သတင်းထောက် Fabrizio Romano ဇန်နဝါရီ ဈေးကွက်မှာ လီဗာပူးက ပေါင် သန်း ၆၀ လောက် ပေးရမယ့် အူပါမီကာနိုကို မခေါ်ယူသေးပေမယ့် ခံစစ်မှူးသစ်တော့ အားဖြည့်နိုင်တယ်လို့ ဖွင့်ဟပါတယ်။

၂၀၂၀ အတွင်းမှာ လီဗာပူးအသင်းဟာ ယူနိုက်တက် အရံှူးပေါ်ခဲ့တာရဲ့ ထက်ဝက်လောက် နည်းပါးတဲ့ ပေါင် ၄၅ သန်းဝန်းကျင် အရံှူးပေါ်မယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက် ခြိမ်းခြောက်မှုနဲ့ သွင်းဂိုးတွေ ကျဆင်းနေပြီး ဒါဟာ ပိုင်ဆိုင်မှုမှာ ပုံစံမကျဖြစ်နေခြင်းကြောင့်ဖြစ်ကာ ဒီအပတ် ပွဲမကစားရချိန်မှာ အဆိုပါ အပိုင်းအတွက် ကလော့ပ်က ပြင်ဆင်လာလိမ့်မယ်လို့ ခန့်မှန်းခံနေရပါတယ်။

ဘရာဇီးဂိုးသမား အယ်လီဆန်ရဲ့ အေးဂျင့်က သူ့ရဲ့ ကစားသမားကို လီဗာပူးထံ မရောက်ခင် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ အတော်လေး ကြိုးစားပေးခဲ့ပြီး အောင်မြင်လု အနေအထားထိ ရောက်ခဲ့တယ်လို့ ဝန်ခံပါတယ်။

နာမည်ကျော် အားကစားသတင်းထောက် Fabrizio Romano က လီဗာပူးအသင်းနဲ့ ဆာလာ တို့ရဲ့ စာချုပ်သစ် ကိစ္စက သွေးအေးနေဆဲ ဖြစ်ပေမယ့် လာမယ့် ရာသီမှာ စာချုပ်သစ်ကိစ္စ စကားစပြောလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အမှတ်ပေးဇယား ထိပ်ဆုံး တစ်နေရာအတွက် ယှဉ်ပြိုင်ရမယ့် လီဗာပူးပွဲမှာ သူ့အသင်း အဓိက ကစားသမား ၃ ဦး ပြန်သက်သာလာမယ်လို့ ဘန်လေပွဲကြိုမှာ ပြောဆိုပါတယ်။

အင်္ဂလန်ကစားသမားဟောင်းနဲ့ မန်နေဂျာဟောင်းဖြစ်သလို လက်ရှိမှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ချာတန် ပါမယ်က လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ နှစ်လအတွင်း ဘောလုံးပြန်ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မနေ့ညတုန်းက မာဆေးဆိုဒ်မှာ အပျော်တမ်းကလပ်ဖြစ်တဲ့ မရင်းနဲ့ စပါးအသင်းတို့ဟာ အက်ဖ်အေ တတိယအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့စဉ် ပရိသတ် တစ်ဦးက ယာဂင်ကလော့ပ်ရဲ့ ဆိုဒ်တူ စက္ကူဘုတ်ပြားကြီးနဲ့ လာရောက် အားပေးနေတာက ပွဲကြည့်သူတွေကို ပွဲကျစေခဲ့သေးတာ ဖြစ်ပါတယ်။

လီဗာပူးက နေ်ဒန်ဘယ်ရာကို အငှားချဖို့ ဂျာမနီ ဘွန်ဒက်လီဂါ-၂ မှ ကလပ်၊ ဘယ်ဂျီယံကလပ်နဲ့ ဆွစ်စူပါလိဂ်မှ ကလပ်တွေဖြင့် စကားပြောနေပါတယ်။ ထိုကလပ် သုံးသင်းအပြင် သူ့ကို ခေါ်ယူဖို့ ဘလက်ဘန်းကလည်း စိတ်ဝင်စားနေပါတယ်။

ZAWGYI

သတင္းေထာက္ Fabrizio Romano ဇန္နဝါရီ ေစ်းကြက္မွာ လီဗာပူးက ေပါင္ သန္း ၆၀ ေလာက္ ေပးရမယ့္ အူပါမီကာႏိုကို မေခၚယူေသးေပမယ့္ ခံစစ္မွဴးသစ္ေတာ့ အားျဖည့္ႏုိင္တယ္လို႔ ဖြင့္ဟပါတယ္။

၂၀၂၀ အတြင္းမွာ လီဗာပူးအသင္းဟာ ယူႏုိက္တက္ အရံွဴးေပၚခဲ့တာရဲ႕ ထက္ဝက္ေလာက္ နည္းပါးတဲ့ ေပါင္ ၄၅ သန္းဝန္းက်င္ အရံွဴးေပၚမယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းဟာ ေနာက္ပိုင္းပြဲေတြမွာ ဂိုးေပါက္ ျခိမ္းေျခာက္မႈနဲ႔ သြင္းဂိုးေတြ က်ဆင္းေနျပီး ဒါဟာ ပိုင္ဆိုင္မႈမွာ ပံုစံမက်ျဖစ္ေနျခင္းေၾကာင့္ျဖစ္ကာ ဒီအပတ္ ပြဲမကစားရခ်ိန္မွာ အဆိုပါ အပိုင္းအတြက္ ကေလာ့ပ္က ျပင္ဆင္လာလိမ့္မယ္လို႔ ခန္႔မွန္းခံေနရပါတယ္။

ဘရာဇီးဂိုးသမား အယ္လီဆန္ရဲ႕ ေအးဂ်င့္က သူ႔ရဲ႕ ကစားသမားကို လီဗာပူးထံ မေရာက္ခင္ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းဖို႔ အေတာ္ေလး ၾကိဳးစားေပးခဲ့ျပီး ေအာင္ျမင္လု အေနအထားထိ ေရာက္ခဲ့တယ္လို႔ ဝန္ခံပါတယ္။

နာမည္ေက်ာ္ အားကစားသတင္းေထာက္ Fabrizio Romano က လီဗာပူးအသင္းနဲ႔ ဆာလာ တို႔ရဲ႕ စာခ်ဳပ္သစ္ ကိစၥက ေသြးေအးေနဆဲ ျဖစ္ေပမယ့္ လာမယ့္ ရာသီမွာ စာခ်ဳပ္သစ္ကိစၥ စကားစေျပာလိမ့္မယ္လို႔ ထုတ္ေျပာလာပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက အမွတ္ေပးဇယား ထိပ္ဆံုး တစ္ေနရာအတြက္ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးပြဲမွာ သူ႔အသင္း အဓိက ကစားသမား ၃ ဦး ျပန္သက္သာလာမယ္လို႔ ဘန္ေလပြဲၾကိဳမွာ ေျပာဆိုပါတယ္။

အဂၤလန္ကစားသမားေဟာင္းနဲ႔ မန္ေနဂ်ာေဟာင္းျဖစ္သလို လက္ရွိမွာ အားကစားသံုးသပ္သူအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ ခ်ာတန္ ပါမယ္က လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ႏွစ္လအတြင္း ေဘာလံုးျပန္ကစားႏုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

မေန႔ညတုန္းက မာေဆးဆိုဒ္မွာ အေပ်ာ္တမ္းကလပ္ျဖစ္တဲ့ မရင္းနဲ႔ စပါးအသင္းတို႔ဟာ အက္ဖ္ေအ တတိယအဆင့္ပြဲစဥ္ကို ယွဥ္ျပိဳင္ကစားခဲ့စဥ္ ပရိသတ္ တစ္ဦးက ယာဂင္ကေလာ့ပ္ရဲ႕ ဆိုဒ္တူ စကၠဴဘုတ္ျပားၾကီးနဲ႔ လာေရာက္ အားေပးေနတာက ပြဲၾကည့္သူေတြကို ပြဲက်ေစခဲ့ေသးတာ ျဖစ္ပါတယ္။

လီဗာပူးက ေန္ဒန္ဘယ္ရာကို အငွားခ်ဖို႔ ဂ်ာမနီ ဘြန္ဒက္လီဂါ-၂ မွ ကလပ္၊ ဘယ္ဂ်ီယံကလပ္နဲ႔ ဆြစ္စူပါလိဂ္မွ ကလပ္ေတြျဖင့္ စကားေျပာေနပါတယ္။ ထိုကလပ္ သံုးသင္းအျပင္ သူ႔ကို ေခၚယူဖို႔ ဘလက္ဘန္းကလည္း စိတ္ဝင္စားေနပါတယ္။