယ့် နယ်သာလန် အဆင့်မြင့်တန်းကနေ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က သိပ်ကြီးတဲ့ ခြေလှမ်း ဖြစ်နေခဲ့တယ်။ မန်နေဂျာယာဂင်ကလော့ပ် အထင်ကြီးအောင် လုပ်ပြဖို့လည်း မစွမ်းနိုင်ခဲ့တာကြောင့် ဇန်နဝါရီမှာ အငှားဖြင့် ယာယီ ထွက်ခွာဖွယ် ရှိပါတယ်။

လီဗာပူးက နေ်ဒန်ဘယ်ရာကို အငှားချဖို့ ဂျာမနီ ဘွန်ဒက်လီဂါ-၂ မှ ကလပ်၊ ဘယ်ဂျီယံကလပ်နဲ့ ဆွစ်စူပါလိဂ်မှ ကလပ်တွေဖြင့် စကားပြောနေပါတယ်။ ထိုကလပ် သုံးသင်းအပြင် သူ့ကို ခေါ်ယူဖို့ ဘလက်ဘန်းကလည်း စိတ်ဝင်စားနေတာဖြစ်တယ်။

လီဗာပူးက ခံစစ်သမားအတွက် ပွဲကစားခွင့်ပေးမယ့် ကလပ်ကိုပဲ အငှားချပေးလိုချိန်မှာ ဘလက်ဘန်းရဲ့ ကမ်းလှမ်းမှုက စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာသီ အီးလီးယော့ကို အငှားခေါ်ယူထားပြီး ပွဲကစားခွင့်တွေ အတော်လေး ပေးနိုင်တယ်။ ခံစစ်ပိုင်း ပြဿနာတွေကြောင့် ဇန်နဝါရီမှာ ဗဟိုခံစစ်သမား ခေါ်ယူရေးက ဘလက်ဘန်းရဲ့ ဦးစားပေးတွေထဲက တစ်ခု ဖြစ်ပါတယယ်။

ဇန်နဝါရီမှာ လီဗာပူးအသင်း အငှားချဖို့ ကြိုးစားမှာက ဗန်ဒန်ဘယ်ရာတင် မဟုတ်ဘဲ ချာတန်အသင်းထံ မီလာနဲ့ ဂျာရိုစ့်၊ လိုက်သန် ကလာဆန်၊ ဂျိတ်ကိန်းတို့ကိုလည်း ထွက်ခွာခွင့်တွေ ပေးဦးမှာပါ။

လူငယ် ၅ ဦးလုံးကို အငှားဖြင့်ပဲ ထွက်ခွင့်ပေးမယ်လို့ ယုံကြည်ရပြီး ဘယ်အစွန်လူ လာရိုစီရဲ့ စာချုပ်ကလည်း ၆ လပဲ ကျန်တာကြောင့် သူ့အတွက် ကမ်းလှမ်းလာမှုတွေကိုပါ စဉ်းစားပေးဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ကုန္ခဲ့တဲ့ တစ္ႏွစ္ခြဲ ကာလဟာ နယ္သာလန္သား ခံစစ္မွဴး ဗန္ဒန္ဘယ္ရာအတြက္ အေတာ္ေလး ခက္ခဲခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ လီဗာပူးကို ေရာက္လာတဲ့ ဗန္ဒန္ဘယ္ရာဟာ ေမွ်ာ္လင့္သလို စြမ္းေဆာင္ႏုိင္ျခင္း မရွိဘဲ ရုန္းကန္ေနရတယ္။

အသက္ ၁၉ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ခံစစ္သမားဟာ ယူ-၂၃ အသင္းအတြက္ ကစားေပးေနျပပီး အကယ္ဒမီအဆင့္မွာ ၉ ပြဲထိ ကစားခြင့္ ရထားပါတယ္။ ဒါေပမယ့္လို႔ စီနီယာအသင္းမွာေတာ့ လူစားလဲျခင္း မခံရတဲ့ ပြဲစဥ္ တစ္ပြဲတည္းမွာ အရန္ခံုက ရွိေနခဲ့တာပါ။

ခံစစ္သမားက တိုးတက္ေနေပမယ့္ နယ္သာလန္ အဆင့္ျမင့္တန္းကေန ပရီးမီးယားလိဂ္မွာ ကစားခြင့္ရဖို႔က သိပ္ၾကီးတဲ့ ေျခလွမ္း ျဖစ္ေနခဲ့တယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္ အထင္ၾကီးေအာင္ လုပ္ျပဖို႔လည္း မစြမ္းႏုိင္ခဲ့တာေၾကာင့္ ဇန္နဝါရီမွာ အငွားျဖင့္ ယာယီ ထြက္ခြာဖြယ္ ရွိပါတယ္။

လီဗာပူးက ေန္ဒန္ဘယ္ရာကို အငွားခ်ဖို႔ ဂ်ာမနီ ဘြန္ဒက္လီဂါ-၂ မွ ကလပ္၊ ဘယ္ဂ်ီယံကလပ္နဲ႔ ဆြစ္စူပါလိဂ္မွ ကလပ္ေတြျဖင့္ စကားေျပာေနပါတယ္။ ထိုကလပ္ သံုးသင္းအျပင္ သူ႔ကို ေခၚယူဖို႔ ဘလက္ဘန္းကလည္း စိတ္ဝင္စားေနတာျဖစ္တယ္။

လီဗာပူးက ခံစစ္သမားအတြက္ ပြဲကစားခြင့္ေပးမယ့္ ကလပ္ကိုပဲ အငွားခ်ေပးလိုခ်ိန္မွာ ဘလက္ဘန္းရဲ႕ ကမ္းလွမ္းမႈက စိတ္ဝင္စားဖြယ္ျဖစ္ပါတယ္။ သူတို႔ဟာ ဒီရာသီ အီးလီးေယာ့ကို အငွားေခၚယူထားျပီး ပြဲကစားခြင့္ေတြ အေတာ္ေလး ေပးႏုိင္တယ္။ ခံစစ္ပိုင္း ျပႆနာေတြေၾကာင့္ ဇန္နဝါရီမွာ ဗဟိုခံစစ္သမား ေခၚယူေရးက ဘလက္ဘန္းရဲ႕ ဦးစားေပးေတြထဲက တစ္ခု ျဖစ္ပါတယယ္။

ဇန္နဝါရီမွာ လီဗာပူးအသင္း အငွားခ်ဖို႔ ၾကိဳးစားမွာက ဗန္ဒန္ဘယ္ရာတင္ မဟုတ္ဘဲ ခ်ာတန္အသင္းထံ မီလာနဲ႔ ဂ်ာရိုစ့္၊ လိုက္သန္ ကလာဆန္၊ ဂ်ိတ္ကိန္းတို႔ကိုလည္း ထြက္ခြာခြင့္ေတြ ေပးဦးမွာပါ။

လူငယ္ ၅ ဦးလံုးကို အငွားျဖင့္ပဲ ထြက္ခြင့္ေပးမယ္လို႔ ယံုၾကည္ရျပီး ဘယ္အစြန္လူ လာရိုစီရဲ႕ စာခ်ဳပ္ကလည္း ၆ လပဲ က်န္တာေၾကာင့္ သူ႔အတြက္ ကမ္းလွမ္းလာမႈေတြကိုပါ စဥ္းစားေပးဖြယ္ ရွိေနတာ ျဖစ္ပါတယ္။