ကမ္ဘာအကောင်းဆုံး နံပါတ် ၉ တိုက်စစ်သမားဆိုရင် လက်ရှိ ဘောလုံးလောကမှာ လီဝမ်ဒေါစကီး ဖြစ်မယ်ဆိုတာ ဘယ်သူကမှ ငြင်းမှာ မဟုတ်ပါဘူး။

ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဥရောပ ဘောလုံးလောကမှာ စင်တင်ပေးလာခဲ့သူက ယာဂင်ကလော့ပ် ဖြစ်ပါတယ်။ ကလော့ပ်နဲ့ လီဝမ်ဒေါစကီးတို့ဟာ ဒေါ့မွန်မှာ စတင်လက်တွဲခဲ့ကြတာပါ။ ဒီတော့ ဂျာမာန်သားကြီး ကလော့ပ်အပေါ် သူ့ရဲ့ ကစားသမားဟောင်း လီဝမ်ဒေါစကီးက ဘယ်လို မြင်သလဲကို လေ့လာကြည့်ကြပါဦး။

လီဝမ်ဒေါစကီးက ” ဒေါ့မွန်ကစားသမားဘဝ ဒုတိယဘောလုံးရာသီမှာ ရာသီစတဲ့ချိန်ထိ ကျနော်က ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ယာဂင်က ကျနော်ထံက တစ်ခုခု လိုချင်နေတယ်ဆိုတာ ခံစားရတယ် ဒါပေမယ့် ဘာလိုချင်နေလဲဆိုတာ မသိဘူး။ ” ဆိုပြီး ပြောပြတယ်။

” ချန်ပီယံလိဂ်မှာ မာဆေးကို ၃-၀ နဲ့လို့ ထင်ပါတယ်။ ဆိုးဆိုးရွားရွား အရေးနိမ့်အပြီးမှာ ကျနော် သူ့ကို သွားတွေ့ခဲ့တယ်။ ‘ယာဂင် လုပ်စမ်းပါ။ ကျနေ်ာတို့ စကားပြောရအောင်။ ကျနော်ထံက ဘာကိုလိုချင်နေတာလဲ ပြောစမ်းပါ’ ဆိုပြီး မေးခဲ့ရတာပေါ့။

သူပြောခဲ့တာတွေကို အတိအကျတော့ မမှတ်မိတော့ဘူး။ ကျနော်ရဲ့ ဂျာမာန် စကားပြောကလည်း သိပ်မကောင်းဘူး။ ဒါပေမယ့် စကားအနည်းငယ် ပြောခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ် ပုံစံတွေအရ ကျနေ်ာတို့ အချင်းချင်း နားလည်သွားခဲ့တယ်။ ကျနေ်ာတို့ အကောင်းဆုံး စကားပြောခဲ့ကြတယ်။ အဲ့တာက စိတ်ပိုင်းဆိုင်ရာ ကိစ္စပါ။ ကျနော်ရဲ့ အဖေနဲ့ လုပ်နေကျ ပုံစံပါပဲ။

အဲ့တုန်းကတော့ ကျနော်လည်း မသိခဲ့ဘူးပေါ့။ အခုတော့ ယာဂင်နဲ့ ကျနော် စကားပြောခဲ့ရတာက ကျနော်အဖေနဲ့ အမြဲတမ်း လုပ်ခဲ့ရသလိုပဲဆိုတာကို သတိပြုမိခဲ့တယ် (လီဝမ်ဒေါစကီးရဲ့ ဖခင်က ဆယ်ကျော်သက်မှာတင် ကွယ်လွန်ခဲ့)။ အဲ့တာမျိုးက နှစ်တွေ အကြာကြီးမှာ ပြန်မရနိုင်တော့ပါဘူး။

ယာဂင်က ဖခင်တစ်ယောက်နဲ့ပဲ တူတာ မဟုတ်ပါဘူး။ သူက ခပ်ဆိုးဆိုး ဆရာ တစ်ယောက်လိုပါပဲ။ ကျနော် ရှင်းပြပါမယ်။ ကျောင်းတုန်းက အခြေအနေတွေ ပြန်စဉ်းစားတဲ့အခါ ဘယ်ဆရာမျိုးကို မှတ်မိကြလဲ? မင်းဘဝကို လွယ်ကူစေပြီး မင်းထံက ဘာကိုမှ မမျှော်လင့်တဲ့ ဆရာမျိုးတွေကိုတော့ မှတ်မိကြမယ် မထင်ပါဘူး။

လူတိုင်းက ခပ်ဆိုးဆိုး ဆရာတွေကို မှတ်မိကြပါတယ်။ ကိုယ်ကို ဖိအားတွေပေးပြီး အကောင်းဆုံးတွေရအောင် ထုတ်ယူတတ်တဲ့ ဆရာတွေကိုပေါ့။ ကိုယ်ကို ပိုကောင်းစေတဲ့ ဆရာမျိုးကိုပေါ့။ ယာဂင်က အဲ့လို မန်နေဂျာဖြစ်ပါတယ်။

သူက ကိုယ်ကို ဘီအဆင့် ကျောင်းသားမဖြစ်စေလိုဘူး။ ယာဂင်က အမြဲတမ်း အေ အဆင့် ကျောင်းသားပဲ ဖြစ်စေလိုတယ်။ အဲ့တာက သူ့အတွက် မဟုတ်ပါဘူး။ ကစားသမားတွေအတွက် သူလိုချင်တာပါ ” လို့ ဖွင့်ဟသွားတာ ဖြစ်ပါတယ်။

ZAWGYI

ကမၻာအေကာင္းဆံုး နံပါတ္ ၉ တိုက္စစ္သမားဆိုရင္ လက္ရွိ ေဘာလံုးေလာကမွာ လီဝမ္ေဒါစကီး ျဖစ္မယ္ဆိုတာ ဘယ္သူကမွ ျငင္းမွာ မဟုတ္ပါဘူး။

ဘိုင္ယန္တိုက္စစ္မွဴး လီဝမ္ေဒါစကီးကို ဥေရာပ ေဘာလံုးေလာကမွာ စင္တင္ေပးလာခဲ့သူက ယာဂင္ကေလာ့ပ္ ျဖစ္ပါတယ္။ ကေလာ့ပ္နဲ႔ လီဝမ္ေဒါစကီးတို႔ဟာ ေဒါ့မြန္မွာ စတင္လက္တြဲခဲ့ၾကတာပါ။ ဒီေတာ့ ဂ်ာမာန္သားၾကီး ကေလာ့ပ္အေပၚ သူ႔ရဲ႕ ကစားသမားေဟာင္း လီဝမ္ေဒါစကီးက ဘယ္လို ျမင္သလဲကို ေလ့လာၾကည့္ၾကပါဦး။

လီဝမ္ေဒါစကီးက ” ေဒါ့မြန္ကစားသမားဘဝ ဒုတိယေဘာလံုးရာသီမွာ ရာသီစတဲ့ခ်ိန္ထိ က်ေနာ္က ရုန္းကန္ေနရဆဲျဖစ္ပါတယ္။ ယာဂင္က က်ေနာ္ထံက တစ္ခုခု လိုခ်င္ေနတယ္ဆိုတာ ခံစားရတယ္ ဒါေပမယ့္ ဘာလိုခ်င္ေနလဲဆိုတာ မသိဘူး။ ” ဆိုျပီး ေျပာျပတယ္။

” ခ်န္ပီယံလိဂ္မွာ မာေဆးကို ၃-၀ နဲ႔လို႔ ထင္ပါတယ္။ ဆိုးဆိုးရြားရြား အေရးနိမ့္အျပီးမွာ က်ေနာ္ သူ႔ကို သြားေတြ႔ခဲ့တယ္။ ‘ယာဂင္ လုပ္စမ္းပါ။ က်ေန္ာတို႔ စကားေျပာရေအာင္။ က်ေနာ္ထံက ဘာကိုလိုခ်င္ေနတာလဲ ေျပာစမ္းပါ’ ဆိုျပီး ေမးခဲ့ရတာေပါ့။

သူေျပာခဲ့တာေတြကို အတိအက်ေတာ့ မမွတ္မိေတာ့ဘူး။ က်ေနာ္ရဲ႕ ဂ်ာမာန္ စကားေျပာကလည္း သိပ္မေကာင္းဘူး။ ဒါေပမယ့္ စကားအနည္းငယ္ ေျပာခဲ့ျပီး သူ႔ရဲ႕ ခႏၶာကိုယ္ ပံုစံေတြအရ က်ေန္ာတို႔ အခ်င္းခ်င္း နားလည္သြားခဲ့တယ္။ က်ေန္ာတို႔ အေကာင္းဆံုး စကားေျပာခဲ့ၾကတယ္။ အဲ့တာက စိတ္ပိုင္းဆိုင္ရာ ကိစၥပါ။ က်ေနာ္ရဲ႕ အေဖနဲ႔ လုပ္ေနက် ပံုစံပါပဲ။

အဲ့တုန္းကေတာ့ က်ေနာ္လည္း မသိခဲ့ဘူးေပါ့။ အခုေတာ့ ယာဂင္နဲ႔ က်ေနာ္ စကားေျပာခဲ့ရတာက က်ေနာ္အေဖနဲ႔ အျမဲတမ္း လုပ္ခဲ့ရသလိုပဲဆိုတာကို သတိျပဳမိခဲ့တယ္ (လီဝမ္ေဒါစကီးရဲ႕ ဖခင္က ဆယ္ေက်ာ္သက္မွာတင္ ကြယ္လြန္ခဲ့)။ အဲ့တာမ်ိဳးက ႏွစ္ေတြ အၾကာၾကီးမွာ ျပန္မရႏုိင္ေတာ့ပါဘူး။

ယာဂင္က ဖခင္တစ္ေယာက္နဲ႔ပဲ တူတာ မဟုတ္ပါဘူး။ သူက ခပ္ဆိုးဆိုး ဆရာ တစ္ေယာက္လိုပါပဲ။ က်ေနာ္ ရွင္းျပပါမယ္။ ေက်ာင္းတုန္းက အေျခအေနေတြ ျပန္စဥ္းစားတဲ့အခါ ဘယ္ဆရာမ်ိဳးကို မွတ္မိၾကလဲ? မင္းဘဝကို လြယ္ကူေစျပီး မင္းထံက ဘာကိုမွ မေမွ်ာ္လင့္တဲ့ ဆရာမ်ိဳးေတြကိုေတာ့ မွတ္မိၾကမယ္ မထင္ပါဘူး။

လူတိုင္းက ခပ္ဆိုးဆိုး ဆရာေတြကို မွတ္မိၾကပါတယ္။ ကိုယ္ကို ဖိအားေတြေပးျပီး အေကာင္းဆံုးေတြရေအာင္ ထုတ္ယူတတ္တဲ့ ဆရာေတြကိုေပါ့။ ကိုယ္ကို ပိုေကာင္းေစတဲ့ ဆရာမ်ိဳးကိုေပါ့။ ယာဂင္က အဲ့လို မန္ေနဂ်ာျဖစ္ပါတယ္။

သူက ကိုယ္ကို ဘီအဆင့္ ေက်ာင္းသားမျဖစ္ေစလိုဘူး။ ယာဂင္က အျမဲတမ္း ေအ အဆင့္ ေက်ာင္းသားပဲ ျဖစ္ေစလိုတယ္။ အဲ့တာက သူ႔အတြက္ မဟုတ္ပါဘူး။ ကစားသမားေတြအတြက္ သူလိုခ်င္တာပါ ” လို႔ ဖြင့္ဟသြားတာ ျဖစ္ပါတယ္။