လီဗာပူး ဂန္တဝင်ကြီးဖြစ်တဲ့ ဂျွန်ဘမ်းက အသင်းဟောင်းဟာ ဇန်နဝါရီမှာ ကာလရှည်အတွက် ရည်ရွယ်တဲ့ ခေါ်ယူမှု မလုပ်ဘူးဆိုရင်လည်း ကာလတိုအဖြစ် ခေါ်ယူရာမှာ အဆင်ပြေမယ့် ကစားသမားတွေကို ရွေးထုတ်ပေးခဲ့မှုအား ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

Aissa Mandi – Real Betis

မန်ဒီဟာ လီဗာပူးက လိုဗရန်နေရာ အစားထိးဖို့ ခေါ်ယူမယ်ဆိုပြီး သတင်းကြီးတွေ ထွက်ထားခဲ့သူပါ။ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးက မနှစ်က ပွဲ ၃၀ လောက် ကစားခဲ့ရသလို ဒီရာသီမှာလည်း ၁၂ ပွဲ ကစားထားသူဖြစ်တယ်။ နွေမှာ စာချုပ်ကုန်မယ့် ကစားသမားက သက်တမ်းတိုးမှာ မဟုတ်ဘဲ ဘက်တစ်ကနေ ထွက်ခွာမှာဖြစ်ကာ သူ့ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၉ သန်းလောက် ပေးရနိုင်ပါတယ်။

Mateo Musacchio – AC Milan

၂၀၁၇ တုန်းက ဗီလာရီးရဲလ်ကနေ အေစီမီလန်ကို ပေါင် ၁၆ သန်းဖြင့် ပြောင်းခဲ့သူဖြစ်တယ်။ အသက် ၃၀ အရွယ် ခံစစ်မှူးက ဒီရာသီ အေစီမီလန်အတွက် ပွဲကစားခွင့်တွေ အခုထိ မရသေးပါဘူး။ မနှစ်ကရာသီ အစောပိုင်းမှာ အေစီမီလန်အတွက် အရေးကြီးခဲ့ပေမယ့် ခြေကျင်းဝတ် ဒစ်ရာ ခွဲစိတ်မှုအပြီးမှာ နေရာ ပြန်မရတော့သူ ဖြစ်ပါတယ်။ အမြင့်ဘောနဲ့ ပိုင်ဆိုင်မှုပိုင်းမှာ ဘောလုံးကစားပုံ ကောင်းမွန်တဲ့ သူကလည်း စာချုပ် ၆ လပဲ ကျန်တော့သူပါ။

Nikola Maksimovic – Napoli

နာပိုလီမှာ ပုံမှန်ပွဲကစားခွင့်တွေ မရဖြစ်နေသူဖြစ်တယ်။ ကမ္ဘာအကောင်းဆုံး ခံစစ်အတွဲတွေထဲက တစ်တွဲဖြစ်တဲ့ ကိုလီဘာလေနဲ့ မန်နိုလက်စ်တို့ရဲ့ နာပိုလီ ခံစစ်တန်းမှာ အခွင့်အရေးမရ ဖြစ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးက အရပ် ၆ ပေ ၃ လက်မ မြင့်မားပြီး သူ့ကို ခေါ်ယူလိုရင် ပေါင် ၆ သန်း ဝန်းကျင် ရှိပါတယ်။

Aleksandar Dragovic – Bayer Leverkusen

သူကလည်း လေဗာကူဆင်မှာ နေရာမရဖြစ်နေခဲ့သူပါ။ လက်စတာမန်နေဂျာ ကလက်ဒီပေါလ် လက်ထက်က မက်ဂွဲရာနဲ့ မော်ဂန် အတွဲကြောင့် အရန်ခုံမှာပဲ ထိုင်နေခဲ့ရရကာ ဘွန်ဒင်လီဂါကို ပြောင်းသွားခဲ့တယ်။ နွေမှာ စာချုပ်ကုန်မယ့် အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူက ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပါတယယ်။

Fabian Schar – Newcastle

နယူးကာဆယ် ခံစစ်မှူးက ဒီရာသီမှာ အမှတ်ပေးပွဲ ၁၀ ပွဲထိ ကစားထားသူပါ။ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး အင်္ဂလန်အဆင့်မြင့်တန်းလိဂ်မှာ ကစားနေတဲ့ အတွေ့အကြုံက ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် အကူအညီ ဖြစ်နိုင်ပါတယ်။

Marcelo – Lyon

ကစားသမားဘဝ ဥရောပ ထိပ်တန်းကလပ်တွေမှာ မကစားဖူးပေမယ့် ဘက်ဆစ်တက်၊ ပီအက်စ်ဗီလို အသင်းတွေမှာ ကစားခဲ့သလို ပရော်ဖက်ရှင်နယ် ပွဲပေါင်း ၅၀၀ ကျော် ကစားထားပါတယ်။ အသက် ၃၃ နှစ်အရွယ် ခံစစ်သမားက မန်စီးတီးကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အနိုင်ယူခဲ့တဲ့ လိုင်ယွန်အသင်းအတွက် အဓိကကျသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဂႏၱဝင္ၾကီးျဖစ္တဲ့ ဂၽြန္ဘမ္းက အသင္းေဟာင္းဟာ ဇန္နဝါရီမွာ ကာလရွည္အတြက္ ရည္ရြယ္တဲ့ ေခၚယူမႈ မလုပ္ဘူးဆိုရင္လည္း ကာလတိုအျဖစ္ ေခၚယူရာမွာ အဆင္ေျပမယ့္ ကစားသမားေတြကို ေရြးထုတ္ေပးခဲ့မႈအား ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

Aissa Mandi – Real Betis

မန္ဒီဟာ လီဗာပူးက လိုဗရန္ေနရာ အစားထိးဖို႔ ေခၚယူမယ္ဆိုျပီး သတင္းၾကီးေတြ ထြက္ထားခဲ့သူပါ။ အသက္ ၂၉ ႏွစ္အရြယ္ ခံစစ္မွဴးက မႏွစ္က ပြဲ ၃၀ ေလာက္ ကစားခဲ့ရသလို ဒီရာသီမွာလည္း ၁၂ ပြဲ ကစားထားသူျဖစ္တယ္။ ေႏြမွာ စာခ်ဳပ္ကုန္မယ့္ ကစားသမားက သက္တမ္းတိုးမွာ မဟုတ္ဘဲ ဘက္တစ္ကေန ထြက္ခြာမွာျဖစ္ကာ သူ႔ကို ေခၚယူမယ္ဆိုရင္ ေပါင္ ၉ သန္းေလာက္ ေပးရႏုိင္ပါတယ္။

Mateo Musacchio – AC Milan

၂၀၁၇ တုန္းက ဗီလာရီးရဲလ္ကေန ေအစီမီလန္ကို ေပါင္ ၁၆ သန္းျဖင့္ ေျပာင္းခဲ့သူျဖစ္တယ္။ အသက္ ၃၀ အရြယ္ ခံစစ္မွဴးက ဒီရာသီ ေအစီမီလန္အတြက္ ပြဲကစားခြင့္ေတြ အခုထိ မရေသးပါဘူး။ မႏွစ္ကရာသီ အေစာပိုင္းမွာ ေအစီမီလန္အတြက္ အေရးၾကီးခဲ့ေပမယ့္ ေျခက်င္းဝတ္ ဒစ္ရာ ခြဲစိတ္မႈအျပီးမွာ ေနရာ ျပန္မရေတာ့သူ ျဖစ္ပါတယ္။ အျမင့္ေဘာနဲ႔ ပိုင္ဆိုင္မႈပိုင္းမွာ ေဘာလံုးကစားပံု ေကာင္းမြန္တဲ့ သူကလည္း စာခ်ဳပ္ ၆ လပဲ က်န္ေတာ့သူပါ။

Nikola Maksimovic – Napoli

နာပိုလီမွာ ပံုမွန္ပြဲကစားခြင့္ေတြ မရျဖစ္ေနသူျဖစ္တယ္။ ကမၻာအေကာင္းဆံုး ခံစစ္အတြဲေတြထဲက တစ္တြဲျဖစ္တဲ့ ကိုလီဘာေလနဲ႔ မန္ႏိုလက္စ္တို႔ရဲ႕ နာပိုလီ ခံစစ္တန္းမွာ အခြင့္အေရးမရ ျဖစ္ေနတဲ့ အသက္ ၂၉ ႏွစ္အရြယ္ ခံစစ္မွဴးက အရပ္ ၆ ေပ ၃ လက္မ ျမင့္မားျပီး သူ႔ကို ေခၚယူလိုရင္ ေပါင္ ၆ သန္း ဝန္းက်င္ ရွိပါတယ္။

Aleksandar Dragovic – Bayer Leverkusen

သူကလည္း ေလဗာကူဆင္မွာ ေနရာမရျဖစ္ေနခဲ့သူပါ။ လက္စတာမန္ေနဂ်ာ ကလက္ဒီေပါလ္ လက္ထက္က မက္ဂြဲရာနဲ႔ ေမာ္ဂန္ အတြဲေၾကာင့္ အရန္ခံုမွာပဲ ထိုင္ေနခဲ့ရရကာ ဘြန္ဒင္လီဂါကို ေျပာင္းသြားခဲ့တယ္။ ေႏြမွာ စာခ်ဳပ္ကုန္မယ့္ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူက ပရီးမီးယားလိဂ္ အေတြ႔အၾကံဳ ရွိပါတယယ္။

Fabian Schar – Newcastle

နယူးကာဆယ္ ခံစစ္မွဴးက ဒီရာသီမွာ အမွတ္ေပးပြဲ ၁၀ ပြဲထိ ကစားထားသူပါ။ အသက္ ၂၉ ႏွစ္အရြယ္ျဖစ္ျပီး အဂၤလန္အဆင့္ျမင့္တန္းလိဂ္မွာ ကစားေနတဲ့ အေတြ႔အၾကံဳက ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ အကူအညီ ျဖစ္ႏုိင္ပါတယ္။

Marcelo – Lyon

ကစားသမားဘဝ ဥေရာပ ထိပ္တန္းကလပ္ေတြမွာ မကစားဖူးေပမယ့္ ဘက္ဆစ္တက္၊ ပီအက္စ္ဗီလို အသင္းေတြမွာ ကစားခဲ့သလို ပေရာ္ဖက္ရွင္နယ္ ပြဲေပါင္း ၅၀၀ ေက်ာ္ ကစားထားပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ခံစစ္သမားက မန္စီးတီးကို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ အႏုိင္ယူခဲ့တဲ့ လိုင္ယြန္အသင္းအတြက္ အဓိကက်သူ တစ္ဦးလည္း ျဖစ္ပါတယ္။