ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ယူနိုက်တက်ပွဲ မတိုင်ခင် အဝါကဒ် ပြသခံရပါက အင်္ဂလန်ဒါဘီကို လွဲချော်မှာ ဖြစ်ပါတယ်။

ဆိုးရှားကတော့ နောက်ထပ် တစ်ဝါရမယ်ဆိုရင် အဝါကဒ် ၅ ကဒ်ပြည့်သွားမယ့် ခံစစ်မှူး မက်ဂွဲရားကို ဘန်လေပွဲမှာ အနားပေမှာ မဟုတ်ဘဲ ပွဲထွက်စေမယ်လို့ ထုတ်ပြောခဲ့တယ်။ အကယ်လို့ ဘန်လေပွဲမှာ အဝါကဒ်ရပါက မက်ဂွဲရားက လီဗာပူးနဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ဆိုးရှားက ‘ မက်ဂွဲရားကို ပွဲထုတ်မှာပါ။ အဲ့တာက သိပ်သေချာပါတယ်။ ကိုယ်ကစားနေတဲ့ ပွဲမှာ အနိုင်သုံးမှတ် ရယူနိုင်ဖို့ကိုပဲ စဉ်းစားလို့ရတာဖြစ်ပါတယ်။ အဲ့လို မဟုတ်ဘဲ အခြားသော ပွဲတွေအတွက် မျက်လုံး ဖွင့်ထားတာမျိုး မလုပ်နိုင်ပါဘူး ’ လို့ ထုတ်ပြောခဲ့တယ်။

ယူနိုက်တက် တိုက်စစ်သမားဖြစ်တဲ့ ကာဗာနီကတော့ လီဗာပူးနဲ့ပွဲမှာ ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်လာမှာဖြစ်ကာ ဘောလုံး ပြန်ကစားလာနိုင်မယ်လို့ သိရတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲပဲ ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ကာ လူစားဝင် ကစားမှုတွေအပါဆိုရင် ၉ ပွဲ ကစားထားတာဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားက သူ့ရဲ့ အသင်းသားတွေဖြစ်တဲ့ လုရှော၊ လင်ဒီအော့နဲ့ ပေါ့ဘာတို့ အခြေအနေ ကောင်းနေဖို့ မျှော်လင့်နေပါသေးတယ်။ ဘန်လေနဲ့ပွဲမှာ သူတို့ သုံးဦးနဲ့ ဘိုင်လေတို့ ပပါဖို့ မသေချာပေမယ့် လီဗာပူးနဲ့ပွဲမှာတော့ လေးဦးလုံး ပါဝင်ကစားသွားနိုင်ဖို့လည်း ယူနိုက်တက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် အင်္ဂလန်ဒါဘီလို့ ခေါ်ဆိုကြတဲ့ လီဗာပူးနဲ့ ယူနိုက်တက်ပွဲဟာ ထိပ်ဆုံး တစ်နေရာအတွက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ ဖြစ်လာမယ်။ နှစ်သင်း ရေစက်က ဆက်ရန် ရှိဦးမှာဖြစ်ပြီး အန်ဖီးကွင်းက ပွဲအပြီး တစ်ပတ်အကြာ အိုထရတ်ဖိုဒ့်မှာ နှစ်သင်းက အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲ ကစားရဖို့ ရှိနေပါတယ်။

ZAWGYI

ယူႏုိက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲ မတိုင္ခင္ အဝါကဒ္ ျပသခံရပါက အဂၤလန္ဒါဘီကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ဆိုးရွားကေတာ့ ေနာက္ထပ္ တစ္ဝါရမယ္ဆိုရင္ အဝါကဒ္ ၅ ကဒ္ျပည့္သြားမယ့္ ခံစစ္မွဴး မက္ဂြဲရားကို ဘန္ေလပြဲမွာ အနားေပမွာ မဟုတ္ဘဲ ပြဲထြက္ေစမယ္လို႔ ထုတ္ေျပာခဲ့တယ္။ အကယ္လို႔ ဘန္ေလပြဲမွာ အဝါကဒ္ရပါက မက္ဂြဲရားက လီဗာပူးနဲ႔ပြဲကို လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။

ဆိုးရွားက ‘ မက္ဂြဲရားကို ပြဲထုတ္မွာပါ။ အဲ့တာက သိပ္ေသခ်ာပါတယ္။ ကိုယ္ကစားေနတဲ့ ပြဲမွာ အႏုိင္သံုးမွတ္ ရယူႏုိင္ဖို႔ကိုပဲ စဥ္းစားလို႔ရတာျဖစ္ပါတယ္။ အဲ့လို မဟုတ္ဘဲ အျခားေသာ ပြဲေတြအတြက္ မ်က္လံုး ဖြင့္ထားတာမ်ိဳး မလုပ္ႏုိင္ပါဘူး ’ လို႔ ထုတ္ေျပာခဲ့တယ္။

ယူႏုိက္တက္ တိုက္စစ္သမားျဖစ္တဲ့ ကာဗာနီကေတာ့ လီဗာပူးနဲ႔ပြဲမွာ ပြဲပယ္ ျပစ္ဒဏ္ကေန လြတ္ေျမာက္လာမွာျဖစ္ကာ ေဘာလံုး ျပန္ကစားလာႏုိင္မယ္လို႔ သိရတယ္။ သူဟာ ပရီးမီးယားလိဂ္မွာ ၂ ပြဲပဲ ပြဲထြက္လူစာရင္းက ပါဝင္ခဲ့ကာ လူစားဝင္ ကစားမႈေတြအပါဆိုရင္ ၉ ပြဲ ကစားထားတာျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးရွားက သူ႔ရဲ႕ အသင္းသားေတြျဖစ္တဲ့ လုေရွာ၊ လင္ဒီေအာ့နဲ႔ ေပါ့ဘာတို႔ အေျခအေန ေကာင္းေနဖို႔ ေမွ်ာ္လင့္ေနပါေသးတယ္။ ဘန္ေလနဲ႔ပြဲမွာ သူတို႔ သံုးဦးနဲ႔ ဘိုင္ေလတို႔ ပပါဖို႔ မေသခ်ာေပမယ့္ လီဗာပူးနဲ႔ပြဲမွာေတာ့ ေလးဦးလံုး ပါဝင္ကစားသြားႏုိင္ဖို႔လည္း ယူႏုိက္တက္က ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ရမယ့္ အဂၤလန္ဒါဘီလို႔ ေခၚဆိုၾကတဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲဟာ ထိပ္ဆံုး တစ္ေနရာအတြက္ ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ပြဲ ျဖစ္လာမယ္။ ႏွစ္သင္း ေရစက္က ဆက္ရန္ ရွိဦးမွာျဖစ္ျပီး အန္ဖီးကြင္းက ပြဲအျပီး တစ္ပတ္အၾကာ အိုထရတ္ဖိုဒ့္မွာ ႏွစ္သင္းက အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲ ကစားရဖို႔ ရွိေနပါတယ္။