အခုချိန်မှာ ဒီယေဂို ဂျိုတာအပေါ် လီဗာပူးဘက်က ဘယ်လောက်တောင် လွမ်းဆွတ်နေရလဲဆိုတာကို ကျနေ်ာတို့ အားလုံး သိကြပါတယ်။

ဘောလုံးရာသီ အစတုန်းကတော့ ဒီအပြောင်းအရွှေ့က ဘယ်လိုကနေ ဘယ်လို စတင်တယ် မသိပါဘဲ စတင်လာခဲ့တာပါ။ မိုက်ကယ် အတ်ဝပ်နဲ့ သူ့ရဲ့ ဝန်းထမ်းတွေက အပြောင်းအရွှေ့အတွက် ဒီလိုပဲ စီမံခန့်ခွဲလာခဲ့ကြတာဖြစ်တယ်။

ဂျိုတာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်လာတဲ့နောက်မှာ ကျနော် အပါအဝင် အခြားသော ပရိသတ်တွေက ရောထွေးနေတဲ့ ခံစားချက်တွေ ရှိခဲ့ကြတယ်။ စိတ်လှုပ်ရှားသလို ‘သူက ရာသီနောက်ပိုင်းမှာ ဝုဗ်အတွက် ကစားခွင့်တောင် မရဘူးနော်’ ဆိုတဲ့ သံသယတွေကောပေါ့။ အခြားကိစ္စတွေထက် တိုက်စစ်မှာ ကစားသမားသစ် ခေါ်ယူနိုင်တာအတွက် အားလုံး ပျော်ခဲ့ကြပါတယ်။ ဒါပေမယ့်လို့ တစ်ချိန်တည်းမှာ သံသယ ဝင်မှုတွေကလည်း သိပ်ရှိခဲ့တာပေါ့။

‘ ဂျိုတာက အရန်အနေနဲ့ပဲ ခေါ်တာပါကွာ.. သူက အရန်ပဲ မဟုတ်လား?’

‘ ဂျိုတာကို ခေါ်လိုက်တာ ဖာမင်နိုနေရာ အစားထိုးဖို့ ကြိုတင် ရည်ရွယ်ခြင်းလား?’

‘ ဂျိုတာကို လက်မှတ်ထိုးလိုက်တာက အံ့အားသင့်စရာပဲ။ ဖီဖာ ပြိုင်ပွဲမှာ ဂျိုတာကို အရေးနိမ့်ခဲ့တာအတွက် ထရန့်က သူ့ကို ကျေနပ်နေမှာ မဟုတ်ဘူး?’

ဝေဖန်သံတွေကြားကနေ ဂျိုတာက အမြင့်ဆုံးကို ပျံသန်းပြခဲ့တယ်။ သူက ဒီရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးအတွက် ၁၂ ဂိုး သွင်းပေးထားသလို အတ္တလန်တာနဲ့ပွဲမှာ သွင်းယူပေးခဲ့တဲ့ hat trick သွင်းဂိုးလည်း ပါဝင်ခဲ့ပါတယ်။ ခြားနားတဲ့ နည်းလမ်းပေါင်း များစွာနဲ့ အသင်းကို အကျိုးဖြစ်ခဲ့တယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ မစ်ဂျီရန်ကို ရင်ဆိုင်ရာမှာ ဒဏ်ရာရသွားကတည်းက လီဗာပူးဟာ ပွဲထွက် ၁၁ ဦးစာရင်းကို အလှည့်ကျ ထုတ်သုံးဖို့ ရုန်းကန်ရတော့တာပါပဲ။ အရန်ခုံမှာ ရှိနေတဲ့ အိုရီဂီနဲ့ မီနာမီနိုတို့ဟာ လီဗာပူး လိုအပ်တဲ့ အရည်အချင်းကို ပြည့်မှီအောင် ဖြည့်စည်းပေးဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။

လီဗာပူးတိုက်စစ်မှာ အဓိက တိုက်စစ်သမား သုံးယောက်ဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ တွဲဘက်ကစားတာကို မြင်နေရတာက ကျနေ်ာတို့အတွက် ကံကောင်းခြင်းပါပဲ။ ဆာလာဟာ ပြိုင်ဘက် ခံစစ်ကို ချိုးဖောက်မှုတွေ လုပ်ပေးနေတယ်။ ဒါပေမယ့်လို့ သူတို့ရဲ့ ကောင်းမွန်ခဲ့မှုတွေက ဒီရာသီမှာ ကျနေ်ာတို့ရဲ့ အကောင်းဆုံး တိုက်စစ်သမားတွေ ခြေစွမ်းကျဆင်းနေတာကို မမြင်ရလောက်အောင်လည်း မဟုတ်ပါဘူး။

သူတို့က ပြိုင်ဘက်တွေကို ဖျက်ဆီးနိုင်နေဆဲပါ။ သူတို့ရဲ့ စွမ်းဆောင်ရည်က မြင့်မားနေဆဲပါ။ သုံးပွဲလောက်မှာ တစ်ဂိုး မသွင်းနိုင်ဘူးဆိုရင်တော့ ‘တိုက်စစ်သမားကို အနားပေးဖို့ လိုတယ်’ ဆိုတဲ့ အတွေးအစား ကျနော်လို ‘ဒီကောင်က မက်ဒရစ်ကိုပဲ စိတ်ရောက်နေတာလေ’ ဆိုပြီး တွေးနေမိရင်တော့ ဘော်ဒါရေ ကျနေ်ာတို့တွေ ေ-ာက်ရေးမပါတာတွေ တွေးနေမိပြီကွ။

ရှင်းရှင်းလင်းလင်း လုပ်ရအောင်ပါ။ ရုန်းကန်ရမှုတွေ ရှိနေရင်တောင် ကျနေ်ာတို့ရဲ့ တိုက်စစ်သမား သုံးဦးက ခမ်းနား ကြီးကျယ်နေဆဲပါ။ သူတို့က ခြားနားတဲ့ နည်းလမ်းတွေနဲ့အတူ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်နေဆဲဖြစ်ပါတယ်။

ဒီရာသီက အခြားရာသီတွေနဲ့ မတူတာကိုတော့ အားလုံးလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။ လက်ရှိ ကျနေ်ာတို့ရဲ့ တိုက်စစ်သမား သုံးဦးထဲက နှစ်ဦးလောက်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ဆိုရင် သင့်လျော်တဲ့သူကို တွေးမိထားကြရဲ့လား?

ဟုတ်ပါတယ်။ အဖြေကတော့ ကျနေ်ာတို့ တွေ့ထားပါတယ်။ သူကတော့ ဂျိုတာပဲ ဖြစ်ပါလိမ့်မယ်။

ဂျိုတာက လီဗာပူး ကစားတဲ့ စနစ်မှာ သွင်းဂိုး ပုံမှန် ရယူနိုင်သူဆိုတာ ပြသထားတယ်။ တိုက်စစ်ပိုင်း နေရာာ အားလုံးမှာလည်း ကစားနိုင်တယ်။ ဘောလုံးဉာဏ်ရည် ကောင်းမွန်ကြောင်းကလည်း ခပ်မြန်မြန် အချိန်အတွင်း လီဗာပူးမှာ အသားကျလာမှုတွေက ပြောပြနေတယ်။

တိုက်စစ်ကို လေးယောက်ထိ ထားကစားတာကလည်း ကျနေ်ာတို့ကို စိတ်လှုပ်ရှားစေတယ်။ မန်စီးတီးကို အဝေးကွင်းမှာ သွားကစားရတဲ့ပွဲမှာ တိုက်စစ်လေးဦး ထားကစားခဲ့တာက အားလုံးကို မျက်လုံးပွင့်စေခဲ့တယ်။

လီဗာပူးကို ရောက်လာတည်းက ဂျိုတာဟာ ခြားနားတဲ့ နည်းလမ်းတွေနဲ့အတူ အသင်းကို အကျိုးပြုထားပါတယ်။ တိုက်စစ် သုံးယောက်ထဲကို ပါဝင်လာနိုင်သူဖြစ်သလို ကာလရှည် မမြင်ရတဲ့ အရန်ခုံကနေ ထလာပြိး တစ်ခုခု ထူးချွန်တာတွေကို လုပ်ပြနိုင်မယ့်သူဆိုတာကို ပရိသတ်တွေကို ယုံကြည်စေတယ်။ အဲ့တာမျိုး မမြင်ရတာက သိပ်ကြာခဲ့ပြီ မဟုတ်လား။

ဒဏ်ရာရသွားတာက ဆိုးတာပါပဲ။ ဒီရာသီက တစ်ဝက်တောင် မကျိုးသေးပေမယ့် ကျနေ်ာတို့အသင်း ကံအတော်ဆိုးတာကိုလည်း ဝန်ခံရမယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ဂျိုတာ ပြန်သက်သာတာကို မြင်လာရတော့မှာပါ။ လက်တလော ကာလ ရလဒ်တွေကို ကြည့်မယ်ဆိုရင် လီဗာပူးက အနိုင်ရဖို့ ခက်ခဲနေတယ်။ ဘရိုက်တန်၊ ဖူလ်ဟမ်၊ ဝက်စ်ဘရွန်း၊ နယူးကာဆယ်၊ ဆောက်သမ်တန်ပွဲတွေမှာ ၄ မှတ်ပဲရတာကလည်း ဒါကို သက်သေပြနေတယ်။

လောလောဆယ်တော့ ဇန်နဝါရီ အကုန်မှာ ဂျိုတာ ပြန်ကစားနိုင်မယ်လို့ ကြားထားတယ်။ အဲ့ရက်စွဲအရ ပွဲကြပ်တွေမှာ သူပြန်လာမှာဖြစ်တယ်။ ဖေဖော်ဝါရီမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲတွေ အမီပေါ့။ ဂျိုတာ ပြန်လာမှာက အသင်းအတွက် ခြားနားတဲ့ အကြောင်းရင်းတွေနဲ့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အဲ့အတွက်လည်း မေးခွန်းတွေက ထွက်လာဦးမှာပါပဲ။

‘ဒဏ်ရာမရသေးခင်ကလို ကစားသမား ဖြစ်နေဦးမလား?’

ဆိုတဲ့ အမေးက ထိပ်ဆုံးက ရှိနေလိမ့်မယ်။ ကျနေ်ာတို့ ပရိသတ် အားလုံးက ဂျိုတာ ပြန်လာမှာကို နှစ်သက်ကြသလို သူ့ကိုလည်း အလိုရှိနေပါတယ်။ အကယ်လို့ ဂျိုတာ ပြန်လာမယ့် နေ့ကျရင် ‘ဒီ-အိုင်-အို-ဂျီ-အို’ ဆိုတဲ့ အမည်နာမကို တစ်နေကုန်တောင် ကျနော် သီဆိုပေးနိုင်ပါတယ်။

နာမည်ကျော် လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ The Anfield Wrap မှ ဆောင်းပါးရှင် Aaron Daniels ရဲ့ ‘Diogo Jota: Liverpool’s Missing Link?’ အမည်ရ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။

ရေးသားသူ – ဟန်သာ

ZAWGYI

အခုခ်ိန္မွာ ဒီေယဂို ဂ်ိဳတာအေပၚ လီဗာပူးဘက္က ဘယ္ေလာက္ေတာင္ လြမ္းဆြတ္ေနရလဲဆိုတာကို က်ေန္ာတို႔ အားလံုး သိၾကပါတယ္။

ေဘာလံုးရာသီ အစတုန္းကေတာ့ ဒီအေျပာင္းအေရႊ႔က ဘယ္လိုကေန ဘယ္လို စတင္တယ္ မသိပါဘဲ စတင္လာခဲ့တာပါ။ မိုက္ကယ္ အတ္ဝပ္နဲ႔ သူ႔ရဲ႕ ဝန္းထမ္းေတြက အေျပာင္းအေရႊ႔အတြက္ ဒီလိုပဲ စီမံခန္႔ခြဲလာခဲ့ၾကတာျဖစ္တယ္။

ဂ်ိဳတာနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္လာတဲ့ေနာက္မွာ က်ေနာ္ အပါအဝင္ အျခားေသာ ပရိသတ္ေတြက ေရာေထြးေနတဲ့ ခံစားခ်က္ေတြ ရွိခဲ့ၾကတယ္။ စိတ္လႈပ္ရွားသလို ‘သူက ရာသီေနာက္ပိုင္းမွာ ဝုဗ္အတြက္ ကစားခြင့္ေတာင္ မရဘူးေနာ္’ ဆိုတဲ့ သံသယေတြေကာေပါ့။ အျခားကိစၥေတြထက္ တိုက္စစ္မွာ ကစားသမားသစ္ ေခၚယူႏုိင္တာအတြက္ အားလံုး ေပ်ာ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လို႔ တစ္ခ်ိန္တည္းမွာ သံသယ ဝင္မႈေတြကလည္း သိပ္ရွိခဲ့တာေပါ့။

‘ ဂ်ိဳတာက အရန္အေနနဲ႔ပဲ ေခၚတာပါကြာ.. သူက အရန္ပဲ မဟုတ္လား?’

‘ ဂ်ိဳတာကို ေခၚလိုက္တာ ဖာမင္ႏိုေနရာ အစားထိုးဖို႔ ၾကိဳတင္ ရည္ရြယ္ျခင္းလား?’

‘ ဂ်ိဳတာကို လက္မွတ္ထိုးလိုက္တာက အံ့အားသင့္စရာပဲ။ ဖီဖာ ျပိဳင္ပြဲမွာ ဂ်ိဳတာကို အေရးနိမ့္ခဲ့တာအတြက္ ထရန္႔က သူ႔ကို ေက်နပ္ေနမွာ မဟုတ္ဘူး?’

ေဝဖန္သံေတြၾကားကေန ဂ်ိဳတာက အျမင့္ဆံုးကို ပ်ံသန္းျပခဲ့တယ္။ သူက ဒီရာသီ ျပိဳင္ပြဲစံုမွာ လီဗာပူးအတြက္ ၁၂ ဂိုး သြင္းေပးထားသလို အတၱလန္တာနဲ႔ပြဲမွာ သြင္းယူေပးခဲ့တဲ့ hat trick သြင္းဂိုးလည္း ပါဝင္ခဲ့ပါတယ္။ ျခားနားတဲ့ နည္းလမ္းေပါင္း မ်ားစြာနဲ႔ အသင္းကို အက်ိဳးျဖစ္ခဲ့တယ္။

ဒီဇင္ဘာလ ၉ ရက္ေန႔ မစ္ဂ်ီရန္ကို ရင္ဆိုင္ရာမွာ ဒဏ္ရာရသြားကတည္းက လီဗာပူးဟာ ပြဲထြက္ ၁၁ ဦးစာရင္းကို အလွည့္က် ထုတ္သံုးဖို႔ ရုန္းကန္ရေတာ့တာပါပဲ။ အရန္ခံုမွာ ရွိေနတဲ့ အိုရီဂီနဲ႔ မီနာမီႏိုတို႔ဟာ လီဗာပူး လိုအပ္တဲ့ အရည္အခ်င္းကို ျပည့္မွီေအာင္ ျဖည့္စည္းေပးဖို႔ မစြမ္းေဆာင္ႏုိင္ခဲ့ဘူး။

လီဗာပူးတိုက္စစ္မွာ အဓိက တိုက္စစ္သမား သံုးေယာက္ျဖစ္တဲ့ ဆာလာ၊ မာေနး၊ ဖာမင္ႏိုတို႔ တြဲဘက္ကစားတာကို ျမင္ေနရတာက က်ေန္ာတို႔အတြက္ ကံေကာင္းျခင္းပါပဲ။ ဆာလာဟာ ျပိဳင္ဘက္ ခံစစ္ကို ခ်ိဳးေဖာက္မႈေတြ လုပ္ေပးေနတယ္။ ဒါေပမယ့္လို႔ သူတို႔ရဲ႕ ေကာင္းမြန္ခဲ့မႈေတြက ဒီရာသီမွာ က်ေန္ာတို႔ရဲ႕ အေကာင္းဆံုး တိုက္စစ္သမားေတြ ေျခစြမ္းက်ဆင္းေနတာကို မျမင္ရေလာက္ေအာင္လည္း မဟုတ္ပါဘူး။

သူတို႔က ျပိဳင္ဘက္ေတြကို ဖ်က္ဆီးႏုိင္ေနဆဲပါ။ သူတို႔ရဲ႕ စြမ္းေဆာင္ရည္က ျမင့္မားေနဆဲပါ။ သံုးပြဲေလာက္မွာ တစ္ဂိုး မသြင္းႏုိင္ဘူးဆိုရင္ေတာ့ ‘တိုက္စစ္သမားကို အနားေပးဖို႔ လိုတယ္’ ဆိုတဲ့ အေတြးအစား က်ေနာ္လို ‘ဒီေကာင္က မက္ဒရစ္ကိုပဲ စိတ္ေရာက္ေနတာေလ’ ဆိုျပီး ေတြးေနမိရင္ေတာ့ ေဘာ္ဒါေရ က်ေန္ာတို႔ေတြ ေ-ာက္ေရးမပါတာေတြ ေတြးေနမိျပီကြ။

ရွင္းရွင္းလင္းလင္း လုပ္ရေအာင္ပါ။ ရုန္းကန္ရမႈေတြ ရွိေနရင္ေတာင္ က်ေန္ာတို႔ရဲ႕ တိုက္စစ္သမား သံုးဦးက ခမ္းနား ၾကီးက်ယ္ေနဆဲပါ။ သူတို႔က ျခားနားတဲ့ နည္းလမ္းေတြနဲ႔အတူ အေရးပါတဲ့ သြင္းဂိုးေတြကို သြင္းယူႏုိင္ေနဆဲျဖစ္ပါတယ္။

ဒီရာသီက အျခားရာသီေတြနဲ႔ မတူတာကိုေတာ့ အားလံုးလည္း သိထားျပီး ျဖစ္ပါလိမ့္မယ္။ လက္ရွိ က်ေန္ာတို႔ရဲ႕ တိုက္စစ္သမား သံုးဦးထဲက ႏွစ္ဦးေလာက္ရဲ႕ ေနရာမွာ ေရရွည္ အစားထိုးဖို႔ဆိုရင္ သင့္ေလ်ာ္တဲ့သူကို ေတြးမိထားၾကရဲ႕လား?

ဟုတ္ပါတယ္။ အေျဖကေတာ့ က်ေန္ာတို႔ ေတြ႔ထားပါတယ္။ သူကေတာ့ ဂ်ိဳတာပဲ ျဖစ္ပါလိမ့္မယ္။

ဂ်ိဳတာက လီဗာပူး ကစားတဲ့ စနစ္မွာ သြင္းဂိုး ပံုမွန္ ရယူႏုိင္သူဆိုတာ ျပသထားတယ္။ တိုက္စစ္ပိုင္း ေနရာာ အားလံုးမွာလည္း ကစားႏုိင္တယ္။ ေဘာလံုးဥာဏ္ရည္ ေကာင္းမြန္ေၾကာင္းကလည္း ခပ္ျမန္ျမန္ အခ်ိန္အတြင္း လီဗာပူးမွာ အသားက်လာမႈေတြက ေျပာျပေနတယ္။

တိုက္စစ္ကို ေလးေယာက္ထိ ထားကစားတာကလည္း က်ေန္ာတို႔ကို စိတ္လႈပ္ရွားေစတယ္။ မန္စီးတီးကို အေဝးကြင္းမွာ သြားကစားရတဲ့ပြဲမွာ တိုက္စစ္ေလးဦး ထားကစားခဲ့တာက အားလံုးကို မ်က္လံုးပြင့္ေစခဲ့တယ္။

လီဗာပူးကို ေရာက္လာတည္းက ဂ်ိဳတာဟာ ျခားနားတဲ့ နည္းလမ္းေတြနဲ႔အတူ အသင္းကို အက်ိဳးျပဳထားပါတယ္။ တိုက္စစ္ သံုးေယာက္ထဲကို ပါဝင္လာႏုိင္သူျဖစ္သလို ကာလရွည္ မျမင္ရတဲ့ အရန္ခံုကေန ထလာျပိး တစ္ခုခု ထူးခၽြန္တာေတြကို လုပ္ျပႏုိင္မယ့္သူဆိုတာကို ပရိသတ္ေတြကို ယံုၾကည္ေစတယ္။ အဲ့တာမ်ိဳး မျမင္ရတာက သိပ္ၾကာခဲ့ျပီ မဟုတ္လား။

ဒဏ္ရာရသြားတာက ဆိုးတာပါပဲ။ ဒီရာသီက တစ္ဝက္ေတာင္ မက်ိဳးေသးေပမယ့္ က်ေန္ာတုိ႔အသင္း ကံအေတာ္ဆိုးတာကိုလည္း ဝန္ခံရမယ္။ ဘာပဲျဖစ္ျဖစ္ မၾကာခင္မွာ ဂ်ိဳတာ ျပန္သက္သာတာကို ျမင္လာရေတာ့မွာပါ။ လက္တေလာ ကာလ ရလဒ္ေတြကို ၾကည့္မယ္ဆိုရင္ လီဗာပူးက အႏုိင္ရဖို႔ ခက္ခဲေနတယ္။ ဘရိုက္တန္၊ ဖူလ္ဟမ္၊ ဝက္စ္ဘရြန္း၊ နယူးကာဆယ္၊ ေဆာက္သမ္တန္ပြဲေတြမွာ ၄ မွတ္ပဲရတာကလည္း ဒါကို သက္ေသျပေနတယ္။

ေလာေလာဆယ္ေတာ့ ဇန္နဝါရီ အကုန္မွာ ဂ်ိဳတာ ျပန္ကစားႏုိင္မယ္လို႔ ၾကားထားတယ္။ အဲ့ရက္စြဲအရ ပြဲၾကပ္ေတြမွာ သူျပန္လာမွာျဖစ္တယ္။ ေဖေဖာ္ဝါရီမွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲေတြ အမီေပါ့။ ဂ်ိဳတာ ျပန္လာမွာက အသင္းအတြက္ ျခားနားတဲ့ အေၾကာင္းရင္းေတြနဲ႔ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ အဲ့အတြက္လည္း ေမးခြန္းေတြက ထြက္လာဦးမွာပါပဲ။

‘ဒဏ္ရာမရေသးခင္ကလို ကစားသမား ျဖစ္ေနဦးမလား?’

ဆိုတဲ့ အေမးက ထိပ္ဆံုးက ရွိေနလိမ့္မယ္။ က်ေန္ာတို႔ ပရိသတ္ အားလံုးက ဂ်ိဳတာ ျပန္လာမွာကို ႏွစ္သက္ၾကသလို သူ႔ကိုလည္း အလိုရွိေနပါတယ္။ အကယ္လို႔ ဂ်ိဳတာ ျပန္လာမယ့္ ေန႔က်ရင္ ‘ဒီ-အိုင္-အို-ဂ်ီ-အို’ ဆိုတဲ့ အမည္နာမကို တစ္ေနကုန္ေတာင္ က်ေနာ္ သီဆိုေပးႏုိင္ပါတယ္။

နာမည္ေက်ာ္ လီဗာပူးဖန္းဆိုဒ္ျဖစ္တဲ့ The Anfield Wrap မွ ေဆာင္းပါးရွင္ Aaron Daniels ရဲ႕ ‘Diogo Jota: Liverpool’s Missing Link?’ အမည္ရ ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျပန္ဆိုပါသည္။

ေရးသားသူ – ဟန္သာ