မန်စီးတီးအသင်းဟာ ကွန်ပနီလို ဝါရင့်ကစားသမားနေရာမှာ ပြန်လည်အစားထိုး ခေါ်ယူသွားဖို့အတွက် ပြင်ဆင်နေပြီး မန်ယူပစ်မှတ်တွေဖြစ်တဲ့ အေဂျက်မှ ဒီလစ်နဲ့ လက်စတာမှ မက်ဂွိုင်းယားတို့ကို စိတ်ဝင်စားလာပါတယ်။

မန်ယူဟာ ကလပ်အသင်းရဲ့ ခံစစ်ပိုင်း အခြေအနေဆိုးတွေကို ပြုပြင်မှုတွေလုပ်ဖို့အတွက် အေဂျက်အသင်းမှ ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်။ ဒါ့အပြင် မန်ယူရဲ့ ဦးစားပေး ပစ်မှတ်တွေထဲ မက်ဂွိုင်းယားကလည်း ထိပ်တန်းတစ်နေရာက ပါဝင်နေပါတယ်။

မန်စီးတီးအသင်းဟာ ကွန်ပနီကို အသင်းကနေ လက်မလွတ်ရခင် ဧပြီလလောက်ကတည်းက မက်ဂွိုင်းယားကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာပါ။ မက်ဂွိုင်ယားရဲ့ တန်ကြေးက အနည်းဆုံး ပေါင်သန်း၆၀လောက်ရှိလို့နေပြီး သူ့ကို အာဆင်နယ် ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကလည်း စောင့်ကြည့်လို့နေပါတယ်။

နောက်ထပ် ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီလစ်ကလည်း မန်စီးတီးအသင်းရဲ့ အလိုရှိနေတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ထက် ပရီးမီးယားလိဂ် အတွေ့အကြုံပိုများနေမယ့် မက်ဂွိုင်းယားကို ဦးစားပေးခေါ်ယူလိုနေပါတယ်။

မန်ယူဟာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ မနှစ်တုန်းက အသိအလင်း ကြိုးစားခဲ့သေးပေမယ့် ကစားသမားက လက်စတာနဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာပါ။ ဒီလစ်နဲ့ မက်ဂွိုင်းယား နှစ်ဦးအတွက် မန်စီးတီးဟာ မန်ယူနဲ့အပြိုင် ဈေးကွက်ထဲ ဝင်ရောက်လာဖို့ ရှိနေပါတယ်။