ဘိုင်ယန်မြူးနစ်အသင်းမှ တောင်ပံတိုက်စစ်သမား ဂနာဘီက အသင်းဖော် ဂျမယ် မူဆီယာလာဟာ ထူးချွန်တဲ့ အရည်အချင်းရှိကာ ဂျာမနီလိဂ်မှာ တောက်ပလာမယ့်သူလို့ ချီးကျူးပါတယ်။

လီဗာပူးက မူဆီယာလာကို အတော်လေး စိတ်ဝင်စားနေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စာချုပ်ကုန်မယ့် ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ။ ဘိုင်ယန်ဘက်ကတော့ သူတို့ရဲ့ လူငယ်လေးကို လက်မလွတ်ရဖို့ အတော်လေး ကြိုးစားမယ့် အနေအထားဖြစ်တယ်။ လာမယ့်လမှာ အသက် ၁၈ နှစ်ပြည့်မယ့် ကစားသမားကို တစ်ပတ် ပေါင် ၁ သိန်းထိပေးပြီး စာချုပ်သစ်ချုပ်မယ်လို့တောင် သတင်းကြီးနေပါတယ်။

ဂနာဘီက “ မူဆီယာလာလို ကစားသမားကို အသင်းကနေ ထွက်ခွင့်ပေးဖို့ ဘာအကြောင်းမှ မရှိပါဘူး။ သူက သိပ် သိပ်ကို ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ နှစ်ကြိမ်လောက် တွေ့ပြီးတည်းကိုက သူက သိပ်ကို ထူးချွန်တဲ့ ကစားသမားဆိုတာကို ကျနေ်ာတို့ သိခဲ့ပါတယ်။

သူ့ရဲ့ အရည်အချင်းက သိပ်ကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ သူက ရှက်ရွဲ့နေမှုလည်း မရှိဘူး။ အခွင့်အရေးတွေကို သူ့လက်နဲ့ ပိုင်ပိုင်နိုင်နိုင် ရယူပြီး ဆက်လက် တိုးတက်လာဖို့ ကျနော် မျှော်လင့်ထားပါတယ်။ အင်္ဂလန်ထက်စာရင် ဂျာမာန်မှာပဲ သူဆက်ကစားဖို့ ကျနေ်ာ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်ရဲ့ သိပ်ကို ထူးချွန်သူလို့ နာမည်ကြီးလာတဲ့ မူဆီယာလာဟာ ဒီရာသီ ဘွန်ဒက်လီဂါပွဲ ၁၁ ပွဲ ကစားထားကာ ကိုယ်တိုင် ၃ ဂိုး သွင်းယူထားသူဖြစ်တယယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကင်းထောက် စောင့်ကြည့်မှုတွေ လုပ်ခိုင်းထားကြောင်းလည်း သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္ျမဴးနစ္အသင္းမွ ေတာင္ပံတိုက္စစ္သမား ဂနာဘီက အသင္းေဖာ္ ဂ်မယ္ မူဆီယာလာဟာ ထူးခၽြန္တဲ့ အရည္အခ်င္းရွိကာ ဂ်ာမနီလိဂ္မွာ ေတာက္ပလာမယ့္သူလို႔ ခ်ီးက်ဴးပါတယ္။

လီဗာပူးက မူဆီယာလာကို အေတာ္ေလး စိတ္ဝင္စားေနတာျဖစ္ျပီး ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္ကုန္မယ့္ ကစားသမားရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတာပါ။ ဘိုင္ယန္ဘက္ကေတာ့ သူတို႔ရဲ႕ လူငယ္ေလးကို လက္မလြတ္ရဖို႔ အေတာ္ေလး ၾကိဳးစားမယ့္ အေနအထားျဖစ္တယ္။ လာမယ့္လမွာ အသက္ ၁၈ ႏွစ္ျပည့္မယ့္ ကစားသမားကို တစ္ပတ္ ေပါင္ ၁ သိန္းထိေပးျပီး စာခ်ဳပ္သစ္ခ်ဳပ္မယ္လို႔ေတာင္ သတင္းၾကီးေနပါတယ္။

ဂနာဘီက “ မူဆီယာလာလို ကစားသမားကို အသင္းကေန ထြက္ခြင့္ေပးဖို႔ ဘာအေၾကာင္းမွ မရွိပါဘူး။ သူက သိပ္ သိပ္ကို ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။ ေလ့က်င့္ေရးမွာ ႏွစ္ၾကိမ္ေလာက္ ေတြ႔ျပီးတည္းကိုက သူက သိပ္ကို ထူးခၽြန္တဲ့ ကစားသမားဆိုတာကို က်ေန္ာတို႔ သိခဲ့ပါတယ္။

သူ႔ရဲ႕ အရည္အခ်င္းက သိပ္ကို အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ သူက ရွက္ရြဲ႔ေနမႈလည္း မရွိဘူး။ အခြင့္အေရးေတြကို သူ႔လက္နဲ႔ ပိုင္ပိုင္ႏုိင္ႏုိင္ ရယူျပီး ဆက္လက္ တိုးတက္လာဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္။ အဂၤလန္ထက္စာရင္ ဂ်ာမာန္မွာပဲ သူဆက္ကစားဖို႔ က်ေန္ာ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဘိုင္ယန္ရဲ႕ သိပ္ကို ထူးခၽြန္သူလို႔ နာမည္ၾကီးလာတဲ့ မူဆီယာလာဟာ ဒီရာသီ ဘြန္ဒက္လီဂါပြဲ ၁၁ ပြဲ ကစားထားကာ ကိုယ္တိုင္ ၃ ဂိုး သြင္းယူထားသူျဖစ္တယယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကင္းေထာက္ ေစာင့္ၾကည့္မႈေတြ လုပ္ခိုင္းထားေၾကာင္းလည္း သိထားရတာ ျဖစ္ပါတယ္။