နာမည်ကျော် အားကစားသတင်းထောက် Fabrizio Romano က GiveMeSport သတင်းဌာနနဲ့ မိနစ် ၃၀ အင်တာဗျူးရှည် တစ်ခုကို ပြုလုပ်သွားခဲ့တဲ့ထဲက လီဗာပူးအသင်းနဲ့ ဆာလာ တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ စာချုပ်သစ် ကိစ္စတွေနဲ့ ပက်သက်လို့ ပြောဆိုမှုကို ဖော်ပြမှာ ဖြစ်ပါတယ်။

GiveMeSport (Q): လီဗာပူးနဲ့ ဆာလာက ဒီနွေမှာ အပြောင်းအရွှေ့အကြောင်း စဉ်းစားသွားနိုင်မယ့် အခွင့်အရေး ရှိနေသလား?

Fabrizio Romano (A): ဒီအခြေအနေမှာ ဆာလာက အပြောင်းအရွှေ့အတွက် စိတ်ဝင်စားလား? သေချာတာပေါ့ သူလည်း စိတ်ဝင်စားတာပေါ့။ ကျနေ်ာတို့က ကစားသမားတွေ စိတ်မဝင်စားဖို့ရာ ခက်ခဲတဲ့ ထိပ်တန်း ကစားသမားတစ်ယောက်အကြောင်းကို ပြောနေတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒီအခြေအနေမှာ ဆာလာရဲ့ အေးဂျင့်နဲ့ကော လီဗာပူးအသင်းနဲ့ပါ ကစားသမားရဲ့ အပြောင်းအရွှေ့ ကိစ္စကို ဆွေးနွေးလာတာ မရှိသေးပါဘူး။ ဆာလာနဲ့ ပက်သက်ပြီး ကလပ်တွေက ကမ်းလှမ်းလာမှုကို လီဗာပူးဘက်က လက်ခံရထားခြင်း မရှိပါဘူး။ ဒီတော့ လီဗာပူးဘက်ကလည်း အနည်းငယ် အံ့သြသင့်တာတွေ ရှိနေခဲ့တာပေါ့။

တစ်ချိန်မှာ စပိန်ကလပ်တွေအတွက် ကစားပေးလိုတယ်ဆိုတဲ့ ဆာလာရဲ့ ပြောဆိုမှုကို လီဗာပူးဘက်က ပုံမှန်လိုပဲ ခံစားရပါတယ်။ ဒီကလပ်တွေက ထိပ်တန်း အသင်းတွေဖြစ်သလို ဆာလာက ခြားနားတဲ့ လိဂ်မှာ ကစားလိုစိတ်လည်း ရှိပါလိမ့်မယ်။

ဆာလာရဲ့ အေးဂျင့်က လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကိစ္စကိုလည်း ဆွေးနွေးလိုနေပါတယ်။ သူတို့က လက်တလောမှာ ဆွေးနွေးနေခြင်း မရှိပါဘူး ဒါပေမယ့် လာမယ့်နှစ်မှာ သူတို့ စကားပြောဖို့ ရှိနေပါတယ်။ ဒီတော့ အနာဂတ်မှာ သိရမှာဖြစ်ပေမယ့် လက်တလောမှာ လီဗာပူးဘက်က ဆာလက်နဲ့ ပက်သက်ပြီး သွေးအေးနေဆဲ ဖြစ်ပါတယ်။

လီဗာပူးဘက်က ဆာလာနဲ့ ပက်သက်ပြီး ပျော်ရွှင်နေသလို သူတို့က အခြားသော ကစားသမားတွေဖြစ်တဲ့ ဖာဘင်ညို၊ ဗန်ဒိုက်တို့ရဲ့ စာချုပ်သစ်ကိစ္စအပေါ်မှာပဲ ပိုမို အာရုံစိုက်နေတယ်။ အဲ့ ကစားသမားတွေကို သက်တမ်းတိုးပြီးမှ ဆာလက် ကိစ္စကို သူတို့ အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။

ZAWGYI

နာမည္ေက်ာ္ အားကစားသတင္းေထာက္ Fabrizio Romano က GiveMeSport သတင္းဌာနနဲ႔ မိနစ္ ၃၀ အင္တာဗ်ဴးရွည္ တစ္ခုကို ျပဳလုပ္သြားခဲ့တဲ့ထဲက လီဗာပူးအသင္းနဲ႔ ဆာလာ တို႔ရဲ႕ အေျပာင္းအေရႊ႔ ကိစၥနဲ႔ စာခ်ဳပ္သစ္ ကိစၥေတြနဲ႔ ပက္သက္လို႔ ေျပာဆိုမႈကို ေဖာ္ျပမွာ ျဖစ္ပါတယ္။

GiveMeSport (Q): လီဗာပူးနဲ႔ ဆာလာက ဒီေႏြမွာ အေျပာင္းအေရႊ႔အေၾကာင္း စဥ္းစားသြားႏုိင္မယ့္ အခြင့္အေရး ရွိေနသလား?

Fabrizio Romano (A): ဒီအေျခအေနမွာ ဆာလာက အေျပာင္းအေရႊ႔အတြက္ စိတ္ဝင္စားလား? ေသခ်ာတာေပါ့ သူလည္း စိတ္ဝင္စားတာေပါ့။ က်ေန္ာတို႔က ကစားသမားေတြ စိတ္မဝင္စားဖို႔ရာ ခက္ခဲတဲ့ ထိပ္တန္း ကစားသမားတစ္ေယာက္အေၾကာင္းကို ေျပာေနတာျဖစ္ပါတယ္။

ဒါေပမယ့္လို႔ ဒီအေျခအေနမွာ ဆာလာရဲ႕ ေအးဂ်င့္နဲ႔ေကာ လီဗာပူးအသင္းနဲ႔ပါ ကစားသမားရဲ႕ အေျပာင္းအေရႊ႔ ကိစၥကို ေဆြးေႏြးလာတာ မရွိေသးပါဘူး။ ဆာလာနဲ႔ ပက္သက္ျပီး ကလပ္ေတြက ကမ္းလွမ္းလာမႈကို လီဗာပူးဘက္က လက္ခံရထားျခင္း မရွိပါဘူး။ ဒီေတာ့ လီဗာပူးဘက္ကလည္း အနည္းငယ္ အံ့ၾသသင့္တာေတြ ရွိေနခဲ့တာေပါ့။

တစ္ခ်ိန္မွာ စပိန္ကလပ္ေတြအတြက္ ကစားေပးလိုတယ္ဆိုတဲ့ ဆာလာရဲ႕ ေျပာဆိုမႈကို လီဗာပူးဘက္က ပံုမွန္လိုပဲ ခံစားရပါတယ္။ ဒီကလပ္ေတြက ထိပ္တန္း အသင္းေတြျဖစ္သလို ဆာလာက ျခားနားတဲ့ လိဂ္မွာ ကစားလိုစိတ္လည္း ရွိပါလိမ့္မယ္။

ဆာလာရဲ႕ ေအးဂ်င့္က လီဗာပူးအသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥကိုလည္း ေဆြးေႏြးလိုေနပါတယ္။ သူတို႔က လက္တေလာမွာ ေဆြးေႏြးေနျခင္း မရွိပါဘူး ဒါေပမယ့္ လာမယ့္ႏွစ္မွာ သူတို႔ စကားေျပာဖို႔ ရွိေနပါတယ္။ ဒီေတာ့ အနာဂတ္မွာ သိရမွာျဖစ္ေပမယ့္ လက္တေလာမွာ လီဗာပူးဘက္က ဆာလက္နဲ႔ ပက္သက္ျပီး ေသြးေအးေနဆဲ ျဖစ္ပါတယ္။

လီဗာပူးဘက္က ဆာလာနဲ႔ ပက္သက္ျပီး ေပ်ာ္ရႊင္ေနသလို သူတို႔က အျခားေသာ ကစားသမားေတြျဖစ္တဲ့ ဖာဘင္ညိဳ၊ ဗန္ဒိုက္တို႔ရဲ႕ စာခ်ဳပ္သစ္ကိစၥအေပၚမွာပဲ ပိုမို အာရံုစိုက္ေနတယ္။ အဲ့ ကစားသမားေတြကို သက္တမ္းတိုးျပီးမွ ဆာလက္ ကိစၥကို သူတို႔ အာရံုစိုက္သြားမွာ ျဖစ္ပါတယ္။