မနေ့ညတုန်းက မာဆေးဆိုဒ်မှာ အပျော်တမ်းကလပ်ဖြစ်တဲ့ မရင်းနဲ့ စပါးအသင်းတို့ဟာ အက်ဖ်အေ တတိယအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အင်္ဂလန်အဆင့်နိမ့်တန်းမှာ ကျင်လယ်နေပြီး အပျော်တမ်း ကလပ်တစ်သင်းလည်းဖြစ်တဲ့ မရင်းအသင်းဟာ လီဗာပူးမြို့မှာ အခြေစိုက်တဲ့ ကလပ်တစ်သင်းဖြစ်တယ်။ ကလပ်ရဲ့ အသင်းသား အများအပြားက ရေပိုက်သမားတွေ၊ ကျောင်းဆရာတွေနဲ့ အားကစားဌာနတွေမှာ အလုပ်လုပ်ခြင်းနဲ့အတူ ဘောလုံးကို ပူးတွဲ ကစားနေကြသူတွေဖြစ်ပါတယ်။

ဒီပွဲရဲ့ ထူးခြားချက်ကတော့ မရင်းပရိသတ်တွေဟာ သူတို့အသင်းရဲ့ ပွဲကို အိမ်နောက် ဥယာဉ်ကနေကို ထိုင်ပြီး ကြည့်နိုင်တဲ့ အခြေအနေမျိုးပါ။ ၎င်းတို့ရဲ့ ကွင်းဟာ ပရိသတ် ၃၀၀၀ ကျော် ဝင်ဆံ့ပေမယ့် ထိုင်ကြည့်နိုင်တဲ့ ထိုင်ခုံအားဖြင့် ၄၀၀ ဝန်းကျင်ပဲ ရှိပါတယ်။

ကွင်းဘေးမှာ လာရောက် ကြည့်ရှုတဲ့ ပရိသတ် အနည်းငယ်လည်း ရှိခဲ့ပြီး ပရိသတ် တစ်ဦးကတော့ ယာဂင်ကလော့ပ်ရဲ့ ဆိုဒ်တူ စက္ကူဘုတ်ပြားကြီးနဲ့ လာရောက် အားပေးနေတာကလည်း ပွဲကြည့်သူတွေကို ပွဲကျစေခဲ့သေးတာ ဖြစ်ပါတယ်။

အဆိုပါပွဲကိုတော့ ပရိသတ်ပေါင်း ၃၀၆၉၇ က အွန်လိုင်းကနေ လက်မှတ်ဝယ်ပြီး ကြည့်ရှုခွင့်ကို ရယူကာ အားပေးခဲ့တယ်လို့ မရင်းဘက်က အတည်ပြုတယ်။ သူတို့အသင်းကို ထောက်ပံ့ပေးကြသူတိုင်းနဲ့ စပါးအသင်းကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကလပ်ရဲ့ တရားဝင် တွစ်တာအကောင့်ကနေ ကျေးဇူးတင်စကား ဆိုပါသေးတယ်။

ပွဲမတိုင်ခင်တုန်းကပဲ လီဗာပူးက အိမ်နီးနားချင်းကလပ်အတွက် စပါးပွဲမတိုင်ခင် လီဗာပူးကလပ်အသင်းကြီးရဲ့ လေ့ကျင့်မှုနဲ့ မှတ်တမ်းတွေကို ဝေမျှပေးခဲ့ပါသေးတယ်။ စပါးမန်နေဂျာ မော်ရင်ညိုက ဒေသတွင်း ကလပ်တွေဖြစ်လို့ အချင်းချင်း ကူညီပေးနေတာက သူ့အတွက် ပြဿနာမရှိပါဘူးလို့ ပွဲကြိုမှာ ထုတ်ပြောခဲ့သေးတာပါ။

စပါးအသင်းသား အများအပြားက ပွဲအပြီးမှာ သူတို့ကို ကောင်းမွန်စွာ ဧည့်ခံခဲ့တဲ့ မရင်းအသင်းကို ကျေးဇူးတင်ကြောင်းနဲ့ သူတို့ ယှဉ်ပြိုင်နေရတဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။

ZAWGYI

မေန႔ညတုန္းက မာေဆးဆိုဒ္မွာ အေပ်ာ္တမ္းကလပ္ျဖစ္တဲ့ မရင္းနဲ႔ စပါးအသင္းတို႔ဟာ အက္ဖ္ေအ တတိယအဆင့္ပြဲစဥ္ကို ယွဥ္ျပိဳင္ကစားခဲ့ပါတယ္။

အဂၤလန္အဆင့္နိမ့္တန္းမွာ က်င္လယ္ေနျပီး အေပ်ာ္တမ္း ကလပ္တစ္သင္းလည္းျဖစ္တဲ့ မရင္းအသင္းဟာ လီဗာပူးျမိဳ႔မွာ အေျခစိုက္တဲ့ ကလပ္တစ္သင္းျဖစ္တယ္။ ကလပ္ရဲ႕ အသင္းသား အမ်ားအျပားက ေရပိုက္သမားေတြ၊ ေက်ာင္းဆရာေတြနဲ႔ အားကစားဌာနေတြမွာ အလုပ္လုပ္ျခင္းနဲ႔အတူ ေဘာလံုးကို ပူးတြဲ ကစားေနၾကသူေတြျဖစ္ပါတယ္။

ဒီပြဲရဲ႕ ထူးျခားခ်က္ကေတာ့ မရင္းပရိသတ္ေတြဟာ သူတို႔အသင္းရဲ႕ ပြဲကို အိမ္ေနာက္ ဥယာဥ္ကေနကို ထိုင္ျပီး ၾကည့္ႏုိင္တဲ့ အေျခအေနမ်ိဳးပါ။ ၄င္းတို႔ရဲ႕ ကြင္းဟာ ပရိသတ္ ၃၀၀၀ ေက်ာ္ ဝင္ဆံ့ေပမယ့္ ထိုင္ၾကည့္ႏုိင္တဲ့ ထိုင္ခံုအားျဖင့္ ၄၀၀ ဝန္းက်င္ပဲ ရွိပါတယ္။

ကြင္းေဘးမွာ လာေရာက္ ၾကည့္ရႈတဲ့ ပရိသတ္ အနည္းငယ္လည္း ရွိခဲ့ျပီး ပရိသတ္ တစ္ဦးကေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ ဆိုဒ္တူ စကၠဴဘုတ္ျပားၾကီးနဲ႔ လာေရာက္ အားေပးေနတာကလည္း ပြဲၾကည့္သူေတြကို ပြဲက်ေစခဲ့ေသးတာ ျဖစ္ပါတယ္။

အဆိုပါပြဲကိုေတာ့ ပရိသတ္ေပါင္း ၃၀၆၉၇ က အြန္လိုင္းကေန လက္မွတ္ဝယ္ျပီး ၾကည့္ရႈခြင့္ကို ရယူကာ အားေပးခဲ့တယ္လို႔ မရင္းဘက္က အတည္ျပဳတယ္။ သူတို႔အသင္းကို ေထာက္ပံ့ေပးၾကသူတိုင္းနဲ႔ စပါးအသင္းကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ကလပ္ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေန ေက်းဇူးတင္စကား ဆိုပါေသးတယ္။

ပြဲမတိုင္ခင္တုန္းကပဲ လီဗာပူးက အိမ္နီးနားခ်င္းကလပ္အတြက္ စပါးပြဲမတိုင္ခင္ လီဗာပူးကလပ္အသင္းၾကီးရဲ႕ ေလ့က်င့္မႈနဲ႕ မွတ္တမ္းေတြကို ေဝမွ်ေပးခဲ့ပါေသးတယ္။ စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက ေဒသတြင္း ကလပ္ေတြျဖစ္လို႔ အခ်င္းခ်င္း ကူညီေပးေနတာက သူ႔အတြက္ ျပႆနာမရွိပါဘူးလို႔ ပြဲၾကိဳမွာ ထုတ္ေျပာခဲ့ေသးတာပါ။

စပါးအသင္းသား အမ်ားအျပားက ပြဲအျပီးမွာ သူတို႔ကို ေကာင္းမြန္စြာ ဧည့္ခံခဲ့တဲ့ မရင္းအသင္းကို ေက်းဇူးတင္ေၾကာင္းနဲ႔ သူတို႔ ယွဥ္ျပိဳင္ေနရတဲ့ အမွတ္ေပးလိဂ္ျပိဳင္ပြဲမွာ ကံေကာင္းပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါတယ္။