မန်ယူအသင်းခေါင်းဆောင်ဟောင်းကြီး ရိုင်ကိန်းဟာဆိုရင် သူ့ခေတ်အခါတုန်းက အသင်းကွင်းလယ်ူကနေ ပြိုင်ဘက်ကစားသမားတွေကို ဒေါတတကြီး လွှမ်းမိုးကစားမှု၊ အသင်းအတွက် ပေးဆပ်လိုစိတ် ကြီးမားမှုတွေကြောင့် ထင်ရှားပါတယ်။

မန်ယူနဲ့ပက်သက်လာရင် ကဲကဲဆတ်ကို အထိမခံတဲ့ ရိုင်ကိန်းဟာ ဒီရက်ထဲမှာ ရပ်ဖို့နဲ့ လင်ဂတ်ကို ဒီလစ်နဲ့ နှိုင်းယှဉ်ခြင်းဆိုတဲ့ စကားတစ်ခွန်း ထွက်လာပါတယ်။

ရိုင်ကိန်းက ” ခင်ဗျားတို့ ဒီလစ်ကိုကြည့်လိုက်၊ အသက် 19 နှစ်နဲ့ အေဂျက်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေပေမယ့် လုပ်ခခံစားခွင့် နည်းနည်းပဲရတယ်။

အဲ့သည်အချိန်မှာ ရပ်ဖိုဒ့်က တစ်ရာသီ သွင်းဂိုး 10 ဂိုးလောက်သွင်းနေပြီး ပွဲကြည့်စဉ် ဟိုးအနောက်နားက ဝီးချဲနဲ့ထိုင်နေတဲ့ မသန်မစွမ်း ပရိသတ်တွေကို သူ့ရဲ့ ဖရီးကစ်နဲ့ ထိအောင် ကန်နိုင်ရုံလောက်နဲ့ လုပ်ခ ပေါင် တစ်သိန်းလောက် ပေးထားရတယ်။ လင်ဂတ်ကလည်း အင်စတာဂရမ်မှာ အလှပပြနေဖို့ကို တစ်ပတ်ကို ပေါင် တစ်သိန်းနှစ်သောင်းလောက် ယူထားတယ် ” လို့ ဆိုကြောင်း ဖော်ပြနေကြတာပါ။

တကယ်တမ်းတော့ ဒီစကားကို ရိုင်ကိန်းပြောခဲ့တာ မဟုတ်ပဲ မန်ယူကစားသမားတွေရဲ့ အသင်းအပေါ် ပေးဆပ်မှုကို စိတ်ပျက်သူတစ်ဦးဦးက ဖော်ပြခြင်းကနေ ပေါ်ထွက်လာခဲ့တာပါ။ မန်ယူပရိသတ်တွေကတော့ ဒီစကားဟာ အသင်းပရိသတ်တွေရဲ့ ရင်ဘတ်ထဲက စကားလုံးတွေကို ဖော်ပြမှုဖြစ်တယ်လို့ အသိအမှတ်ပြုနေကြပါတယ်။